Tuesday, November 2, 2010

Driver Icon တွေကို Software မသုံးဘဲ ချိန်းလို့ရလာခင်ဗျာ။

ကျတော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ အခုလို နည်းလေးကို တင်ပြပေးရတာကလဲ မေးလာလို့ပါ။ နောင်တော် ညီတော်များရဲ့ ဆိုဒ်များမှ ရေးပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို လာမေးတဲ့ သူငယ်ချင်းလိုဘဲ မသိသေးတဲ့ သူငယ်ချင်းများ ကျွန်တော်ဆိုဒ်ကို ပုံမှန်အားပေးနေသော သူငယ်ချင်းများ မသိခဲ့ရင် Software မလိုဘဲ သုံးလို့ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။ ( Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။



4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။

1 comments:

Anonymous said...

အစ်ကိုရေ..
ကျေးဇူး တင်ပါတယ်..
ကျွန်တော်က ဒီလိုမျိုး ဆောပ်ဝဲလ် မသုံးတဲ့ နည်းတွေကို အရန်းကြိုက်ပါတယ်..
နောက်လည်းများများ တင်ပေး ပါလို့ ပြေားချင်ပါတယ်..
လေးစားလျှက်..
ကိုဆိုင်း...

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes