Tuesday, November 30, 2010

ဒီဇင်ဘာ ဒဏ်ရာ


ဒီဇင်ဘာ ဒဏ်ရာ

ချစ်သူရေ…
မင်းကို ပြန်လည်တမ်းတ
လွမ်းဆွတ်ရတဲ့ အရသာက
ပူလောင်တယ်ဆိုတာ
သိစေချင်လိုက်တာ…..။

အကွေ့ အကောက်တွေနဲ့ 
ကြမ်းတမ်းလှတဲ့ ငါဘ၀ထဲမှာ
မင်းက တခဏပဲ နားခိုသွားတယ်နော်…..။
ငါကတော့ တစ်ဘ၀စာ မှတ်လို့…
”နင်ဟာ လမ်းပြကြယ်…
နင်ဟာ ငါ့ရဲ့ နတ်သမီး…” ဆိုပြီး
လေးဖြူရဲ့ သီချင်းကို ဆိုပြမိခဲ့ …။

အခုတော့…
မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့
၂၀၁၀ ဒီဇင်ဘာရဲ့ ဒီ ပထမ ညချမ်းမှာ
ငါ… ငိုကြွေးနေရပြီ….။
ဒီလိုနဲ့ ပဲ..
မျိုးကြီးဆိုထားတဲ့ သီချင်းကို
ငါ ပြန်တွေးမိတယ်…။
”အချိန်မီသာ ပြင်ဆင်ခွင့် ” …တဲ့ ။
အချိန်တွေ နောက်ပြန်လှည့်လို့ 
မင်းနဲ့ မတွေ့ ခင် ဟိုး..အရင်ချိန်တွေကို
ပြန်လည်ရောက်ရှိလာရင်
ဘယ်လောက် ကောင်းလိုက်မလဲ…။

တချို့ က ဆိုတယ်…
”ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
ချစ်သူ့ လက်ကို တစ်ခါ ကိုင်ချင်တယ်…” တဲ့ 
ငါကတော့ …
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
မင်းအကြောင်း သိမ်းထားတဲ့ 
ငါ့ရင်ထဲက အကန့် လေး တစ်ကန့် ကို
ဖျက်ဆီးပစ်လိုက်ချင် ရဲ့ …
နောက်ဆုံး…
ငါ …သေသွား တဲ့  အထိပေါ့…။ ( ၀ိုင်းမော် )




0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes