Friday, November 5, 2010

ဆရာ့ကျေးဇူး မြင့်မိုရ်ဦး


ဆရာ့ကျေးဇူး မြင့်မိုရ်ဦး

ဆာယာ” ဟူသည် ”အရိပ်” မည်၏။
တပည့်ကောင်းကျိုး
အရိပ်မိုး၍ ၊ ဘေးဆိုးကွယ်ကာ
စောင့်ရှောက်တာမို့
ဆာယာ….မှသည် ၊ ဆရာ.မည်၏

တပည့်တို့အပေါ်မှာ
ပညာရဲရင့် ၊ ပွဲလယ်တင့်ဖို့
သိပ္ပံဝိဇ္ဇာ ၊ မြတ်ပညာအား
သင်ကြားဖြန့်ဝေ ၊ တတ်စေလိုသည်
မငြိုနှလုံး ၊ ချိုအပြူံးဆင့်
သက်ဆုံးထက်ပန် ၊ မေတ္တာမှန်ကြောင့်
ငါးတန်ဗလ ၊ သန်စွမ်းရမည်
နိုးကြားတက်ကြွ ၊၀ီရိယက
ဇွဲရှိရမည် ၊ ဤသည်အမှား
ဤကားအမှန် ၊ ဝေဖန်သုံးသပ်
သိတတ်ရမည် ၊ ယုံကြည်မျှော်တွေး
ခရီးလမ်းမှာ ၊ ပန်းတိုင်းပွင့်စေ
ရနံ့ဝေ…….
စေတနာရှင် ၊ ဆရာပေတည်း။

တပည့်များအား
ခွဲခြားမဟူ ၊ ဖြူနှလုံးသား
ရင်ဝယ်သားသို့ ၊ ထားရှိစေတနာ
ဝါသနာနှင့်၊ အနစ်နာခံ
ရှင်သန်နိုးကြား ၊ ပီတိစား၍
ခွန်အားဖြစ်ရ ၊ဆရာ့ဘ၀..။
သြော်……..
ဒုတိယမိဘ ၊ ဆရာ့ကျေးဇူး
မြင့်မိုရ်ဦးသို့ ၊ရည်စူးကော်ရော်
ပူဇော်ဦးခိုက်ပါသတည်း…….။( အရှင်ဥတ္တရ )

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes