About

Tuesday, November 30, 2010

ဒီဇင်ဘာ ဒဏ်ရာ


ဒီဇင်ဘာ ဒဏ်ရာ

ချစ်သူရေ…
မင်းကို ပြန်လည်တမ်းတ
လွမ်းဆွတ်ရတဲ့ အရသာက
ပူလောင်တယ်ဆိုတာ
သိစေချင်လိုက်တာ…..။

အကွေ့ အကောက်တွေနဲ့ 
ကြမ်းတမ်းလှတဲ့ ငါဘ၀ထဲမှာ
မင်းက တခဏပဲ နားခိုသွားတယ်နော်…..။
ငါကတော့ တစ်ဘ၀စာ မှတ်လို့…
”နင်ဟာ လမ်းပြကြယ်…
နင်ဟာ ငါ့ရဲ့ နတ်သမီး…” ဆိုပြီး
လေးဖြူရဲ့ သီချင်းကို ဆိုပြမိခဲ့ …။

အခုတော့…
မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့
၂၀၁၀ ဒီဇင်ဘာရဲ့ ဒီ ပထမ ညချမ်းမှာ
ငါ… ငိုကြွေးနေရပြီ….။
ဒီလိုနဲ့ ပဲ..
မျိုးကြီးဆိုထားတဲ့ သီချင်းကို
ငါ ပြန်တွေးမိတယ်…။
”အချိန်မီသာ ပြင်ဆင်ခွင့် ” …တဲ့ ။
အချိန်တွေ နောက်ပြန်လှည့်လို့ 
မင်းနဲ့ မတွေ့ ခင် ဟိုး..အရင်ချိန်တွေကို
ပြန်လည်ရောက်ရှိလာရင်
ဘယ်လောက် ကောင်းလိုက်မလဲ…။

တချို့ က ဆိုတယ်…
”ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
ချစ်သူ့ လက်ကို တစ်ခါ ကိုင်ချင်တယ်…” တဲ့ 
ငါကတော့ …
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
မင်းအကြောင်း သိမ်းထားတဲ့ 
ငါ့ရင်ထဲက အကန့် လေး တစ်ကန့် ကို
ဖျက်ဆီးပစ်လိုက်ချင် ရဲ့ …
နောက်ဆုံး…
ငါ …သေသွား တဲ့  အထိပေါ့…။ ( ၀ိုင်းမော် )




Monday, November 29, 2010

SwitchUser Enable/Disable ?

Window7နဲ့ Vista တွေမှာ Switch Userကို Registry ကနေ Enable,Disable လုပ်နည်းလေးပါ။ Switch user, logon တွေအကြောင်းကိုတော့ ရှေ့ပိုင်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ အခုကတော့ Enable,Disable လုပ်နည်းလေးပဲ ဖော်ပြပေးမှာပါ။ သိပြီးသား သူငယ်ချင်းတွေ အတွက်တော့ မလိုပါဘူး။ Registry စိတ်ဝင်စားတဲ့ မသိသေးတဲ့ သူငယ်ချင်းများ အတွက် နည်းလမ်းတစ်ခု အသုံးပြူဖို့အတွက် တိုးမယ်ဆိုရင်ဖြင့်….
လုပ်နည်း
ပထမဆုံး ဖျောက်နည်းလေး ကိုတင်ပြပေးပါမယ်။
1. ပထမဆုံး Start ကနေ Regedit လို့ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
2. Registry ထဲရောက်ရင် HKEY_LOCAL_MACHINE >>SOFTWARE >>Microsoft >>Windows >>CurrentVersions >>Policies >>System ကို ရောက်အောင် သွားလိုက်ပါ။
3. System ရောက်ရင် System ကို Right Click ထောက်ပြီး NEW ကနေ DWORD (32bit) Value ကို Click ပေးလိုက်ပါ။ အောက်မှာ ပုံလေးကို ကြည့်လိုက်ပါဦး။


4. အောက်မှာပြထားတဲ့ ပုံလေးထဲကအတိုင်း NEW Value #1 ဆိုတဲ့ Box အသစ်လေးတစ်ခု ကျလာပါလိမ့်မယ်။

5. NEW Value ကို HideFastUserSwitching လို့ Rename ပေးလိုက်ပါ။ Rename ပေးထားတဲ့ HideFastUserSwitching ကို Click ထောက်ပြီး Value Data ကို 0 ကနေ 1 လို့ပြောင်းပေး လိုက်ပါ။ မရှင်းရင် ပုံလေးကို ကြည့်လိုက်ပါဦး။


6. Logoff ပေးပြီး ပြန်ဝင်ကြည့်လိုက်ပါ။ Switchuser မတွေ့ရတော့ပါဘူး။

တကယ်လို့ Enable ပြန်ပေးချင်တယ် ဆိုရင်တော့ 1 ကနေ 0 လို့ပြန်ပြောင်း ပေးလိုက်ပါ။ ဒါဆိုရင် Switch user ပြန်ရပါပြီ။

အကောင်းကြိုက်တွေအတွက် Free commander

အသုံးပြုရ ကောင်းမွန်လှတဲ့ free commander လေကို တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ Windows file manager တစ်ခုလို အပြည့်အ၀ အသုံးပြုနိုင်ပါတယ်။ အသုံးပြုရတာလဲ လွယ်ကူရိုးရှင်းလှပါတယ်။ သူက Windows မှာ လုပ်တဲ့ အလုပ်တွေကို ဒီ Software ပေါ်ကနေ တိုက်ရိုက် အသုံးပြုနိုင်ပါတယ်။ USB, CD စတာတွေကို တိုက်ရိုက် copy / paste အသုံးပြုနိုင်ပါတယ်။ ကျန်တဲ့ features တွေကို အောက်မှာ လေ့လာလိုက်ပါ။ ( မှတ်ချက်…….. မြန်မာ Font အလုပ်မလုပ်ပါ။ ဒါကြောင့် Name ကို MM font ပေးထားရင် မရပါ။ )

Main features in FreeCommander:
  1. • Dual-panel technology - horizontal and vertical
  2. • Tabbed interface
  3. • Optional tree view for each panel
  4. • Built in file viewer to view files in hex, binary, text or image format
  5. • File viewer inside archives too
  6. • Built in archive handling: ZIP (read, write), CAB (read, write), RAR (read)
  7. • Nested archive handling
  8. • Built in FTP client
  9. • Easy access to system folders, control panel, desktop and start menu
  10. • Copy, move, delete, rename files and folders
  11. • Multi rename tool
  12. • Wipe files
  13. • Create and verify MD5 checksums
  14. • File splitting
  15. • File properties and context menu
  16. • Calculation of folder size
  17. • Folder comparison / synchronization
  18. • Modification of file date and attributes
  19. • Folder / program favorites
  20. • File searching (inside archive too)
  21. • File filters for display
  22. • User defined columns for detailed view
  23. • DOS command line
  24. • Multiple language support
Download

Download 1
Download 2

အသုံးပြုနည်း အသေးစိတ်

Sunday, November 28, 2010

ဘယ်သူ ဘာဖြစ်တယ်ဆိုတာ အဓိက မဟုတ်ပါဘူး


ဘယ်သူဘာဖြစ်တယ်ဆိုတာက အဓီကမဟုတ်ပါဘူး။ စစ်ပွဲတွေရဲ့သမိုင်းတွေထဲက Alexander the great, ပုံနှိပ်ထုတ်ဝေမူသမိုင်းမှာဆိုရင် John Gutenberg , ရေနွေးငွေ့ကိုထီထွင်ခဲ့သောသမိုင်းမှ Jame Weston, physics ရဲ့ သမိုင်းမှာပြောင်းလဲခဲ့တဲ့ သိပ္ပံပညာရှင် Einstein, သူတို့ အားလုံးဟာ ဆိုရင် အသေးဆုံး အရာကနေ စတင်လာခဲ့ကြတာ ဖြစ်တယ်။ ဒီကနေ့မှာ ဒီလိုလူတွေကို ရိုးရိုးသာမန် လူတွေ ထက်ပိုပြီး သာလွန်တယ်လို့ခေါ်ဆိုကြတယ်။
ကျွန်တော်တို့ လူတိုင်းမှာလည်း ကြောက်ရွံမူဆိုတာ ကိုယ်စီ ရှိကြတယ်။ စတင်ရမှာကို ကြောက်ရွံမူရယ်၊ ဆက်လက်လုပ် ဆောင်ရမှာကို ကြောက်ရွံမူရယ်၊ အဆုံးရောက်သွားမှာကို ကြောက်ရွံမူရယ် ဆိုပြီးရှိကြတယ်။ ဒီလိုဘဲ သာမန်လူတွေထက်ထူးချွန်ကြတဲ့ ဒီလူတွေမှာလည်းကြောက်ရွံမူဆိုတာ ကိုယ်စီရှိကြပါတယ်။ Darwin သီအိုရီ ( ၁၉ ရာစုနှစ်ရဲ. Biologist မှာထင်ရှားခဲ့တဲ့) သူ့ရဲ့အဆိုပြုချက်အရ တစတစ တိုးတက် ပြောင်းလဲမူရဲ့ အဓိက သော့ချက်ကတော့ သိချင်စိတ်ဖြစ် ပြင်းပြစွာ လုပ်ဆောင်ခြင်းဖြစ်တယ်တဲ့။ သူရဲ့သီအိုရီဟာ မြောက်များစွာသော အခြေအနေမှာ မှန်ကန်မူရှိတယ်ဆိုတာလည်းတွေ့နိုင်ပါတယ်။
ဟိုးရှေးတုန်းက ကမ္ဘာမြေကြီးမှာ ရေဘဲရှိတယ် ငါးနဲ့တခြား ပင်လယ်သတ္တ၀ါ ကောင်တွေဟာ ပင်လယ်ထဲမှာနေထိုင်ကြတယ် ။ ငါးတွေဟာ ပင်လယ်ထဲမှာ စူးစမ်းလေ့လာ လှုပ်ရှားပြီး သွားလာကြတဲ့အတွက် သူတို့ရဲ့အဆုတ်နဲ့ပါးဟပ်ဟာ ပိုကြီးထွားလာကြတယ်။ အဲဒါတွေကြောင့် တချို့ သော ငါးနှင့်အခြား ပင်လယ်သတ္တ၀ါကောင်တွေဟာ ကုန်းပေါ်မှာရော ရေပေါ်မှာရော နေထိုင်နိုင်ကြတယ်။
ကျွန်တော့ အနေနဲ့ ဒီသီအိုရီကို ပြန်စဉ်းစား လိုက်တဲ့ အခါမှာ ကျွန်တော်တို့ရဲ့ အတွေးတွေဟာ ကျော်လွန်ပြီး မစဉ်းစားဘူးဆိုရင် ဘယ်မှာတိုးတက်မှူရှိမှာလဲ။ ကျွန်တော်တို့ရဲ့ အစဉ်အလာဟောင်း ကြောက်ရွံ့မှုတွေကို ဖယ်လိုက်ရင် ဘာဖြစ်မလဲ…
ကျွန်တော်ပြောချင်တာက ကျော်ကြားတဲ့သူတွေ နဲ့အသက်ရှင်ဖို့ ရည်ရွယ်ချက်မရှိတဲ့သူတွေကြားမှာ ခြားနားမှုဆိုတာမရှိတော့ပါဘူး။ မသိခြင်းရဲ့ကြောက်ရွံ့မှုတွေကို ပြင်းပြတဲ့သိချင်စိတ်၊ စူးစမ်းစိတ် တွေ နဲ့ အစားထိုးပြီး ဒီကမ္ဘာကြီးကို ကြည့်လိုက်ရင် ကျွန်တော်တို့ ဖော်ထုတ်ဖို့၊ စူးစမ်းဖို့အများကြီးရှိပါတယ်။
ဒီလို ကြောက်ရွံ့တဲ့စိတ်တွေကို ပြင်းပြတဲ့သိချင်စိတ်၊ စူးစမ်းစိတ် တွေနဲ့ အစားထိုးလိုက်တဲ့လူသား တွေဟာ ကမ္ဘာ မှာ ဥာဏ်ရည်အထက်မြက်ဆုံး သတ္တ၀ါလို့ခေါ်ခံရတဲ့ သာမန်လူသားတွေပါဘဲ… ခင်ဗျာ။
( ဘာသာပြန်သူ....... ညီမလေးနိုရာ ( Ravi Shankar ဆောင်းပါးကို ညီမလေး နိုရာ မြန်မာမှုပြု ဘာသာပြန် ထားခြင်းဖြစ်ပါသည်။)

FastCopy ဆိုတာ


ကျွန်တော်ဒီနေ့ Files တွေကို copy လုပ်တဲ့နေရာမှာ ပိုမိုမြန်ဆန်စေဖို့ Fastcopy ဆိုတဲ့ Software လေးတင်ပေးလိုက်ပါတယ်။ ပုံတွေကို Copy လုပ်တဲ့အခါ မသိသာပေမယ့် Movie တွေကို လုပ်တဲ့အခါမှာတော့ တော်တော်လေးသိသာပါတယ်။ အင်မတန်မှကို မြန်ဆန်ပါတယ်။ စက်ထဲမှာ Run ပြီး သုံးလို့ရသလို portable အနေနဲ့လည်း USB တွေထဲမှာ ထည့်ပြီး သုံးလို့လည်းရပါတယ်။ Right Click မှာ fastcopy ဆိုတဲ့ function လေးကို ထည့်ပြီးတော့ အသုံးပြူလို့လည်း ရပါတယ်။ Right Click မှာထည့်ချင်ရင်တော့ Option >> Shell Extension ကနေသွားပြီး install လုပ်ပေးလိုက်တာနဲ့ Right Click မှာFunction လေးပါလာဝင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် folder တွေကို တစ်ခါတည်း Fastcopy လုပ်နိုင်ပါတယ်။ Fastcopy ချင်ရင်တော့ Fastcopy ကိုသာ သုံးလိုက်ပါတော့ သူငယ်ချင်းတို့ရေ။ 32bit နဲ့ 64bit နှစ်မျိုးလုံးအတွက် တင်ပေးထားပါတယ်။

32 Download
64 Download

Friday, November 26, 2010

လိုတဲ့ Driver ဒီမှာရှာ

ကျွန်တော်ဒီနေ့ Driver တွေလိုအပ်နေတဲ့ သူငယ်ချင်းများအတွက် လိုအပ်နေတဲ့ Driver တွေကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ဖို့ စုစည်းတင်ပြ ပေးလိုက်ပါတယ်။ ရှေ့ပိုင်းမှာလည်း ကိုမိုးထက်မြင့်က Windows7 အတွက်လိုအပ်သော Driver များ ဆိုပြီးတင်ပေးခဲ့ ပြီးသားပါ။ ကျွန်တော့်စက်မှာဆိုရင် Windows7 တင်ထားတာ CPU ရှေ့မှာရှိတဲ့ Audio ပေါက်လေးတွေက အလုပ်မလုပ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ AudioDriver လိုနေလို့ပါ။ သာမန်ဆို စက်ဝယ်တုန်းက ပါတဲ့ Motherboard Driver ထဲမှာပါတဲ့ AudioDriverလေး run ပေးလိုက်ရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ကျွန်တော့်စက်မှာ ခုနလို လုပ်ပေးလို့မရပါဘူး။ ဒါကြောင့် Realtalk ဆိုဒ်လေးမှာ သွားပြီး Windows7 အတွက် audio Driver ဒေါင်းပြီးရမ်းလိုက်တာ အဆင်ပြေသွားပါတယ်။ ဒါဟာ တစ်နည်းအားဖြင့်ဆို ကျွန်တော့် MontherBoard Driver ထဲမှာပါတဲ့ Audio Driver ကလက်ရှိတင်ထားတဲ့ Window7 အတွက်ကို Support မလုပ်ပေးနိုင်လို့ပါ။ အဲ့လိုအခြေအနေမျိုး မှာဆိုရင် မိမိတင်ထားတဲ့ Windows နဲ့ကိုက်တဲ့ Driver လေးတွေ run ပေးရပါတယ်။ ဒါမှသာ အားလုံးအဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးအစားအလိုက် လိုအပ်တဲ့ Driver တွေကို ဒေါင်းပြီး Run ပေးလိုက်ပါ။ လင့်တွေအကုန်လုံး အလုပ်လုပ်ပါတယ်။ Free လဲပေးပါတယ်။ ကျွန်တော်ကိုယ်တိုင် အကုန်လိုက်ဒေါင်းပြီး စမ်းကြည့် run ကြည့်ပြီးပါပြီ။ အကုန်လုံး အဆင်ပြေပါတယ်။ Laptopသမားတွေ အတွက်လည်း အင်မတန်မှ အထောက်အကူ ဖြစ်စေပါတယ်။ Printer၊Scannerတွေ အတွက်လည်း အမျိုးအစားအလိုက် ရှာဖွေကြည့်နိုင်ပါတယ်။ မိမိတို့Serialနံပါတ် လိုက်လည်းရှာဖွေ နိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေနိုင်ပါစေ။









































Wednesday, November 24, 2010

FaceBook Uploader

Photo Uploader


Facebook နဲ့ပက်သက်ပြီး ဆော့ဝဲသေးသေးလေးတွေ ရှေ့ပိုင်းမှာလည်း ကျွန်တော် မိတ်ဆက်ခဲ့ပြီးပါပြီ။ Facebook ဖွင့်လို့မရလို့ စိတ်ညစ်နေသူများ၊ မိမိFacebook မှာ မိမိပုံတွေကို Update လုပ်ချင်သူများ အတွက်ဆေးတစ်လက် ဆိုလည်းမမှားပါဘူး။ ပုံတွေက ဘယ်အမျိုးအစားပဲ ဖြစ်နေပါစေ JPEG အလိုလျောက်ပြောင်းပီး တင်ပေးပါတယ်။ Browser ဖွင့်လို့မရတဲ့ အချိန်မျိုးမှာဆို အဆင်ပြေစေမှာပါ။ ပေါ့ပေါ့ပါးပါး ကြိုက်သူများအတွက် ကောင်းမွန်ပါတယ်။

Fuploader


Bloom

ဒါလေးကလည်း Facebook မှာပုံရော Video ရောတင်လို့ ရတဲ့ Software လေးပါ။ Bloom လို့ခေါ်ပါတယ်။ သူကအပေါ်က ကောင်လေးထက် ပိုပြီး အဆင်ပြေပါတယ်။ အပေါ်ကကောင်လေးက ပုံပဲတင်လို့ရတာပါ။ ဒီကောင်လေးက ပုံတွေတင်လို့သလို ဒေါင်းလို့လည်းရပါတယ်။ ပုံပေါင်း 200 လောက် တစ်ခါတည်း တင်လို့ရပါတယ်။ သူငယ်ချင်းတွေရဲ့ ပုံတွေကိုလည်း ကြည့်လို့ရသလို မိမိစက်ထဲမှာ သိမ်းထားဖို့ ဒေါင်းလို့လည်းရပါတယ်။ photo တွေအများကြီး ကြည့်တဲ့အခါ ကြည်လင်ပြတ်သားစေဖို့ Photo Viewer လေးနဲ့ပါ ပြသပေးပါတယ်။ ဒီဆော့ဝဲလေး သုံးဖို့အတွက်ဆို Java Setup လေးအရင် Run ပြီးမှ Bloom ကိုရမ်းမှ အဆင်ပြေမှာပါ။ 32bit နဲ့ 64bit operation system နှစ်ခုလုံးအတွက် နှစ်မျိုးတင်ပေးထားပါတယ်။ သုံးကြည့်ချင်သူများအတွက်ပေါ့။

32
64

Power Sound Edition

ကျွန်တော်ဒီနေ့ အသံကို စိတ်ဝင်စား အသံကို ကလိချင်တဲ့ သူငယ်ချင်းများအတွက် SoundEdition Software လေးတစ်ခု ဝေမျှလိုက်ပါတယ်။ ဘာတွေလုပ်လို့ ရလဲဆိုတော့ အသံသွင်းမယ်၊ သွင်းထားတဲ့ အသံတွေကို Bass သံတွေထည့်မယ်၊ သီးချင်းသံနှစ်ခု ပေါင်းမယ်၊ cutမယ်၊ Echo ထည့်မယ်၊ မြန်မယ်၊ နှေးမယ်၊ DJ လုပ်မယ်၊ စာသားတွေကို အသံပြောင်းမယ်၊ Ring Tone လုပ်မယ်၊ အသံဖျက်ပီး ဟာသသီချင်းလေးတွေ လုပ်မယ် စသည်ဖြင့် အများကြီး လုပ်လို့ရပါတယ်။ နောက်ထပ်လည်း လုပ်လို့ရတဲ့ Function တွေအမျာကြီး ပါပါသေးတယ်။ ကိုယ်တိုင်သာ စိတ်ကူးရှိသလို လုပ်ကြည့်ကြပါ။ ပိုက်ဆံပေးပြီးဝယ်ရတဲ့ Software တွေလိုတော့ Function စုံချင်မှစုံပါလိမ့်မယ်။ ဒါပေမယ့် အပျင်းပြေ အသံတွေကို လုပ်ချင်တဲ့ သူငယ်ချင်းများအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်မယ်ဆိုရင်ဖြင့်…..

Download

Monday, November 22, 2010

CMD ကိုပိတ်ထားရင်

ဒါကတော့ ရှေ့ပိုင်းမှာ ကိုမိုးထက်မြင့် တင်ပြပေးခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ gpedit.msc ကနေ ပိတ်ဖွင့်နည်း၊ ဆော့လ်ဝဲသုံး ပိတ်ဖွင့်နည်း ၊ စတာတွေဘဲ တင်ခဲ့တာ တွေ့လို့ ကျွန်တော်က Regedit ၊ bat ဖိုင်သုံးပြီ ဖွင့်တဲ့နည်းကို တင်ပေးလိုက်တာပါ။ ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ၊ ရုံးတွေ၊ကျောင်းတွေမှာ Cmd ကိုဖွင့်လို့မရအောင် ပိတ်ထားရင်ပဲ ဖြစ်ဖြစ်၊ မိမိရဲ့ စက်မှာ Cmd ကို ပိတ်ထားချင်တဲ့ အခါမျိုးမှာ ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် နည်းလမ်းလေးပါ။ ပထမဆုံး Windows7 မှာ Cmd ကိုပိတ်တဲ့ နည်းလေးကို အရင်ဆုံး တင်ပြချင်ပါတယ်။
လုပ်နည်း
1. ပထမဆုံး Start ကနေ Regedit လို့ ရိုက်ပီး Registry ထဲကို ၀င်လိုက်ပါ။


2. Registry ထဲရောက်တာနဲ့ HKEY_CURRENT_USER >> System ကိုသွားလိုက်ပါ။


3. System ကို Right Click ထောက်ပီး NEW ကနေ DWORD (32bit) Value ကို Click လိုက်ပါ။


4. Click ပေးလိုက်လို့ ကျလာတဲ့ Name ရဲ့အောက်က Box ထဲမှာ အသစ်ပေါ်လာတဲ့ Newကို DisableCMD လို့ Rename အတိအကျ ပြောင်းပေးလိုက်ပါ။


5. ပြောင်းပြီးသွားတာနဲ့ ရလာတဲ့ DisableCMD ကို Click နှစ်ချက်လောက် နှိပ်လိုက်ရင် Box လေးတစ်ခုထပ်ကျလာပါလိမ့်မယ်။ ကျလာတဲ့ Box လေးထဲက Value Data ကို 2 ဆိုပြီး သတ်မှတ်ပေးလိုက်ပါ။ ဒါဆိုရင် Cmd ကို Start ကနေ ဖွင့်လို့မရတော့ပါဘူး။ တကယ်လို့ မိမိက ပြန်ဖွင့်ပေးချင်တယ်ဆိုရင် ခုနက ValueData 2 နေရာမှာ 0 ဆိုပြီး ပြောင်းပေးလိုက်တာနဲ့ Cmd ပြန်ပွင့် သွားပါပြီ။ ဒါကတော့ မိမိစက်ကို စိတ်ကြိုက် သတ်မှတ်ပေးနဲ့ နည်းပါ။
နောက်တစ်နည်းကတော့ ဘယ်စက်မှာမဆို Cmd ကိုပိတ်ထားရင် မိမိဖွင့်ချင်ရင် ဖွင့်လို့ရအောင် လုပ်တဲ့နည်းပါ။
လုပ်နည်း

1. အောက်မှာပေးထားတဲ့ စာတွေကို Text File တစ်ခုခုမှာ ရိုက်ထည့်ပြီး File name နေရာမှာ .Bat နဲ့ Save as Type ဆိုတဲ့နေရာမှာ AllFile လို့ပြောင်း ပြီး Save လိုက်ပါ။


2. ရလာတဲ့ bat File လေးကို ရမ်းလိုက်တာနဲ့ Cmd လေးပေါ်လာပါ လိမ့်မယ်။
အားလုံးအဆင်ပြေကြပါစေ။

FaceBook Layout




ကျွန်တော်ဒီနေ့ FaceBook Layout ထည့်နည်းလေး ပြောပြချင်လို့ပါ။ သိတဲ့လူတွေလည်း တော်တော်များများ သိပြီးသားဖြစ်ပါတယ်။ အခုက မသိသေးတဲ့ သူငယ်ချင်းများအတွက်ပါ။ မိမိရဲ့ Firefox မှာ Addon လေးတစ်ခု Run ပေးပြီး ပေးထားတဲ့ဆိုဒ်လေးမှာ သွားပြီး မိမိလိုချင်တဲ့ Layout လေးကို Click တစ်ချက်လောက် နှိပ်လိုက်တာနဲ့ မိမိစက်မှာ မိမိလိုချင်တဲ့ FaceBook Layout လေးကို တွေ့မြင်ခံစားနိုင်ပါတယ်။ မိမိရဲ့ FaceBook page လေးကို အလန်းလေး ခံစားချင်သူများ အတွက်တော့ အဆင်ပြေမှာပါ။ အောက်မှာပေးထားတဲ့ Plugin ကို Download ချပြီး ပြောင်းရန် ဆိုတဲ့ ဆိုဒ်ကလေးမှာ ပြောင်းလိုက်တာနဲ့ အားလုံး အဆင်ပြေသွားပါပြီ။

Plugin
ပြောင်းရန်

Sunday, November 21, 2010

ဆန်ရေ

လောကမှာ အထူးအဆန်တွေ ဆိုတာ နေ့တိုင်း ကြုံတွေ့ ကြားသိနေရတာပါ။ ဒီလိုဘဲ ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာလေ တစ်ခုကို မှတ်မှတ်ရရရှိနေဆဲပါပဲ။ အဲ့ဒီ နေ့ကပေါ့ လူတစ်ယောက် ကျွန်တော့ဆေးခန်းကို အလျင်စလိုနဲ့ တခါးလာခေါက်တယ်။ ဒီလောက် ရေးကြီးသုတ်ပျာနိုင်တဲ့ တံခါးခေါက်သံမျိုး အရင်တုန်းက တစ်ခါမှ မတွေ့ဖူးပါဘူး။ ကျွန်တော်လည်း စိတ်မရှည်တော့တာနဲ့

“ကဲ..ကဲ .. ၀င်သာလာခဲ့တော့ဟေး၊ အဲ့ဒီလောက် အရေးကြီးနေလည်း ၀င်သာလာခဲ့တော့ “ ဟုပြောလိုက်သည်။ အဖြစ်အပျက်က ကျွန်တော် အလွန်အံသြသွားတယ် အခန်းထဲကို ၀င်လာတာက ပုံမှန် ၀င်လာတက်တဲ့ ပုံစံမဟုတ်ဘဲ ကလေးမလေးတစ်ယောက် ကြောက်ကြောက်နဲ့ဝင်လာတာကို တွေ့ရတယ်။ ကလေးမလေ ကြည့်တော့လည်း အလွန်ဆုံးရှိမှ ၉ နှစ်လောက်ပဲ ရှိမယ်ထင်တယ်။ သူ့ကြည့်ရတာလည်း စိတ်ထဲမှာ တော်တော်လေး အခက်တွေ့နေတဲ့ ပုံလေပါပဲ။ ကလေးမလေးကပဲ ကျွန်တော့်ကို သေချာကြည့်ပြီး
“ ဒေါက်တာ.. သမီးနဲ့အတူလိုက် ခဲ့ပါနော်၊ သမီးမေမေလေ အိမ်မှာ တစ်ယောက်တည်း ဖျားပြီး အိပ်ယာထဲမှာ လဲနေပါတယ်၊ “ ဟု တောင်းပန်စကား ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်က

“ဒေါက်တာက အိမ်တွေကို လိုက်မကုဘူး သမီးရဲ့၊ သမီးမေမေကိုသာ ဒီကိုခေါ်လာခဲ့ပါ” လို့ ပြန်ပြောလိုက်ပါတယ်။ သူမကပဲဆက်ပြီး

“လိုက်ခဲ့ပါဒေါက်တာရယ် သမီးမေမေက အရမ်းဖျားနေလို့ပါ၊ ဒေါက်တာလိုက်မှ ဖြစ်မှာမို့ပါ၊ သမီးမေမေ သေသွားမှာ ဆိုးလို့ပါ ဒေါက်တာရယ် “ ဟု မျက်လုံးလေး အ၀ိုင်းသားနှင့် လှိုက်လှိုက်လှဲလှဲ ပြောနေသည်။ သူမရဲ့ မျက်ဝန်းမှာလည်း မျက်ရည်လေးတွေ ၀ိုင်းလာပါတယ်။ သူမရဲ့ အားကိုးတဲ့ အကြည့်တွေကြောင့် ကျွန်တော်လည်း အိမ်လိုက်ကုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကလေးမလေးက ကျွန်တော့်ကို ဦးဆောင်ပြီး အိမ်ကို လမ်းပြပြီး ခေါ်ဆောင်သွားပါတယ်။ အိမ်ရောက်တော့ သူမရဲ့ မိခင်က အိပ်ယာထဲမှာ အပြင်းဖျားနေရှာပြီး ခေါင်းတောင်မထောင် နိုင်တော့ပါဘူး။ ဒါနဲ့ ကျွန်တော်လည်း အဖျားကျအောင် အစွမ်းကုန် ကုသပေးလိုက်ပါတယ်။ ကလေးမလေးသာ နာရီအနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် သူမညတွင်းချင်း သေဆုံးသွားနိုင်ပါတယ်။ အဖျားကတော်တော်နဲ့ မကျတာ မိုးလင်းတဲ့ အထိပါပဲ။ မနက်ရောက်တော့ သူမကြည့်ရတာ တော်တော်သက်သာလာတဲ့ အနေအထားပါဘဲ။

“ကဲ ကျွန်တော်ပြန်လိုက်ဦးမယ်၊ နောက်နှစ်ရက်လောက်နေရင် ကျွန်တော် ပြန်လာခဲ့ပါ့မယ်၊ နေကောင်းသွားမှာပါ “ ကျွန်တော်အားပေးစကားဆိုလိုက်သည်။ ကလေးမလေး၏ မိခင်က
“ဘယ်လိုကျေးဇူး ဆပ်ရမှန်းတောင် မသိတော့ပါဘူး ဒေါက်တာရယ်” ဟု အားမရှိသည့်ကြားမှ ကြိုးစား၍ ပြောရှာသည်။ ကျွန်တော်က ဆက်ပြီး

“ခင်ဗျား တကယ်ဆို သေလူဖြစ်နေပြီ၊ ဒါပေမဲ့ ခင်ဗျားသမီးလေး အချိန်မှီ လာခေါ်လို့သာ ခင်ဗျားကံကောင်းသွားတာ၊ သူပဲ ကျွန်တော့ကို ဒီကိုရောက်အောင် ခေါ်လာတာလေ၊ ခင်ဗျားသမီးလေးကတော့ တကယ့်ကို အဖိုးတန် သမီးလေးပါပဲဗျာ”

ကျွန်တော်က ကလေးမလေး၏ မိခင်ကို ဂုဏ်ယူစွာနဲ့ ပြန်ခါနီး နှူတ်ဆက်တဲ့ အနေနဲ့ ပြောလိုက်မိတယ်။ ကလေးမလေး၏ မိခင်က ကျွန်တော့်ကို အံသြတဲ့ အကြည့်နဲ့

“ကျွန်မရဲ့ သမီးလေးက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဆုံးသွားပါပြီ၊ ဟိုနံရံပေါ်က ဓာတ်ပုံက သမီးလေးရဲ့ ပုံပါ။ ဒေါက်တာ သူ့ကိုသိလို့လား”
နံရံပေါ်က ဓာတ်ပုံလေးကို ညွန်ပြရင်း ပြောသည်။

ကျွန်တော်ရဲ့ မျက်လုံးတို့က နံရံပေါ်က ကလေးမလေး ရဲ့ ဓာတ်ပုံကို သေချာကြည့်လိုက်မိသည်။ ရုတ်တရက် ကျောက်ရုပ်ပမာ မင်သက်မိသွားပြီး နောက် ကျွန်တော်တစ်ချက် ပြူံးလိုက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့………

ကျွန်တော့်ဆေးခန်းကို အလျင်စလို တံခါးလာခေါက်တဲ့သူ၊ ကျွန်တော်ကို့ ဒီအိမ်ရောက်အောင် လမ်းပြခဲ့တဲ့ သမီးလေးဟာ ဘယ်သူလဲဆိုတာ ကျွန်တော်သိလိုက်တဲ့အချိန်မှာတော့... ၅၂၈ သွယ်သော မေတ္တာတရားက အလွန်ထူးဆန်းပါလာဆိုတာ ကျွန်တော် သဘောပေါက်လိုက်မိပါတယ်။ သြော် .. ဆန်ရေ . ဆန်ရေ… လောကမှာ မိဘမေတ္တာ စုန်ရေသာရှိပြီး သားသမီးတို့ဘက်မှတုန့်ပြန်သော ဆန်ရေ အလွန်ရှားပါးသည်ဆိုသော်လည်း.. မေတ္တာရေဆန်ကို ယနေ့ညတွင် ကိုယ်တိုင် တွေ့ကြုံခဲ့ရခဲ့ပါတကာ…………

Black Theme and Icons


ကျွန်တော်ဒီရက်ပိုင်း စာမဖတ်ဖြစ်လို့ ကျွန်တော့်မှာ ရှိနေတဲ့ Theme လေးတွေ Icon လေးတွေကိုပဲ သူငယ်ချင်းတွေအတွက် အပျင်းပြေသုံးဖို့ ဝေမျှပေးလိုက်ပါတယ်။ Window 7 Black Theme လေးပါ။ အနက်ရောင် Crazy များအတွက်တော့ နှစ်သက်စရာပါ။ Soccer ချစ်သူများ အတွက်လည်း Football Icon လေးတွေလည်း တစ်ခါတည်း ဝေမျှထားပါတယ်။ တစ်ခြား Icon လှလှလေးတွေပါ ထည့်သွင်းပေး ထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။

Black Theme
Other
W7
Football 1
Football 2

Friday, November 19, 2010

ကိုယ်တိုင် Web Page တစ်ခု ဖန်တီး ကြည့်ချင် တယ် ဆိုရင်

ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်က တောင်းလို့ တင်ပေးလိုက်တာဖြစ်ပါတယ်။ ကိုယ်တိုင် Sever Hosting ၀ယ်ပြီ ကိုယ်တိုင် Templates ကို စိတ်ကြိုက်ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအနေနဲ့ အဆင်ပြေမှာပါ။ ကိုယ်တိုင် hosting ( Hosting ၀ယ်ချင်လျင် ဒီဆိုဒ်မှာ ၀ယ်နိုင်သည်.) ၀ယ်ပြီ ဆိုဒ်တစ်ခု လုပ်မယ်ဆိုရင် Word Press Templates နဲ့ဆို အဆင်ပြေတက်ပေမဲ့ Blogger Templates တွေတော့ အသုံးပြုလို့မရပါဘူး။ ဒါကြောင့် ကိုယ်တိုင်ကလဲ PHP,HTML , CSS တစ်ခုမှ နားမလည်ရင်တောင် အလွယ်လေ့လာ စမ်းသပ်လို့ကောင်းတဲ့ Software လေးပါ။ အဲ့ဒီ Tool တွေသာ မကပါဘူး။ ကျန်တဲ့ Tool တွေကိုလည် လေ့လာ နိုင်ပါတယ်။ အောက်မှာ ပုံလေးနဲ့ မြင်သာအောင် ပြထားပါတယ်။ အသေးစိတ်တော့ မတင်ပြပေးတော့ဘူး။ HTML စာအုပ်တွေ CSS စာအုပ်တွေ PHP စာအုပ်တွေ ပေါင်းပြီသာ လေ့လာလိုက်ပါ။ ကျွန်တော်တောင် ကျွန်တော် အကို (စိုးဧပရယ်မွန်ဆိုဒ် ပိုင်ရှင်) ပြောပြမှ သိခဲ့တာပါ။ ဒါကြောင့် ကျေးဇူးတင်မယ်ဆို ကျွန်တော် အကိုကြီးကို အရင်ကျေးဇူးတင်ပါ။ အခုတော့ ကျွန်တော် Portable Dreamweaver 8 ကို တင်ပေးလိုက်ပါတယ်။ full version လဲ ရှိပါတယ်။ ကျွန်တော် ထပ်တင်ပေးပါမည်။ အခုတော့ Portable Dreamweaver 8 ကို အရင် အသုံးချကြည့်ပါအုံး။



Portable Dreamweaver 8

Window 8 ?

ကျွန်တော်ဒီနေ့ Window7 သုံးနေတဲ့ သူငယ်ချင်းများအတွက် တစ်မူထူးခြားတဲ့ အသွင်လေးဖြစ်တဲ့ Window8 Theme လေးကို စေတနာ ဗလပွနဲ့ ဝေမျှလိုက်ပါတယ်.:D Window 7 ရဲ့ လုပ်ဆောင်ချက် အတိုင်းလုပ်ဆောင်ပေမယ့် အမြင်ကတော့ တော်တော်လေးကို သိသိသာသာ ပြောင်းလဲသွားမှာပါ။ သူများနဲ့မတူ တစ်မူထူးချင်တဲ့ သူငယ်ချင်းများ အတွက်တော့ ဒီ Theme လေးကတော့ အဆင်ပြေစေမှာပါ။ သုံးရတာလည်း အဆင်ပြေပါတယ်။ အောက်မှာပေးထားတဲ့ Folder လေးကို Download ချပြီး C:\Windows\Resources\Themes ထဲကို ထည့်ပေးလိုက်ရင် သူငယ်ချင်းတို့ လိုချင်တဲ့ Theme လေးကို ရရှိနိုင်ပါပြီ။

Window8

Thursday, November 18, 2010

faceBook FC

faceBook Instant
ပထမဆုံး FaceBook ကနေ Service လုပ်ပေးလိုက်တဲ့ FaceBook Instant ဆိုတဲ့ Search Engine လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ Google နဲ့ Microsoft တို့ အားပြိုင်နေချိန်မှာ Google ကိုအန်တုမယ့် FaceBook ရဲ့ ခြေလှမ်းတစ်ခု ဆိုလည်းမမှားပါဘူး။ ဘာကြောင့်လဲဆိုတော့ Facebook ထဲကို Login ၀င်စရာမလိုဘဲ FaceBook ထဲမှာရှိတဲ့ သူငယ်ချင်းတွေရဲ့ Comments, Events,Status အပြင် အခြားအရာတွေကိုလည်း Post အနေနဲ့ ဖော်ပြပေးထားတဲ့ အတွက် ရှာဖွေကြည့်ရူဖို့ အဆင်ပြေပါတယ်။ FaceBook ထဲမှာ ရှာချင်တဲ့ အရာကို Keyword လေး တစ်စွန်းတစ်စ ရိုက်ထည့်ပေးရုံနဲ့ အကုန်ဖော်ပြပေးတဲ့အတွက် FaceBook သုံးစွဲသူတွေ အတွက်ကတော့ အင်မတန် နှစ်ခြိုက်စေမည် ဆိုတာ ရဲရဲကြီး အာမခံပေးလိုက်ပါတယ်ဗျာ။ နောက်ထပ် ထွက်လာမယ့် FaceBook ရဲ့ Service တွေကိုလည်း စောင့်စားရင်ခုန် ကြည့်ရအောင်နော်။ အောက်ကလင့်လေးမှာ သွားရောက်ရှာဖွေ ကြည့်ရအောင်။


FaceBook Discovery

ကဲ…FaceBookကိုကို မမတွေအတွက် FaceBookရဲ့ စေတနာလေး တစ်ခုကို ကြည့်ကြရအောင်။ သူ့ကိုတော့ FacebookDiscovery လို့ခေါ်ပါတယ်။ ဘယ်နေရာမှာ သုံးရမလဲဆိုတော့ ကျွန်တော်တို့ တစ်ခါတစ်လေ နက်မကောင်းလို့ Facebook ၀င်မရတာမျိုး၊ တစ်ချို့ရုံးတွေ၊ ကျောင်းတွေမှာဆို Facebook ၀င်လို့မရအောင် ပိတ်ထားတာမျိုး တွေမှာ Facebook ထဲက မိမိရဲ့ ဘော်ဒါတွေ နဲ့ Chat ချင်တဲ့ အခါမျိုးမှာ သုံးလို့ရပါတယ်။ ပြောမယ်ဆိုရင် Gtalk Chat လိုပုံစံလေးပါပဲ။ ဒါပေမယ့် Eng လိုပဲ စာရိုက်ပြီး ချက်လို့ရပါတယ်။ ရုပ်ပြောင်လေးတွေထည်း တစ်ခါထည်း ထည့်ပေးထားပါသေးတယ်။ သူ့ရဲ့ Theme လေးတွေကိုလည်း မိမိစိတ်ကြိုက် အရောင်လေးတွေ ပြောင်းလို့ရသလို Message Alarm လေးတွေ ထည့်သွင်းပေးထားပါတယ်။ နောက်တစ်ခု ထူးခြားတာက FaceBook ထဲကို Login မ၀င်ဘဲနဲ့ FaceBook Discovery လေးက နေပြီး မိမိစိတ်ကြိုက် Home Message လေးကို English လို ပြောင်းတင်လို့ ရပါတယ်။ ကျန်တဲ့ တိုလီမိုလီ Tools လေးတွေကိုတော့ မိမိစိတ်ကြိုက်သာ ပြူလုပ်ခံစားကြည့် ကြပါ။ Window XP,7 & Vista အကုန်လုံးအတွက် အလုပ်လုပ်ပါတယ်။


ChitChat For FaceBook

နောက်တစ်ခုကတော့ ChitChat For FaceBook ဆိုတဲ့ Chat Software လေးတစ်ခုပါပဲ။ သူကလည်း အခုနပြောခဲ့တဲ့ FB Discovery လေးနဲ့သိပ်မကွာပါဘူး။ ဒါပေမယ့် သူက ဗမာလို မြင်ရတယ်ဗျ။ ဒါပေမယ့် မြန်မာလိုတော့ ရိုက်လို့တော့ မရဘူး။ မြန်မာလို မြင်ရတော့ မြန်မာတွေ အတွက်တော့ နည်းနည်းပို အဆင်ပြေတယ်လို့တော့ ပြောလို့ရပါတယ်။ မိမိကြိုက်နှစ်သက်ရာနဲ့ ချက်နိုင်စေဖို့ ဒီ Chitchat လေးပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။ အားလုံးပဲ အဆင်ပြေ ပျော်ရွင်ပါစေဗျာ။

Wednesday, November 17, 2010

Google Blacklist Plugin

Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် Firefox မှာ အသုံးပြုတဲ့ WAT လို အန္တာရယ်ရှိတဲ့ ဆိုဒ်တွေကို သတိပေးတဲ့ Plugin လေးကို Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် သတင်းပေးလိုက်ပါတယ်။ သူရဲ့ ထူးခြားချက်က google Search Engines မှာ မိမိ သိချင်တဲ့ အကြောင်းအရာတွေ ရှာတွေတဲ့ အခါမှာ google က blacklist သွင်းထားတဲ့ အန္တာရယ်ရှိတဲ့ဆိုဒ်တွေကို မဖွင့်မိ မကလစ်မိအောင် သတိပေးပါလိမ့်မယ်။ အောက်က ပုံလေးကို ကြည့်ရင် မြင်သာပါတယ်။ ကဲ Google chrome သုံးတဲ့ သူငယ်ချင်းတွေအတွက် သုံးသင့်တယ်လို့ ယူဆပါတယ်။



Download Google Blacklist

Windows 7 Service Pack 1

Window 7 ရဲ့ service pack 1 လေးပါ။ ဘာထူးခြားလာလဲလို့တော့ မမေးကြပါနဲ့။ System Properties မှာ ServicePack1ဆိုတဲ့ စာတန်းလေး ပိုလာတာရယ၊် အသေးစား Window Update လေးတွေပိုလာတာက လွဲရင် ဘာမှမထူးခြားပါဘူး။ (စတာနော်.....:D ထူးခြားမှူကိုတော့ ကိုယ်တိုင်သာခံစား ကြည့်ကြပါနော်) တင်ချင်တဲ့လူများ အားလုံးအဆင်ပြေအောင် IS0 ဖိုင်လေးရယ်၊ Image Burner ဆော့ဝဲလေးရယ် တင်ပေးလိုက်ပါတယ်။ (မတင်ချင်တဲ့လူများ ဒီနေရာနေ ဒီပို့စ်ကို ဆက်ဖတ်စရာ မလိုတော့ပါဘူး..:D)။ Image Burner လေးကို Run ပြီး DVD အခွေလွတ်ထဲမှာ ISO ဖိုင်လေးကို အရင်ဆုံး Burn ထုတ်လိုက်ပါ။ ပြီးရင် Burn လို့ရလာတဲ့ DVD ထဲမှာ Setup File လေးတွေ့ ရပါလိမ့်မယ်။ Setup လုပ်ပေးလိုက်ရင် သူ့ဘာသာ စက်က Install လုပ်ပေးပါလိမ့်မယ်။ Installing လုပ်နေစဉ် အတွင်းမှာ Shut Down ကျလိုက်ပြန်တက်လာလိုက်နဲ့ သူ့ဘာသူ အလုပ်လုပ်နေပါလိမ့်မယ်။ နောက်ဆုံးပြီးသွားရင် ပုံမှန်အတိုင်း Window တက်လာပါလိမ့်မယ်။ တက်လာတဲ့ Window ကတော့ Service pack 1 လေးပေါ့။ ကဲ လိုမယ်ထင်ရင် ဒေါင်းလိုက်ကြပါဦး။

အင်းမေ့ဘန်နာ
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၎
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀

Tuesday, November 16, 2010

Linux Ubuntu 10.04 အတွက် အဆင်ပြေမည့် မြန်မာ Font

ကျွန်တော် Linux Ubuntu 10.04 သုံးတဲ့ သူငယ်ချင်းတွေ မြန်မာ Font အဆင်မပြေတာတွေ ရှိခဲ့ရင် ကျွန်တော်လက် ရှိအသုံးပြုနေတဲ့ အဆင်ပြေတဲ့ Font လေးကို တင်ပေးလိုက်ပါတယ်။ အသေးစိတ် ရှင်းပြမပေးတော့ဘူး ။ Linux က အသုံးနည်းပါတယ်။ ဒါပေမဲ့ ကျွန်တော် လိုအပ်ရင် အလွယ် ပြန်ရှာလို့ရအောင် မှတ်စုသဘောမျိုး တင်လိုက်တာပါ။ ဒါပေမဲ့ ကျွန်တော်လို သူငယ်ချင်းများ လိုအပ်တာ ရှိခဲ့ရင်လည် အသုံးပြုရ လွယ်ကူအောင်ဖြစ်ပါတယ်။ အသေးစိတ် ရှင်းထားပြီးသာဖြစ်လို့ ညဏ်ကူလိုက်တာနဲ့ အဆင်ပြေသွားပါမည်။ မရဘူးဆိုရင်လည် ပြန်ပြောပါ။ ကျွန်တော် နားလည်သလို ပြန်ရေးပေးပါမည်။ အခုတော့ စာအုပ်နဲ့ Font ဖိုင်ကို တင်ပေးလိုက်ပါတယ်။ Linux အကြောင်း နည်းနည်းစီ ကြားဖြတ် တင်ပြပေးပါမည်။

မှုလဆိုဒ်က တိုက်ရိုက် လေ့လာ ဒေါင်းလုပ်ခါချင်လျင်

zawgyi-keyboard.googlecode.com

ချက်ချင် လိုချင်လျင်
MM Font Install ပြုလုပ်နည်း စာအုပ်
Zawgyi Font

A+ Seventh Edition စာအုပ်ကောင်းလေးပါ


ကျွန်တော်ကို ညီလေးတွေ သူငယ်ချင်းတွေက ပြောကျတယ် ကွန်ပျူတာကို ဘယ်က စလေ့လာရမလဲလို့ ။ ကျွန်တော်လဲ ပြောပါတယ် hardware ရဲ့ အကြောင်းတွေ Windows ရဲ့ Tool တွေကို လေ့လာဖို့ အမြဲတိုက်တွန်းပါတယ်။ ကိုယ်သုံးနေတဲ့ စက်ကို တကယ်လက်တွေ့နားလည်းဖို့က အဓိက ကျပါတယ်။ ကျန်တဲ့ Programming တွေ အရင် မလေ့လာခင် မိမိ အသုံးပြုနေတဲ့ ကွန်ပျူတာ တစ်လုံးကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြုတက်ဖို့ အရင်လေ့လာ မှတ်သာဖို့လည် အဓိကျပါတယ်။ ဒါမျိုးဆိုတာကလဲ ကိုယ်ကိုယ်ကလဲ လေ့လာ မှတ်သာ သင်ယူမှ ရပါတယ်။ ဒါကြောင့် စာဖတ်ပါ။ လေ့လာပါ သင်ယူပါလို့ဘဲ ပြောရပါမည်။ hardware နဲ့ ပတ်သက်ပြီ အရင်ကတော့ ရေးပေးမလို့ပါဘဲ။ ဒါပေမဲ့ ဆရာဇော်လင်းရေးထားတဲ့ စာအုပ်တွေ ၊ အွန်းလိုင်က နည်းပညာ ဖြန့်ဝေတဲ့ ဆိုဒ်တွေ တော်တော် များများ တင်ပြထားတာတွေ အရမ်းကောင်းတာတွေ ရှိပါတယ်။ အဲ့ဒါတွေ ဖတ်ရင် အဆင်ပြေပါတယ်။ နောက် နည်းနည်း နားလည် တက်ကျွမ်း ကိုယ်တိုင် အင်္ဂလိပ်လို တိုက်ရိုက် ဖတ်မှတ်နိုင်ပါတယ်။ ကျွန်တော် အလျင်သင့်သလို မိတ်ဆွေ သူငယ်ချင်းများ ရေးထားတဲ့ hardware အကြောင်းများကို ပြန်လည် ဝေမျှ ပေးပါမည်။ အခုတော့ A+ Seventh Edition ကို နောက်ဆုံး version ကို တင်ပေးလိုက်ပါတယ်။ ကျွန်တော် အရင်ကလည် A+ 6th Edition ကို တင်ပြပေးခဲ့ပါတယ်။ အခုနောက်ဆုံး စာအုပ်ကတော့ တော်တော်ကို နားလည်ရ လွယ်ကူ အဆင်ပြေလှပါတယ်။ လိုအပ်မယ်ဆိုရင် အောက်မှာ Download ချလိုက်ပါ။


Download

စဉ်းစားစရာ


လူသားကောင်းကျိုးလုပ်ဆောင်တဲ့ နေရာမှာ သူ့လူမျိုး၊ ကိုယ့်လူမျိုး ၊ သူ့ဘာသာ ၊ ကိုယ့်ဘာသာ ၊ ကိုယ့်ခေါင်းဆောင် သူ့ခေါင်းဆောင်ဆိုတဲ့ ခေါင်းစဉ်တွေအောက်က ကျွန်တော်တို့ ထွက်ဖို့ အချိန်တန်ပြီလို့ ယူဆပါတယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ ပြည်သူတွေ ကောင်းစားဖို့ နိုင်ငံတော်ကြီး တိုးတက်ဖို့ဆိုရင် ဘာဖြစ်လို့ ခေါင်းစဉ်တွေ အောက်က လူတွေ မထွက်နိုင်ကြရတာလဲ ၊ စဉ်းစားစရာပါ။ တစ်ဦးတစ်ယောက်ထပ် ပိုတဲ့ အရာတိုင်းဟာမူတွေကွဲပြား လုပ်ဆောင်ချက်တွေ မတူညီတာတွေ ရှိကြတာ သဘာဝပါဘဲ။ လူတိုင်းဟာ ကိုယ့်ကိုယ်ကိုတော့ အများအကျိုး လုပ်ဆောင်နေကျတယ်လို့ ကြွေးကြော်ကြတယ်။ ဒါပေမဲ့ ကိုယ့်လိုဘဲ အများအကျိုး လုပ်ဆောင်နေတဲ့ လူတွေကို တို့နဲ့ မတူ ရန်သူ အမြင်ကွဲပြားရင် မတူ ခြားနားလှတယ်လို့ သတ်မှတ်ကြလား၊ စဉ်းစားစရာ။

ဒီလိုဘဲ ဘာသာရေး အမည်ခံပြီး ဘာသာတရား အသိတွေ ခေါင်းပါးနေရင် ဘာသာတရားရှိတဲ့ လူလို့ ဆိုနိုင်မလား၊ စဉ်းစားစရာ။ ဗုဒ္ဓဘာသာ လို့ အမည်ခံထားပြီ ဘာသာတရားရဲ့အနှစ်သာရတော့ ဘယ်သူမှ တကယ်လိုက်ပါ လုပ်ဆောင်တာ မရှိခဲ့ဘူးဆိုရင် ဗုဒ္ဓဘာသာလို့ ဆိုနိုင်မလား၊ စဉ်းစားစရာ။ အဲ့ဒီလိုဘဲ ဟိန္ဒူဘာသာ ၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလာမ် ဘာသာ ရယ်လို့ ခေါင်းစဉ်တွေ အောက်မှာ အမည်တွေခံ၊ အာဃတတွေ ထားပြီး အပြိုင် ရန်ဆွယ်နေမည့်အစား အဲ့ဒီ ဘုရားတွေ ဟောခဲ့တဲ့ ငြိမ်းချမ်းရေးတရားတွေကို သူထပ်ငါ အပြိုင် ဘာလို့ မလုပ်နိုင်ကြရတာလဲ ၊ စဉ်းစားစရာ။ အဲ့ဒီ ဘုရားတွေအကုန်လုံးက လောကကြီး ငြိမ်းချမ်းဖို့ဘဲ ဟောခဲ့ကြတာ လမ်းညွှန်ခဲ့ကြတာ မဟုတ်လား။ ဒါဆို ဘာဖြစ်လို့ မငြိမ်းချမ်းနေကျတာလဲ ၊ အဖြေက ရှင်းပါတယ်။ ဘာသာရေး အမည်ခံတွေ ပေါများနေပြီး ၊ ဘာသာရေး အသိတွေ ခေါင်းပါးနေပြီဆိုတာ သေချာနေလို့ပေါ့။

ဒီလိုဘဲ နိုင်ငံရေးမှာလည် ဘယ်ပါတီ ညာပါတီတွေ မှိုလိုပေါက်နေပါစေ ။ သူတို့ အားလုံးရဲ့ ရည်ရွယ်ချက် ၊ ရည်မှန်းချက်က နိုင်ငံတော်ကြီး တိုးတက်ဖို့ ဆိုရင် ဘာကြောင့် အခုချိန်ထိ သူတို့ လက်တွဲ မလုပ်ဆောင်နိုင်ကြရတာလဲ၊ စဉ်းစားစရာ။ မတူကွဲပြားတဲ့ ခေါင်းစဉ်တွေအောက်မှာ တခုတည်းသော ရည်ရွယ်ချက်က နိုင်ငံတော်ကြီး တိုးတက်ဖို့ ပြည်သူတွေ ချမ်းသာရာ ရဖို့ ဆိုရင် ဘာကြောင့် မညီညွတ်ကြရတာလဲ ၊ စဉ်းစားစရာ။

ဒီလိုဘဲ ခေါင်းဆောင်နဲ့ ပြည်သူကြားမှာလဲ ကိုယ့်အဆင့်ကို တကယ် နားလည်းကြရဲ့လာဆိုတာ ၊ စဉ်းစားစရာ။ တကယ်တော့ ခေါင်းဆောင်တွေဆိုတာ အရှင်သခင်မဟုတ်သလို ပြည်သူတွေ ဆိုတာ ကျေးကျွန်တွေ မဟုတ်ကြဘူး။ ဒါဆို ဘယ်သူတွေက အရှင်သခင်ဖြစ်သင့်လဲ ၊ စဉ်းစားစရာ။ တကယ်တော့ ခေါင်းဆောင်ဆိုတာ ကျေးကျွန်ဖြစ်ပြီး အရှင်သခင်ဆိုတာ ပြည်သူလူထုဖြစ်တယ်။ ဒါဆို အရှင်သခင်ဖြစ်တဲ့ ပြည်သူတွေကို ကျေးကျွန်းဖြစ်တဲ့ ခေါင်းဆောင်တွေက ဘာကြောင့် အသက်အိုးအိမ်း စည်းစိမ်းကို မကာကွယ်ပေးနိုင်ရတာလဲ၊ စဉ်းစားစရာပါ။ ခေါင်းဆောင်ဆိုတာ ကိုယ်ဘာဖြစ်ချင်သလဲ ဆိုတာထပ် ပြည်သူတွေ ဘာဖြစ်ချင်သလဲ ဘာလုပ်ဆောင်ပေးစေချင်လဲဆိုတာ အဓိက လုပ်ဆောင်ပေးတက်တဲ့ ခေါင်းဆောင်မျိုး ဖြစ်ရဲ့လာဆိုတာ ၊ စဉ်းစားစရာ။

နောက်ဆုံး အနှစ်ချူပ် စဉ်းစားကြည့်လိုက်ရင် ခေါင်းစဉ်တွေ အမည်ခံပြီး ခေါင်းစဉ်အောက်က အနှစ်သာရ တွေကို လုပ်ဆောင်ကြဖို့မေ့နေကျတယ်။ ငါဆိုတဲ့ အတ္တတွေ ထားပြီ ကိုယ်စီ မာန်မာနတွေ ထားနေကြအုံးမယ်ဆိုရင် ………………

Monday, November 15, 2010

မြတ်ဆရာသို့

ဆရာသင်ကြား ၊ စွမ်းပကားကြောင့်
ခွန်အားပြည့်ဝ ၊ ဘ၀လှ၍
အရတော်ခဲ့ ရလေပြီ။

ဆရာသင်ပြ ၊ မှူ့ကိစ္စကြောင့်
ဘ၀ပုစ္ဆာ ၊ ပြဿနာကို
သေချာဖြေဆို ၊နိုင်ခဲ့ပြီ။

ဆရာဟောကြား ၊ မြတ်တရားကြောင့်
လမ်းမှားလမ်းမှန် ၊ အစစ်မှန်ကို
ဧကန်ခွဲခြား ၊ နိုင်ခဲ့ပြီ။

ဗလ၀စေတနာ၊ မြတ်ဆရာ၏
ဖြူဝါတပည့် ၊မခွဲကြည့်ဘဲ
တူဘိညီညာ ၊ စိတ်မဟာကို
လွန်စွာကြည်ညို ၊ မိလေပြီ။ (ရှင်ဥတ္တရ)

တိုင်တည်ခြင်း


မာနမသိ အမုန်းမရှိ
အလွမ်းပကတိ အရင်းတည်၍
ချစ်ခဲ့သည်မှာ သူနဲ့စတွေ့ကတည်းက။

နေ့ရောညပါ စက္ကန့်မခြား
တနယ်စီခြား ဝေးနေရတာ
စီမံချက်လား ကံကြမ္မာ။

ဆုတောင်းတိုင်းသာ ပြည့်စုံပါက
အလွမ်းမရှိ အမုန်းမသိ
ပန်းပန်းချီသို့ ညီညာဖြောင့်ဖြူး
လှရစ်ကျူး၍ ချစ်သူတိုင်းသာ
ဆုံစေရာ၏။

ဘ၀တိုက်ပွဲ ရင်ဆိုင်နွဲဖို့
ပညာရှာရင်း ဘောင်အတွင်းက
ကုန်လွန်ရွေ့လျား နေ့ရက်များကြောင့်
ချစ်သူမုန်းမှာ ကြောက်ပါ၏။
ကမ္ဘာတစ်ပတ် ပြည့်သည့်ခါတိုင်း
စိတ်ထင်လှိုင်းဝယ် သံသယများရှိလာသည့်အခါ
ကမ္ဘာသစ္စာ မိုးမြေတည်၍
ငါ၏မေတ္တာ တိမ်နက်ရာကို
နေမင်းကြီးကို မေးလှည့်ပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes