About

Monday, June 14, 2010

လုံခြုံစွာနဲ့ ကွန်ပျူတာကို Lock ချနည်း( မသုံးကျရန်)

ကျွန်တော်တို့ မိမိကွန်ပျူတာကို မိမိ မသုံးတဲ့ အချိန် Lock ချချင်လို့ဘဲ ဖြစ်ဖြစ် height level လုံခြုံမှု့ ရှိစေမည့် နည်းလမ်းလေး ဖြစ်ပါတယ်။ ဘာ Software မှလည် မလိုအပ်သလို ဘာမှလဲ မခတ်ခဲတဲ့ နည်းလမ်းလေး ဖြစ်ပါတယ်။ ဒီနည်းလမ်းက အရမ်းလည် ရိုးရှင်းသလို အကျိုးကျေးဇူးများပါတယ်။ အခုနည်းက ကျွန်တော် တို့ ပုံမှန်အတိုင်း password ပေးချင်လဲ ပေးထားလိုက်ပါ။ ပုံမှန်ပေးနည်းကို မလုပ်တက်က Start >> Control Pannel >> User Account မှာ အဆင့်ဆင့် သွားလုပ်ဆောင်လုပ်ပါ။ ပုံမှန်နည်းကို အသုံးမပြုချင်လည် ရပါတယ်။ ကျွန်တော်က ဒါကို တင်ပြချင်တာ မဟုတ်လို့ အရှည် မတင်ပြလိုတော့ပါ။ မိမိစက်ကို လုံးခြုံစေချင်တယ်ဆိုရင်တော့ အောက်ပါအတိုင်း Safer Way နည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါအုံးနော်။
1. Start >> Run >> syskey လို့ရိုက်ပြီ Enter ခေါက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Update ကိုနိုပ့်ပါ။



2. Password Startup အကွက်မှာ မိမိ အသုံးပြုချင်တဲ့ Password ကိုရိုက်ပြီး OK နိုပ့်ပါ။ ပြီးပါပြီ။ ကဲ ဘယ်လောက် လွယ်ကူနေတာကို။( Password နည်းလမ်းတွေကို တစ်စု တစ်စုတည် အခြားနည်းလမ်းများ တင်ပြပေးပါမည်။ )



Sunday, June 13, 2010

File ကို Pitcture မှာ Hide ချင်လို့ပါ

ကျွန်တော်ညီ တစ်ယောက် ( သူ့အစ်မ ပေးမယ်ပြောလို့ ) ပြောလို့ တင်ပေးလိုက်တာ.။ အတော်များများလဲ တင်ပြပေးခဲ့တာ တွေ့ရပါတယ်။ မြန်မာ ဆိုဒ်တွေ အတော်များများလည် တင်ပေးခဲ့လောက်ပြီးလို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ညီလို မသိတဲ့ သူတွေလည် ရှိအုံးမယ်လို့ ယူဆတယ်။ ဒါကြောင့် ကျွန်တော်ညီကို ပြောပြရင် ကျွန်တော် သူငယ်ချင်းတွေ အတွက်ပါ အသေးစိတ်ရေးပေးလိုက်တယ်။

လိုအပ်ချက်။
WinRar Software လိုအပ်ပါတယ်။ မရှိက ဒီမှာ Download ချပါ။

Download

Hide ရန်အတွက် ပြင်ဆင်ခြင်း

1. My computer >> C:\ ထဲမှာ New Folder ဆောက်ပြီး file လို့ Rename ပေးလိုက်ပါ။ ( မိမိကြိုက်တဲ့ Partition မှာ ပြုလုပ်နိုင်ပါတယ်။ ကျွန်တော်ကC ထဲမှာလဲ လုပ်လိုက်ပါတယ်။ အဲ့ဒီ Folder ထဲမှာ မိမိ hide မည့် ဖိုင်ကို WinRAR Software သုံးပြီး War သို့မဟုတ် Zip နဲ့ ချုံလိုက်ပါ။ )



2. မိမိ ဖိုင်ကို hide တဲ့ အခါမှာ အသုံးပြုမည့် ပုံကို မိမိတည်ဆောက်ခဲ့တဲ့ File ထဲကို ထည့်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။


အထက်ပါ အဆင့်တွေ ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

1. Start >> Run >> cmd လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ.
2. Cd\ လို့ရိုက်ပြီး Enter ထပ်ခေါက်လိုက်ပါ။
3. C:\> မှာ cd file လို့ရိုက်ပြီး Enter ခေါက်ပါ။
4. C:\ file > မှာ copy / b Text.jpg +secret.rar moehtet.jpg လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ ခဏ စောင့်လိုက်ပါ။ ဒါဆို ကျွန်တော်တို့ File ကို hide ပြီးသာ ဖြစ်သွားပါပြီ။ (မှတ်ချက်။ ကျွန်တော်တို့ copy / b နောက်က ရိုက်တဲ့ Text.jpg ဆိုတာ ကျွန်တော်တို့ မိမိ ဖိုင်ကို Hide တဲ့ အခါမှာ သုံးမည့် ပုံရဲ့ File Type ကိုရိုက်ရပါမည်။ ကျွန်တော် အသုံးပြုမည့်ပုံက jpg အမျိုးအစားဖြစ်လို့ Text.jpg လို့ ရိုက်တာ ဖြစ်ပါတယ်။ + secret.rar က ကျွန်တော် က rar ဖိုင်အမျိုးအစားနဲ့ ချူံခဲ့လို့ ဖြစ်ပါတယ်။ Zip နဲ့ ချူံ ခဲ့ရင် recret.zip လို့ ရေးရပါမည်။ moehtet.jpg ကတော့ မိမိ ကြိုက်နှစ်သက်တဲ့ Neme ကို ရိုက်နိုင်ပါတယ်။ ဥပမာ.။။။။ nora.jpg လို့ဘဲ ရိုက်ရိုက် ပေါ့။ ) အောက်က ပုံကိုကြည့်လိုက်ပါ။ ဒါဆို ရှင်းသွားပါမည်.။



အထက်ပါအတိုင်းလုပ်ပြီး သွားရင်တော့ hide ပြီးသွားပြီ ဖြစ်လို့ Text.jpg နဲ့ Secret.rar ကို Delete လုပ်လိုက်ပါ။ moehtet.jpg ဘဲ ချန်ထားလိုက်ပါ။ ပြီးရင် moehtet.jpg ကို preview နဲ့ဘဲကြည့်ကြည့် Double click နဲ့ဘဲ ကြည့်ကြည့် ပုံဘဲ တွေ့ရပါမည်. မိမိ hide ထားတဲ့ file ကို မတွေ့ရပါ.။ မိမိ hide ထားတဲ့ ပုံကို တွေ့ချင်ရင်
  1. မိမိ hide ထားတဲ့ ပုံပေါ်ကို Right click ထောက် ပြီးရင် open with >> WinRAR Arhiver ကို click လိုက်ပါ။



WinRAR Archiver ကို နိုပ်လိုက်တာနဲ့ အောက်ပါအတိုင် မိမိ hide ထားတဲ့ ပုံကို တွေ့ရပါမည်..။ ပြီးပါပြီ။




မှတ်ချက်။ ။ မရှင်းလို့ မေးမယ်ဆိုရင် iamcleverlion@gmail.com မှာ ဆွေးနွေနိုင်ပါတယ်။


Sunday, June 6, 2010

Cryptography ရဲ့ အဓိပ္ပာယ်

သတင်း အချက်အလက်လုံခြုံရေး သိပ္ပံပညာကို ခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံးဖြစ်ပါတယ်။ ဂရိစကားလုံး kryptos ကဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ပြီး၊ ထိန်ချန်ထားသော အဓိပ္ပာယ်ရပါတယ်။ cryptography ဟာ cryptology နဲ့cryptanalysis စတဲ့ ဘာသာရပ်တွေနဲ့ နီးကပ်စွာ ဆက်စပ်လျက် ရှိပါတယ်။ cryptography မှာစာသားနဲ့ ရုပ်ပုံတွေပေါ်စေတဲ့ microdots နည်းပညာနဲ့ သတင်းအချက်အလက်တွေကို storage ပြုလုပ်ပြီးတော့ဖြစ်စေ၊ လွှဲပြောင်းပြီးတော့ဖြစ်စေ၊ ခြေရာ ဖျောက်နိုင်တဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

ကွန်ပျူတာ နည်းပညာကို အဓိကသုံးစွဲလာတဲ့ ဒီနေ့ခေတ်မှာ cryptography နည်းပညာဟာ ပုံမှန်စာသား plaintext တွေကို ciphertext အဖြစ်ပြောင်းလဲစေတဲ့ (encryption) ခေါ် အချက်အလက် လုံခြုံရေးလုပ်ဆောင်ချက် ဖြစ်စဉ်နဲ့ ဆက်နွယ်နေတက်ပါတယ်။ ciphertext အဖြစ်ကနေ plaintext အဖြစ်ပြန်ပြောင်းတာကိုတော့ decryption လို့ခေါ်ပါတယ်။
Cryptography ရဲ့အဓိက အားသာချက် (၄) ရပ်ကတော့
၁။ Confidentiality
သတင်းအချက်အလက်ကိုမသက်ဆိုင်သူ၊မရည်ညွှန်းခံရသူတွေနားမလည်နိုင်ခြင်း။
၂။ Integrity
သတင်း အချက်အလက်ကို ပေးဖို့သူနဲ့ ရည်ရွယ်ထားတဲ့ လက်ခံသူအကြားမှာ storage ပြုလုပ်မှု၊ transit ပြုလုပ်မှုတွေကို ၀င်ရောက်ပြုပြင်တာမျိုးတွေကို ထောက်လှမ်း စူးစမ်းနိုင်ခြင်း။
၃။ Non-repudiation
သတင်းအချက်အလက်ကို ပေးပို့တဲ့သူဟာ ယင်း သတင်း အချက်အလက် ကိုဖန်တီးခြင်း၊ ပြုပြင် ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီးနောက်ထပ် အဆင့်တစ်ရပ်ကို ရောက်ရှိချိန်မှာ သူရဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုမှုမပြုနိုင်ခြင်း။
၎။ Authentication
သတင်းအချက်အလက် ပေးပို့သူနဲ့ လက်ခံသူတို့ ဟာ ၎င်းတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကိုယ်စီကိုယ်ငှ အတည်ပြုနိုင်ပြီး၊ သတင်းအချက်အလက်ရဲ့ ဇစ်မြစ်ကိုလည်း အတည်ပြုနိုင်ခြင်း အစရှိတာတွေပါဝင်ပါတယ်။

အထက်ဖော်ပြပါ စံသတ်မှတ်ချက် တွေအားလုံး (သို့မဟုတ်) တစ်စိတ်တစ်ပိုင်းနဲ့ ကိုက်ညီတဲ့ protocol တွေနဲ့ procedure တွေကို cryptosystem တွေလို့ခေါ်ဆိုပါတယ်။
Cryptosystem တွေဟာ အများနားလည်သလို သင်္ချာလုပ်ထုံး လုပ်နည်းတွေ၊ ကွန်ပျူတာ ပရိုဂရမ်တွေမျှသာ မဟုတ်ပါဘူး။ ၎င်းတို့မှာမှန်းဆရခက်တဲ့ password တွေရွေးချယ်ရခြင်း၊ အသုံးမပြုတဲ့ system တွေကို log-off ပြုလုပ်ခြင်း၊ အရေးကြီးတဲ့ procedure တွေကို မသက်ဆိုင်သူတွေနဲ့ မဆွေးနွေးခြင်း စတဲ့လူသားတစ်ဦးရဲ့ လုပ်ဆောင်ချက်တွေကို လည်းဆောင်ရွက်ပေးပါတယ်။ (ဆရာမ မေးလ်မှ ပို့ပေးတာကို ပြန်လည် တင်ပြပေးချင်ဖြစ်ပါတယ်။ )

Saturday, June 5, 2010

Toolber အားလုံးပျောက် Alt + V နိုပ်

ကျွန်တော်တို့ သတိမထားမိလို့ လွယ်လွယ်နဲ့ မေ့တက်ကျလို့ မသိကျလို့ (ကျွန်တော်အပါအ၀င်) အခုလို Key လေးတစ်ခုကို Post အနေနဲ့ တင်ပြပေးလိုက်တာပါ။ အကြောင်းကတော့ Firefox သုံးတဲ့ သူတွေ အခု နောက်ပိုင်း ဘာတွေ လုပ်ကျသလဲတော့ မသိ ။ ခဏခဏ Toolbar တွေ ပျောက်ကုန်တယ်။ ဘယ်လို ဖော်ရမလဲ ခဏခဏ မေးကျတယ်။ Menu Bar ၊ Address bar ၊ Navigation Bar ၊ Bookmark Mark Toolbar တွေ အကုန်ပျောက်ကုန်တယ်။ ဒါနဲ့ ကျွန်တော်ကိုမေးတော့ ကျွန်တော်လည် Key ကို ချက်ချင်း မမှတ်မိဘူး။ ဘယ်လို လုပ်ရမလဲပေါ့။ ဒါနဲ့ သူငယ်ချင်းကသူလည် လုပ်ကြည့်ရင်းနဲ့ Alt + V နိုပ်လိုက်တာ အဆင်ပြန်ပြေသွားတယ်။ ဒါကြောင့် ကျွန်တော်ကို လာမေးတဲ့ သူတွေကော ကျွန်တော်လို ချက်ချင်းမသိတဲ့ သူတွေ အတွက်ပါ Firefox keyboard Shortcut တွေကို တင်ပြပေးလိုက်ပါတယ်။ အဖြစ်များတဲ့ Toolber ပျောက်တဲ့ သူငယ်ချင်းများ Alt + V နိုပ်ပြီး Menu ကို ပြန်ခေါ်ပါ။ View >> Toolber ကနေ မိမိလိုချင်တဲ့ Toolber တွေကို အမှန်ခြစ်ပေးလိုက်ပါ။ အောက်မှာ Firefox 3 အတွက် keyboard Shortcut တွေကို စုစည်းပေးလိုက်ပါတယ်။ အောက်က ပုံစံ ဖြစ်သွားကျတာကို ပြောချင်ဖြစ်ပါတယ်။



Firefox Address and Search Bar



Page Navigation and Tabbed Browsing



Working inside Web Pages




Manage the Firefox Windows



Access Firefox Features



Forms in Firefox



Friday, June 4, 2010

Virtual Memory တွက်ချက်နည်း

ကျွန်တော်တို့ Memory လို့ ပြောလိုက်တာနဲ့ ကွန်ပျူတာအသုံးပြုတဲ့ သူတိုင်း သိပြီးသာပါ။ ဒါပေမဲ့ သေချာသိသင့်တယ် ထင်လို့ တင်ပြပေးလိုက်တာပါ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အဓိက အားဖြင့် Memory နှစ်မျိုးနှစ်စားရှိပါတယ်။ System Memory နဲ့ Virtual Memory ဆိုပြီ ရှိပါတယ်။ System Memory က ကွန်ပျူတာရဲ့ဘယ်အပိုင်းကို လုပ်ဆောင်သလဲ။ ကွန်ပျူတာရဲ့ ဘယ်အပိုင်းကတော့ Virtual Memory လုပ်ဆောင်တယ် ဆိုတာ ကွဲကွဲ ပြားပြားနားလည်အောင် တင်ပြပေးလိုက်တာပါ။ ကျွန်တော် ညီ အောင်ကျော်ထွန်း ကိုယ်တိုင် အပင်ပန်းခံပြီး ရေးသားပေးထားတာ ဖြစ်ပါတယ်။ အတော်များများသော သူများကတော့ အခုလို နားလည်ဖို့ထက် အသုံးချနည်းများကိုသာ စိတ်ဝင်စားကျပါတယ်။

System Memory (တနည်းအားဖြင့် Physical Memory (or) Main Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ တစ်နည်းအား ဖြင့်တော့ Application Data (အသုံးချ Software များကို ဆိုလိုခြင်းဖြစ်ပါတယ်။ ) တွေကို ဘယ်လို သိုးလှောင်မလဲ ၊ ဘယ်လို စီမံမလဲ ၊ ဘယ်လို နေရာချမလဲကို အသုံးပြုပေးတာ ဖြစ်ပါတယ်။ နောက် ကျွန်တော် တို့ Memory Sticks တစ်ခုကို မိမိ ကွန်ပျူတာမှာ တပ်ဆင်လိုက်တာနဲ့ မိမိရဲ့ System Memory က မိမိတပ်ဆင်ထားတာထပ် ပိုတိုးလာပါလိမ့်မယ်။ တနည်းအားဖြင့် ဒါကြောင့် System Memory ဆိုတာ အဓိကစက်ထဲမှာရှိနေတဲ့ Memory တင်မကပဲပြင်ကနေတပ်ဆင်လိုက်တဲ့ physical memory ( External HDD,Memory sticks) တွေလည်းပါဝင်တယ်လို့သိထားရပါမယ်



Virtual Memory ( Logical Memory ကို ဆိုလိုခြင်းဖြစ်ပါတယ်။) ကတော့ သူကတော့ Memory တော့ Memory ဘဲ။ ဒါပေမဲ့ OS (Operating System တနည်းအားဖြင့် Windows ပေါ့) ရဲ့ Controls အောက်မှာ အလုပ်လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Virtual Memory ကတော့ HDD(Hard disk drive ) ရဲ့ အစိတ်အပိုင်းလေး တစ်ခု အတွက် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ နောက်ပြီး မိမိရဲ့ ကွန်ပျူတာမှာ လက်တလော အသုံးမပြုတဲ့ Application Software တွေ ရဲ့ Process တွေ Instructions တွေကို သိုလှောင်းပေးထားတဲ့ နေရာမှာ Virtual Memory က လုပ်ဆောင်ပါတယ်။ Virtual Memory က အခု လက်တလော အသုံးပြုနေတဲ့ Process တွေကို သူနဲ့ လုံးဝ ပါဝင်ပတ်သက်မှု့မရှိပါဘူ။ လက်တလော Process တွေအတွက် Virtual Memory က လုံးဝ မလိုအပ်ပါ။ လက်တလော အသုံးပြုနေတဲ့ process တွေက System Memory နဲ့သာ သက်ဆိုင်ပါတယ်။ တစ်ခုတော့ ရှိတယ် မလိုအပ်လို့ Virtual Memory မှာ သိမ်းထားတဲ့ process တွေ လိုလာခဲ့ရင်တော့ ဆွဲယူအသုံးပြုပါတယ်။ Virtual Memory တိုးမြင့်မယ်ဆိုရင်တော့ system configuration ကနေ၀င်ရောက်လုပ်ဆောင်နိုင်ပါတယ်။ ( Virtual Memory တိုးနည်းကို တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။)

Virtual Memory အလုပ်လုပ်ပုံ
Virtual Memory ကိုကတော်တို့ HDD ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် အသုံးပြူပါတယ်၊ ဘာအတွက်လဲဆိုရင် system က အခုလောလောဆယ် process လုပ်ဖို့မလိုသေးတဲ့ application data နဲ့ instruction တွေအတွက် ဖြစ်ပါတယ်။ Program တစ်ခုဟာ process လုပ်နေတဲ့ အချိန်အတွင်းမှာ system သည် HDD မှ main memory (system memory) ဆီကိုကူးယူလိုက်ပါတယ်။ ဒါကြောင့် system သည် ကူးယူထားတဲ့ resources ကို CPU အနေနဲ့လုပ်ဆောင်ပြီး တွက်ထုတ်ပါတယ်။ system memory ပြည့်သွားတာနဲ့ တပြိုင်နက်။ system သည် နောက်ထပ် တစ်စုံတစ်ရာ ထပ်လုပ်ဆောင်ရန်မလိုသေးသည့် data and instruction တွေကို Virtual Memory ဆီကို ရွေ့ထား လိုက်ပါတယ်။ ဒါကြောင့် system ဟာနောက်ထပ် application data နှင့် instruction တွေကို နောက်ထပ်လုပ်ဆောင်ဖို့အတွက် (system memory)Main memory ဆီကိုကူးယူလိုက်ပါတယ်။ Virtual Memory ထဲမှာရှိတဲ့ data and instruction တွေကို နောက်ထပ်တဖန်ထပ်လုပ်ဖို့ လိုလာတဲ့အခါမှာ system ဟာပထမဆုံး main memory ကိုနေရာလွတ်မလွတ် ကြည့်လိုက်ပါတယ်..တကယ်လို့နေရာလွတ်ရှိတယ်ဆိုရင် main memory ဆီကိုကူးယူလိုက်ပါတယ်..တကယ်လို့မကျန်တော့ဘူးဆိုရင်အချို့သော ထပ်လုပ်ဖို့မလိုတဲ့ data and instructionတွေကို Virtual Memory ဆီကို ကူးယူ လိုက်ပါတယ်… တစ်ခါထပ်ပြီး လုပ်ဆောင်ဖို့လိုအပ်တဲ့ data and instructionတွေကို Virtual Memoryကနေ main memory ဆီကို ကူးယူလိုက်ပါတယ်။
Virtual Memory အရမ်းနည်းနေခြင်း (သို့) အရမ်းများနေခြင်းဟာ သိပ်မကောင်းပါဘူး။ တကယ်လို့ အရမ်းနည်းနေ တယ်ဆိုရင် OS ဟာVirtual Memory အရမ်းနည်းနေကြောင်း error ပြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် system memory ရဲ့ တချို့သော အစိတ်အပိုင်းတွေဟာ OS Kernel (OS Kernel ဆိုတာ မိမိ ကွန်ပျူတာရဲ့ ဗဟိုအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ သူက Computer Hardware တွေကို တိုက်ရိုက်ထိန်းချူပ်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်. အကျယ် ကိုယ်တိုင် ဆက်လေ့လာရန်) ကိုသိမ်းဆည်းဖို့အတွက် အသုံးပြူခြင်း ခံလိုက်ရလို့ဖြစ်ပါတယ်။ ဘာလို့အသုံးပြူရတာလဲဆိုတော့OS Kernel ကိုmain memory ထဲမှာ တစ်ချိန်လုံး ထိမ်းသိမ်းထားဖို့ လိုအပ်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့် System ဟာ ဆိုရင် လက်ရှိအသုံးပြူဖို့ မလိုအပ်သေးတဲ့ data and instruction တွေကို main memory ပြည့်သွားတဲ့အခါမှာ သိမ်းဆည်းထားဖို့ နေရာလွတ်တွေ လိုအပ်ပါတယ်။ Virtual Memory ကြီးလွန်းတာလည်း intensive application တွေကိုထောက်ပံ့ ပေးနေပါတယ်။ ဒါလည်းမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ HDD ရဲ့ နေရာတွေကို မယူရင်တောင်မှ performance lagging တွေကိုဖြစ်စေလို့ပါ။ system ဟာဆိုရင် application data and instruction တွေကို Virtual Memory နဲ့ system memory တွေကြားမှာ အသွားအပြန် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Virtual Memory ရဲ့ size ကို ပုံမှန် စံအတိုင်း ရှိဖို့အတွက် တွက်ချက်ဖို့လိုအပ်ပါတယ်။

ဘယ်လိုတွက်ရမလဲဆိုတော့

256 MB of RAM (Main Memory) * 1.5 = 384 MB for Virtual Memory ဆိုတဲ့ပုံသေနည်းနဲ့တွက်ချက်သိရှိနိုင်ပါတယ်။

ဥပမာ .
မိမိ ကွန်ပျူတာမှာ Physical Memory က 512 MB ဆိုက်ထားတယ်ဆိုပါစို့။ အောက်ပါအတိုင်း တွက်လိုပါ..

512* 1.5= 786

Performance မှာ အောက်ပါအတိုင်းတွေ့ရပါမည်။

CODE
Initial Size (MB): 786
Maximum Size (MB) : 1500

Virtual Memory တိုးနည်းကို ပုံနှင့်တကွ ဒီနေရာမှာ အသေးစိတ်တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes