Thursday, November 11, 2010

Hibernate Enable/Disable ?

ကျွန်တော်ဒီနေ့ Window 7 မှာ Hibernate function လေးကို Enable ထည့်သွင်းပေးတဲ့ နည်းလေးကို နည်းနည်းတင်ပြလိုပါတယ်။ Hibernate အကြောင်းကိုလည်း ရှေ့ပိုင်းတွေမှာ ကျွန်တော်သိသလောက် နားလည်သလို ရှင်းပြခဲ့ဖူးပါတယ်။ Hibernate က တကယ်တော့ Power save လုပ်တဲ့ Function လေးပါဘဲ။ Laptop သမားတွေအတွက် ပိုပြီး အသုံးလိုတဲ့ function လေးတစ်ခုပါဘဲ။ တချို့စက်တွေမှာ ကျတော့ Window တင်ပြီးတာနဲ့ Hibernate တခါတည်း မြင်ရပါတယ်။ ကျွန်တော့်စက်ဆိုရင် မမြင်ရပါဘူး။ Disable ဖြစ်နေလို့ပါ။ ဒါကြောင့် ကျွန်တော်လည်း သူများစက်တွေလို Hibernate လေးပါချင်တာနဲ့ လုပ်လို့ရမယ့် နည်းလေးတွေ့လို့ လုပ်ချင်တဲ့သူငယ်ချင်းများ အတွက် ဝေမျှပေးလိုက်ပါတယ်။
လုပ်နည်း
1. Start Menu ကနေ မှ Powercfg.cpl လို့ ရိုက်လိုက်ပါ။ (သို့မဟုတ်) Control Pannel >> Power option ကို ၀င်လိုက်ပါ။ Power Option ပိုင်းကို ရောက်သွားပါလိမ့်မယ်။
2. Set a Power Plan ကနေ Change Plan Setting ကို ၀င်လိုက်ပါ။

3. Change Advanced Power Settings ကို ၀င်လိုက်ပါ။

4. Advanced Seting အပိုင်းကို ရောက်သွား ပါလိမ့်မယ်။

5. Advanced Setting ရောက်တာနဲ့ အောက်မှာ ပြထားတဲ့ ဇယားကွက်ထဲက အတိုင်း Advanced Setting ထဲမှာ လိုက်ပြင်ပေးလိုက်ပါ။


6. ပြီးရင်တော့ Apply , OK ပေါ့။ ဒါဆိုရင် Start Menu မှာHibernate လေးပေါ်လာပါပြီ။

Hibernate ရှိပြီးသား သူများအတွက် Hibernate ကို မကြိုက်ခဲ့ရင် Disable ပေးတဲ့ နည်းလေးပါ တခါတည်း ဖော်ပြပေးလိုက်ပါတယ်။
လုပ်နည်း
1. (WinKey+R)Run ကနေ Cmd လို့ ရိုက်ပြီး Command Prompt ကိုဝင်လိုက်ပါ။
2. Cmd ထဲမှာ Powercfg –h off ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်ပါ။ အောက်မှာ ပုံလေးနဲ့လည်း ပြပေးထားပါတယ်။


တကယ်လို့ သူငယ်ချင်းတို့က အပေါ်ကအတိုင်း Setting မှာ Hibernate ကို Enable ဖြစ်အောင် လုပ်ခဲ့ပြီးမှ မကြိုက်တော့လို့ off ပေးချင်ရင်လည်း ဒီနည်းအတိုင်းပေးလို့ ရပါတယ်။ ဒါပေမယ့် Hibernate ကို Setting ကနေ ၀င်ပြီး Enable မပေးရသေးဘဲနဲ့တော့ Cmd ကနေ၀င်ပြီး On ပေးလို့မရပါဘူး။ ဒီလောက်ဆို အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes