Tuesday, November 9, 2010

မိုးယံလ နဲ့ ဆရာ့ရင်ခွင်



မိုးယံလ နဲ့ဆရာ့ရင်ခွင်


ဒဏ်ရာတွေ သူ့မှာခပေမယ့်

စန္ဒာအဆွေ သူ့ရွာလှစေသို့

ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်

သြော်…. ရှုကာဆပေတော့ ဆရာ့သွင်ပြင်….

မျက်နှာပန်းမှာလ

ခတ်ကြမ်းကာ မာပုံထင်လည်း

ရင်ခွင်ကို လှစ်ကာ ကြည့်လျှင်ဖြင့်

အစဉ်ချို မေတ္တာ အပြည့်ပါကွယ်

သိကြစေချင်…


မလိမ္မာကဲကာ မိုက်တာကြောင့်

ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်

အသဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်

အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း…..


လမင်းဆိုတာ…

လဆင်းဘယ်လိုဖြာလည်း (ပ၀င်းဘယ်လိုသာလည်း)

တစ်လမှာ နှစ်ခါမပြည့်ပါဘူး

အမိအဘနှယ် နောင်အရှည်မြင်၍

တပည့်လှဖွယ် အရောင်တွေထင်သည့်

ဆရာ့ရင်ခွင် မေတ္တာလရယ်က

ဘ၀မြင်အောင် သစ္စာပြလို့ရယ်က

(မင်းတို့အပေါ်မှာလေ)

မိုးလထက်လင်း။ (ဥတ္တရ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes