Thursday, November 11, 2010

တမ်းတရင်ခွင်

တမ်းတရင်ခွင်




ရင်ငွေ့နွေးနွေး အဖေ့ကျေးဇူးကြောင့်
နံရံကိုခွဲဖျက် သားမောင်အပြင်ကို ထွက်နိုင်ခဲ့ပြီ အဖေ..
တုန့်ခေါက်လူလား နွေးထွေးမေတ္တာ အဖေ့မေတ္တာကြောင့်
အရာရာကို စိတ်အေးခဲ့ရပြီ အဖေ.....


တစ်ပင်ရောက် တစ်ထောက်နား ပျံသွားတက်ရေး
အဖေညွှန်းပေးလို့ အဝေးဟိုဆီ ပျံသန်းနိုင်ခဲ့ပြီ အဖေ
အခုတော့ အရွယ်ရောက် အတောင်စုံ
လေဟုန်ကိုခွဲ ကောင်းကင်ထဲ ပျံသန်းဖို့
အဖေကို ကန်တော့ခဲ့ပြီ အဖေ.........

ကောင်းကင်ဆိုတာ အကျယ်ကြီးပါလာအဖေ
ကောင်းကင်ဆိုတာ အဝေးကြီးပါလားအဖေ
မုန်းတိုင်းတွေကြား အားငယ်စရာပါလား အဖေ
ဘ၀တိုက်ပွဲတွေ တိုက်ထုတ်ရတာ မလွယ်ပါလားအဖေ

သားတို့အရေး သ္မီးတို့အရေးလို့
ဟောဒီဒုက္ခတွေ ဟောဒီဒုက္ခတွေ
အဖေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့တာလဲ အဖေ
သားတို့အတွက် သ္မီးတို့အတွက်လို့
အားဆက်ခဲ့လို့လား အဖေ...(ဥတ္တရ)

( ညီလေး ဦးဇင်း ကဗျာကို ဆရာနေရာမှာ အဖေနဲ့ အစားထိုးပြင်ဆင်ထားပါသည်။ ညီတော်ဆီကို ခွင့်မတောင်းဘဲ အကိုတော် ပြင်ဆင်မိသာ ညီတော်ကို အကို တောင်းပန်အပ်ပါတယ်။ ညီတော် ကျန်မာပါစေ။ ဒီထပ်မက သာသနာအကျိုး ထမ်းဆောင်နိုင်ပါစေ။ ချစ်တဲ့ အကိုလတ် ရာဇာ (မိုးထက်မြင့်(နည်းပညာ )

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes