About

Thursday, January 27, 2011

Browser မရှိဘဲ Website ကြည့်မယ်

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

Sunday, January 23, 2011

Facebook Shortcuts

ကျွန်တော်ဒီနေ့ Facebook သုံးနေတဲ့ သူငယ်ချင်းများအတွက် Shortcut လေးတွေ တင်ပြပေးချင်ပါတယ်။ သိပြီးသား သူငယ်ချင်းများ အတွက်တော့ မရည်ရွယ်ပါဘူး။ Mouse သုံးရမယ့်နေရာ တစ်ခါတစ်လေ Keyboard shortcut လေးတွေနဲ့ မိမိလုပ်ချင်တာတွေ လုပ်ချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အဆင်ပြေစေမှာပါ။

• ALT + 0 – Help Center
• ALT + 1 – Your Homepage Facebook
• ALT + 2 – Your Profile
• ALT + 3 – Recent Friendship Requests
• ALT + 4 – Recent Messages
• ALT + 5 – Latest Notifications
• ALT + 6 – Your Account Settings
• ALT + 7 – Privacy
• ALT + 8 – Official Fan Page
• ALT + 9 – Facebook Terms/ Agreements
• ALT + m_ Compose a new Message
• ALT +? _ Search Box

တစ်ခုရှိတာက အသုံးပြူနေတဲ့ Browser ပေါ်မူတည်ပြီး နှိပ်ရမယ့် Key လေးတွေ နည်းနည်း ကွဲပါတယ်။Firefox မှာဆိုရင် Shift+Alt+0 လို့ Shift လေးခံပြီး ရိုက်ပေးရမှာ ဖြစ်ပါတယ်။Google Chrome မှာဆိုရင် Alt+0 လို့ရိုက်ပေး လိုက်ရုံပါပဲ။Internet Explorer မှာဆိုရင်တောAlt+0 လို့နှိပ်ပြီး Enter နှိပ်ပေးလိုက်ရုံပါပဲ။

Tuesday, January 18, 2011

Windows 7 Short Tools

Windows 7 မှာပါတဲ့ ထူးကဲတဲ့ shortcut ways လေးတွေပါ။ သိပြီးသား သူများအတွက် ကျွန်တော်မရည်ရွယ်ပါဘူး။ မသိသေးတဲ့ သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။

1. Drag to Desktop
တစ်ခါတစ်လေ အင်တာနက်မှာ သွားရင်းလာရင်း ပုံလှလှတွေ တစ်ပုံတစ်အောကြီး တွေ့တဲ့အခါ မိမိစက်ထဲမှာ သိမ်းထားချင်တတ်ကြပါတယ်။ အဲဒီအခါ တစ်ပုံချင်းကို Right Click နဲ့ တစ်ပုံချင်းသိမ်းတဲ့အခါ ပုံနည်းရင်တော့ ပြဿနာမရှိဘူးပေါ့။ ပုံများလာရင် စိတ်ညစ်မှာပေါ့။ ဒီလိုအခါမျိုးမှာဆို မြန်မြန်သိမ်းလို့ရအောင် ပုံလေးကို Click လေးထောက်ပြီး Desktop ပေါ်ဆွဲတင်လိုက်တာနဲ့ Desktop မှာ Safe ပြီးသား ဖြစ်သွားမှာပါ။ ကဲ ဘယ်လောက်မြန်လဲ။


2. Extend Option in Send to
နောက်တစ်ခုက Extend Option ကိုချဲ့ထွင်တဲ့ နည်းလမ်းလေးပါ။ မိမိတို့ သိမ်းချင်တဲ့ အရာတစ်ခုကို တစ်နေရာကနေ တစ်နေရာကို ရွေ့ထားချင်တဲ့အခါ Send to လေးနဲ့တစ်ခါတည်း ရွေ့လို့ရပါတယ်။ မိမိရွေ့ပြောင်းချင်တဲ့ တစ်ခုခုပေါ် Shift လေးထောက်ပြီး Right Click ကနေ Send to ကို ကြည့်လိုက်ရင် သွားလို့ရတဲ့ နေရာတွေ အများကြီးထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။


3. Run as Administrator
Cmd ကိုဖွင့်တဲ့အခါ Run as administrator နဲ့ ဖွင့်လိုတဲ့အခါ Cmd လေးကိုထောက်ပြီး Ctrl+Shift ပေါင်းနှိပ်ပြီး Click လုပ်ြပီး Run လိုက်ရင် Run as administrator အနေနဲ့ တစ်ခါတည်း ပွင့်သွားပါတယ်။


4. Quick Search
Folder တွေထဲမှာ သိမ်းထားတာတွေကို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ရှာချင်ရင်တော့ မိမိရှာချင်တဲ့ Folder ကိုဖွင့်ပြီး ညာဘက်အပေါ်ထောင့်လေးက Search Box လေးမှာ (*) လေးကို အသုံးပြူပီး ရှာလို့ရပါတယ်။ ရှာနည်းကတော့ avi ကိုရှာချင်ရင် *.avi, pdf ကိုရှာချင်ရင် *.pdf ဆိုပြီး ရှာလို့ရပါတယ်။ နောက်တစ်ခုက Size အနေနဲ့လည်း ရှာလို့ရပါတယ်။ ရှာနည်းကတော့ Size: လို့ရိုက်လိုက်တာနဲ့ ဘယ်လောက်ဆိုဒ်ကနေ ဘယ်လောက်အတွင်း ရှာချင်သလဲဆိုတာ အလိုလျောက် တစ်ခါတည်းပေါ် လာပေးမှာဖြစ်ပါတယ်။ (Search Code တွေလည်း အများကြီး ရှိပါသေးတယ်)။


5. Drag To Mail
ဒါလေးကတော့ မိမိမေးပို့စဉ် Attach လုပ်မယ့်အရာကို မြန်မြန်ဆန်ဆန် ဖြစ်အောင်ဆွဲထည့် နိုင်တဲ့ နည်းလမ်းလေးပါပဲ။ ပို့ချင်တဲ့ အရာတစ်ခုကို ပိုမယ့်လိပ်စာဖြစ်တဲ့ To ဆိုတဲ့နားလေးရောက်အောင် Drag ဆွဲထည့်လိုက်တာနဲ့ Attach လုပ်ပီးသား ဖြစ်သွားပါပီ။


Windows ကို ကျွမ်းကျင်စွာ အသုံးပြူတတ်ဖို့ တတ်နိုင်သမျှ စုစည်းဖော်ပြပေး လိုက်တာပါ။ အားလုံး အဆင်ပြေကြပါစေ။

Monday, January 17, 2011

Broadband Wireless Local Loop Connection အကြောင်း

Broadband Wireless Local Loop Connection ကတော့ အရင်ကတော့ အသုံးများခဲ့တဲ့ Broadband Connection အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ ADSL Broadband Connection ကိုမြန်မာနိုင်ငံမှာ အသုံးမပြုခင်တုံးက ဒီအမျိုးအစား Connection ကို အသုံးပြုရတာဖြစ်ပါတယ်။ Internet & e-mail Dial Up Services Connection အစား အဲဒီနေရာမှာအစားထိုးဝင်ရောက်လာတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ဖုန်းလိုင်းမရှိရင်လဲအသုံးပြုနိုင်တဲ့ Connection အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Dial Up Connection အမျိုးအစားထပ် အဆပေါင်းများစွာကွာခြားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Connection အမျိုးအစားဆိုတဲ့အတိုင်း high speed; high internet connection ကိုပေးခဲ့တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Wireless Local Loop Connection အမျိုးအစားမှာ Outdoor Unit နဲ့ Indoor Unit တို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။ မိမိတို့Computer မှာဆိုရင် LAN Connection အမျိုးအစားဖြင့် အသုံးပြုနိုင်ပါတယ်။ မိမိတို့ယူထားတဲ့ Connection Speed ပေါ်မူတည်ပြီးတော့ Computer တွေကို မိမိတို့စိတ်ကြိုက် Sharing ပေးပြီးတော့ အသုံးပြုနိုင်ပါတယ်။ IP Address နဲ့ e-mail ကိုလဲ မိမိတို့ယူထားတဲ့ Connection Speed အမျိုးအစားကိုလိုက်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ထပ်ပြီးတော့ E-mail Account ကိုလိုချင်ပါကလဲ ၀ယ်ယူလို့ရနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေတဲ့ Broadband Wireless Local Loop Connection Speed ကတော့ 512Kbps ကိုသုံးကြပါတယ်။ ဒီ Connection အမျိုးအစား ကတော့ ရန်ကုန်နဲ့မန္တလေးမြို့မှာသာ အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ မြန်မာ့ဆက်သွယ်ရေး (MPT) နှင့် Bagan Net တို့ကနေ Connection ကို ချထားပေးတာဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တယ်ဆိုရင် လုပ်ငန်းလိုင်စင်တို့၊ အခြားသက်ဆိုင်ရာအထောက်အထားများပြပြီးတော့ လျှောက်ထားနိုင်ပါတယ်။ အခုချိန်မှာဆိုရင်တော့ Broadband Wireless Local Loop Connection အမျိုးအစားတွေကို ချထားပေးခြင်းမျိုးကို မပြုလုပ်တော့ပါဘူး။ အရင်ယူထားတဲ့ Company တွေကိုသာ သီးသန့်အနေနဲ့ Connection ပေးထားတာမျိုးပဲရှိတော့ပါတယ်။ ဒီConnection မှာ VoIP လို့ခေါ်တဲ့ (Voice Over Internet Protocol) Services ကိုလဲ ၀န်ဆောင်မှုပေးပါတယ်။ VoIP ဖုန်းလိုချင်တယ် ဆိုရင်လဲ Connection လျှောက်ရင်းနဲ့တစ်ခါတည်းလျှောက်ထားလို့ရပါတယ်။ VoIP Phone အတွက်ဆိုရင် သီးသန့်အခကြေးငွေဖြင့်ဝယ်ယူရမှာဖြစ်ပါတယ်။ FEC -250 လောက်ကုန်ကျမှာဖြစ်ပြီးတော့၊ နံပါတ်ရဖို့အတွက်နံပါတ်ကြေး FEC- 20၊ ဖုန်းလိုင်းတပ်ဆင်ဖို့အတွက်တပ်ဆင်ခ FEC-30၊ နှစ်စဉ်ကြေး အဖြစ် FEC – 60 တော့ VoIP Phone လိုင်းအတွက်ကုန်ကျမှာဖြစ်ပါတယ်။ VoIP ဖုန်းကို Connection လိုင်းတစ်လိုင်းဆိုရင် တစ်လုံး လျှောက်ထားနိုင်ပါတယ်။ VoIP Phone အတွက် တစ်မိနစ်ကို နယ်ဝေးအတွက်ဆို (၂၅)ကျပ် နဲ့ မြို့တွင်းဆို (၁၅)ကျပ် အထွက်ဖုန်းတွေအတွက်ပေးဆောင်ရမှာဖြစ်ပါတယ်။ အ၀င်ဖုန်းအတွက်တော့ အခမဲ့ပါ။ Broadband Wireless Local Loop Connection 512Kbps Speed အမျိုးအစားအတွက် စစချင်းဆိုရင်တော့ One Time Installation Fees အတွက် - 1400FEC၊ နှစ်စဉ်ကြေး အတွက် - 60FEC၊ လစဉ်ကြေးအတွက် - 75FEC လောက်တော့ကုန်ကျမှာပါ။

Broadband Wireless Local Loop Connection အားသာချက် - Connection Speed က မြန်တယ်။ ၂၄နာရီ အချိန်းမရွေးအသုံးပြုနိုင်တယ်။ ကြီးမားတဲ့ e-mail attachment ဖိုင်တွေကိုအလျင်အမြန် Upload; Download ချနိုင်တယ်။ Voip Phone အတွက်ဆိုရင်တော့ ဖုန်းလိုင်းကျပ်တာတွေဘာတွေမရှိဘူး။ အချိန်မရွေးခေါ်ဆိုအသုံးပြုနိုင်တယ်။ Connection Speed က မြန်တဲ့ အလျှောက် Cost ကလဲ ပေးရတာနဲ့တန်အောင်အသုံးပြုနိုင်ပါတယ်။ Data တွေကို MB ကန့်သတ်ချက်မရှိ Upload; Download လုပ်နိုင်ပါတယ်။

Broadband Wireless Local Loop Connection အားနည်းချက် - ဒီ Connection ယူပြီးတော့ အသုံးပြုနေတဲ့ အနီးအနားပတ်ဝန်းကျင် မှာဆိုရင် Television; Satellite တွေမှာ အစင်းကြောင်းများ၊ ဖြောက်ထခြင်းများကို အနည်းနဲ့အများ ကြည့်လို့မရအောင် ထိဖြစ်ပေါ်နိုင်ပါတယ်။ အဆိုးဆုံးလို့ပြောလို့ရတဲ့အချက်တစ်ခုပါ။

ဒီလောက်နဲ့ပဲ Broadband Wireless Local Loop Connection ကြောင်း အဆုံးသတ်လိုက်ပါတော့မယ်။ အခုချိန်မှာလဲ ရန်ကုန်နှင့်မန္တလေးတို့မှာ ချထားပေးခြင်းမရှိတော့တဲ့အတွက် လူသိနည်းပြီးတော့ ဒီအမျိုးအစားရှိခဲ့မှန်းတောင် မသိတော့တဲ့အခြေအနေကို ရောက်နေပြီးတော့ ဒီနေရာလေးမှာပဲ Stop လိုက်ပါပြီခင်ဗျာ။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်းချက်များကိုတော့ ပိုးကောင်လေး သိထားတဲ့ဗဟုသုတလေးတွေပေါ်မှာ အခြေခံပြီးတော့ သုံးသပ်ပြထားတာတွေဖြစ်ပါတယ်။ အောက်ကပုံလေးတွေကိုကိုလေ့လာပြီးတော့ ဘယ်လိုမျိုး အသုံးပြုထားတယ်ဆိုတာနှင့်၊ ဘယ်လိုမျိုး ပစ္စည်းတွေပါတယ်ဆိုတာကို တော့အသေးစိတ်လေးပုံလေးတွေဆွဲပြထားပါတယ်။

Broadband Wireless Local Loop Connection ကို Outdoor Unit နှင့် Indoor Unit အသုံးပြုပြီးတော့ ISP ကနေတဆင့် Internet ကိုချိတ်ဆက်အသုံးပြုထားတဲ့ပုံလေးဖြစ်ပါတယ်။

ဒီပုံလေးကတော့ Company တစ်ခုရဲ့အတွင်းပိုင်းမှာ Broadband Wireless Local Loop ကိုအသုံးပြုထားတာဖြစ်ပြီးတော့ VoIP ဖုန်းပါ အသုံးပြုထားတဲ့ပုံလေးကိုလေ့လာလို့ရအောင် ပြထားတာဖြစ်ပါတယ်။

နောက်ဆုံးပုံလေးကတော့ မြေကြီးမှာပါ ကြိုးချပြီးတော့ Broadband Wireless Local Loop Connection ကို အသုံးပြုပြီးတော့ Local ထဲမှာ Switch တွေ၊ Router တွေအသုံးပြုပြီး Outdoor Unit နှင့် Indoor Unit တို့ကနေ ISP ကိုဆက်သွယ်ပြီးတော့ အင်တာနက်ချိတ်ထား ပုံကိုပြထားတာဖြစ်ပါတယ်။

ဒါကတော့ နံပါတ်(၃) အမျိုးအစားဖြစ်တဲ့ Broadband Wireless Local Loop Connection အကြောင်းပါ။


SOURCE။ ။မြန်မာမိသားစု

Bat Files သင်ခန်းစာ (၇)

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

ဒီနေ့တော့ If ကဲ့သို့ပင် Condition စစ်သော Choice Command အကြောင်းရှင်းပြပေးပါ့မယ်။ ဒီတစ်ခေါက် Choice Command အကြောင်းကတော့ ဘာသာပြန်ထားပြီးတော့ ကျနော့်ရေးပုံရေးနည်းဘက်ကို နည်းနည်း ပြန်ပြောင်းထားပါတယ်။ မူရင်းရေးသားသူကတော့ ဘယ်သူမှန်းမသိပေမယ့် CHOICE နဲ့ ပတ်သက်ပြီးတော့ သူရေးထားတဲ့ မူရင်းကတော့ တော်တော်ကောင်းတယ်ဗျ… အကယ်လို့ များ Choice နဲ့ ပတ်သက်ပြီး နားမလည်ခဲ့ရင်တော့ ကျနော့် ရဲ့ ဘာသာပြန်ညံ့ဖျင်းမှုနဲ့ အတူ မူရင်းရေးသားပုံရေးသားနည်းကနေ ကျနော့်ရေးပုံရေးနည်းကို ပြောင်းလိုက်တဲ့အခါမှာဖြစ်လာတဲ့ လိုအပ်ချက်ကြောင့် မကောင်းခြင်းလို့သာ မှတ်ယူပေးပါ။
CHOICE command ကို မပြောခင် ကျနော်တို့ Error Level အကြောင်းကို အရင်ဆွေးနွေးကြည့်ပါမယ်။
Error Level ဆိုတာကတော့ Program က သူပြီးဆုံးသွားတဲ့ အချိန်မှာ သတ်မှတ်လိုက်တဲ့ အချက်တစ်ချက်ပါ။
ဥပမာ… ကျနော်တို့ ဟာ bat file တစ်ခုကို run နေစဉ်မှာ Program မပြီးဆုံးသေးဘဲနဲ့ CTRL+C ကို နှိပ်လိုက်လို့ ရပ်သွားရတဲ့ ဖြစ်ရပ်မျိုးမှာ ဆိုရင် Error Level ကို 3 လို့ သတ်မှတ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ Program ဟာ သူ့ လုပ်ငန်းအားလုံး ပြီးဆုံးသွားလို့ ပုံမှန် ပြီးဆုံးခြင်းမျိုးနဲ့ ဘာအနှောက်အယှက်မှ မရှိဘဲပြီးခဲ့ရင်တော့ Error Level ကို 0 ဟု သတ်မှတ်ပါတယ်။ Error Level တွေဟာ သူ့ဟာနဲ့သူ သီးခြားရပ်တည်နေတဲ့ အခါမျိုးမှာတော့ ဘာမှ ပြဿနာမရှိနိုင်ပေမယ့် (သို့) အသုံးမ၀င်နိုင်ပေမယ့် သူတို့ကို CHOICE ဒါမှမဟုတ် IF ERROR LEVEL တို့နဲ့ တွဲလိုက်တဲ့ အခါမှာတော့ သူတို့ဟာ အရမ်းကို ****** လာပါလိမ့်မယ်။
CHOICE command ကတော့ Keyboard ကနေပြီးတော့ user က ရိုက်ထည့်တာတွေကို လက်ခံပြီးတော့ key တစ်ခုခု နှိပ်လိုက်တဲ့ အခါမှာ error level ကို ထုတ်ပေးမှာဖြစ်ပါတယ်။ သူ့ရဲ့ ရေးပုံရေးနည်းကတော့ CHOICE [string][/C:keys][/S][/N][/T:key,secs]အဲဒီ့ Code တွေတစ်ခုချင်းဆီရဲ့ အဓိပ္ပါယ်ကို ရှင်းပြပါ့မယ်။ string ဆိုတဲ့ အပိုင်းက သိပ်တော့အရေးမကြီးပါဘူး။ သူက CHOICE command run တဲ့အခါမှာ လိုချင်တဲ့ စာသားတစ်ခုခုကို ပြသပေးယုံပါ။
/C:keys ဆိုတာကတော့ User က ရိုက်လိုက်မယ့် ဖြစ်နိုင်ချေရှိတဲ့ key တွေကို ညွှန်းတာပါ။ အကယ်လို့သာ key တွေကို ကြိုတင်မသတ်မှတ်ထားဘူးဆိုရင်တော့ သူ့ရဲ့ default က Y/N ဖြစ်ပါတယ်။ အောက်က ဥပမာလေးကို လေ့လာကြည့်ရအောင်ပါ….
CHOICE /C:A1T0
အပေါ်က Code မှာ ဆိုရင်တော့ ကျနော့်တို့ဟာ A ၊ 1 ၊ T နဲ့ 0 တို့ကို ဖြစ်နိုင်ချေရှိတဲ့ key တွေအနေနဲ့ သတ်မှတ်ထားပါတယ်။ Program ကို run လိုက်တဲ့ အချိန်မှာ User က သာ ကျနော်တို့ မသတ်မှတ်ထားတဲ့ key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင်တော့ User အနေနဲ့ တီ ဆိုတဲ့ အသံလေးကြားရမှာဖြစ်ပြီးတော့ Program ကတော့ သူလိုအပ်တဲ့ အဖြေမရောက်လာမချင်း ဆက် run နေပါလိမ့်မယ်။ ဒါဆိုရင်တော့ /C:keys အပိုင်းကို သိပါပြီ။
နောက်တစ်ခုအနေနဲ့ /S ကိုရှင်းပြပေးပါ့မယ်။ သူကတော့ ကျနော်တို့ ခုနက /C:keys အပိုင်းမှာ ကြိုတင်သတ်မှတ်ထားတဲ့ key တွေကို case sensitive အဖြစ်သတ်မှတ်တာပါ။ ထိုသို့သတ်မှတ်ချင်းအားဖြင့် ကျနော်တို့ Program ဟာ A (အကြီး) ဟုသတ်မှတ်ထားပါက user မှ A (အကြီး) ကို လက်ခံမရရှိမခြင်း အလုပ်မလုပ်တော့ပါဘူး။ ထို့ကြောင့် A ချင်းတူတာတောင်မှ အလုပ်မလုပ်တဲ့ အဖြစ်ကို တွေ့ရှိရမှာပါ။
/N အကြောင်းရှင်းပြပါ့မယ်။ /N ဆိုတာကတော့ ကျနော်တို့ ခုနက code ကို run တုန်းမှာ တွေ့ရမယ့် [A,1,T,0]? ဆိုတာ ကို မတွေ့ရတော့ဘဲနဲ့ အမည်းရောက်ပြောင်ကိုဘဲတွေ့ရမှာပါ။ ထိုသို့ /N ခံခြင်းအားဖြင့် ကျနော်တို့ ဘာကို ကြိုတင်သတ်မှတ်ထားတယ်ဆိုတာ ကို မသိရတော့ပါဘူး။ ပြီးတော့ စိတ်ကြိုက်စာသားနဲ့လည်း User ဆီကနေ key တစ်ခုစီကို လက်ခံနိုင်ပါလိမ့်မယ်။ ဥပမာ…
@echo off
echo Please Choose Yes[Y] or No[N]
CHOICE /C:YN /N
အဲဒါဆိုရင်တော့ Please Choose Yes[Y] or No[N] ဆိုပြီးတော့ သာ အမဲရောင် screen ပေါ်မှာ ပြသပေးမှာပါ။
/N ပါတာမပါတာကို ခုထိနားမလည်ရင်တော့ အပေါ်က ဥပမာမှာ /N ဖြုတ်ပြီးသာ run လိုက်ပါ။ သိရပါလိ့မ်မယ်။
/T:key အကြောင်းဆက်လက် ရှင်းပြပေးပါ့မယ်။ သူကတော့ default key ကို ရည်ညွှန်းပါတယ်။အကယ်လို့များ ကျနော်တို့ ကြိုတင်သတ်မှတ်ထားတဲ့ key တစ်ခုခုထဲက user က တစ်ခုမှ မရွေးဘဲ ဒီတိုင်းထားရင် အချိန်ကန့်သတ်ချက် တစ်ခုကိုေ၇ာက်တဲ့ အခါမှာတော့ /T နဲ့ program ကို default key တစ်ခုကို ရွေးခိုင်းလိုက်တာပါ။ ဥပမာအားဖြင့်….
CHOICE Choose Browser /C:NI /T:I=.5
အပေါ်က Code ကို run မယ်ဆိုရင်တော့ Choose Browser[N,I]? ဆိုပြီးပြမှာပါ.. အကယ်လို့ User က ၅ စက္ကန့်အတွင်း ဘယ် key ကိုမှ မရွေးခဲ့ဘူးဆိုရင်တော့ Program က default အနေနဲ့ I ကို ရွေးလိုက်မှာပါ။
ဒီလောက်ဆိုရင်တော့ Choice Command ကို အကြမ်းဖျင်းသိလောက်ပြီထင်ပါတယ်။ နောက်နေ့မှာတော့ CHOICE နဲ့ အတူ IF ERROR LEVEL ဆိုတဲ့ Command ကို အသုံးပြုပြီးတော့ error level သတ်မှတ်တဲ့ ပုံစံကို ရှင်းပြပေးပါ့မယ်။ ဒီနေ့တော့ CHOICE နဲ့ တင်ရပ်ထားပါ့မယ်။ CHOICE နဲ့ ပတ်သက်ပြီး အိမ်မှာ ကိုယ့်ဟာကိုယ် .bat လေးတွေရေးကြည့်ကြပေါ့… ပျော်ဖို့ကောင်းပါတယ်။
စောင့်မျှော်ဖတ်ရှုပေးသူများကို ကျေးဇူးတင်လျက်…
SYKO

written by SYKO

Friday, January 14, 2011

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …


၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။
၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။
၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။ ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။
၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။
၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင် ဝင်လာမဲ့မေးလ်ကို စောင့်နေလိမ့်မယ်။
၆ ။ Roll Playing Game တွေကို ကစားရင်း အွန်လိုင်းမှာ ရန်ဖြစ်ဖူးတဲ့ လူတွေကို အပြင်မှာ တကယ့်ရန်သူအဖြစ် ထင်မြင်လာမယ် ။

စတဲ့ အချက်တွေ ဖြစ်လာပီဆိုရင် အဲဒီလူတစ်ယောက်ဟာ Netaholic ဖြစ်လာနိုင်မဲ့အလားအလာပါပဲ ။ နောက်ပိုင်းမှာ ဒီထက်ဆိုးဝါလာရင်တော့ အင်တာနက်သာပထမ ၊ အင်တာနက်သာ ဒုတိယ ဖြစ်လာပြီး အင်တာနက်မရှိရင် အသက်မရှင်ချင်တော့ဘူး အထိဖြစ်လာနိုင်ပါတယ် ။

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

Cyberwidows သို့မဟုတ် Computer widows ဆိုတာကတော့ ကိုယ်ရဲ့ အိမ်ထောင်ဖက် (ယောကျာ်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ်) က Netaholic တစ်ယောက်ဖြစ်နေ ပီး NetGame တွေဆော့လိုက် ၊ နက်ထဲက Information တွေအငမ်းမရရှာဖွေလိုက် ၊အင်တာနက်ထဲက ကိုယ်နဲ့ မသိဖူး တဲ့ လူပေါင်းများစွာနဲ့ ချက်တင် တက် စကားပြောရင်း အချိန်တွေကုန် မိသားစု အတွက် ၊ ကိုယ့်သားသမီးတွေ အတွက် ဘာမှစိတ်မဝင်စားနိုင်တော့အတွက် အိမ်ထောင်ရဲ့ဒုက္ခ သုက္ခ တွေကို ရင်စီး ခံကြရရှာတဲ့ အိမ်ထောင်ရှင်များကို ခေါ် တာပါ ။ သိပ္ပံပညာရှင်တွေ ၊ စိတ်ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ အင်တာနက်စွဲလမ်းမှု ပြသနာဟာ နောက်အနာဂါတ်မှာ စိတ်ရောဂါတွေထဲမှာ နံပါတ် ၁ အနေအထား ဖြစ်လာနိုင်ပါတယ် ။ ဒါကြောင့်ဖွင့်ဖြိုးပီး နိုင်ငံ များမှာတော့ Netaholic နဲ့ Cyberwidows ပြသနာများကိုဖြေရှင်းနိုင်ဖို့ Online Cilinic တွေ ဖွင့်လှစ်လာကြပါတယ် ။အင်တာနက်နဲ့ပက်သက်ပီး စိတ်ရောဂါဖြစ်နေတဲ့လူတွေကို အွန်လိုင်းဒေါက်တာတွေနဲ့ပဲ ကုနိုင်မယ်ဆိုတဲ့ အတွေးခေါ်နဲ့ပါ ။ ကျွန်တော် တို့ ဆီမှာ ဒီပြသနာတွေ ထင်ထင်ရှားရှား လူသိမများသေးပေမဲ့ အင်တာနက်စွဲလမ်းသူ များလာတာနဲ့အမျှ ပက်သက်ဆက်နွှယ်ရာ ပတ်ဝန်းကျင်ကိုပါ ဒုက္ခတွေများလာနိုင်တာကြောင့် ညောင်သီးလည်းစား လေးသံလည်းနားထောင်ရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ကြပါစေ …………..။ ( ကိုရုပ်ဆိုး သီးကုံးသည်။)

Thursday, January 13, 2011

iPSTAR Broadband Connection အကြောင်း!!!

ဒီ Connection အမျိုးအစားကတော့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုသုံးပြီးတော့ Internet Connection ကော၊ ဖုန်းလိုင်း ကော နှစ်မျိုးလုံးအသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ iPSTAR Connection ကလဲ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက်ဝန်ဆောင်မှုများအနက်မှ Broadband Connection အမျိုးအစားတစ်မျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာဒေသတွေမှာ ဖုန်းလိုင်းအသုံးပြုချင်လို့ iPSTAR Connection ကိုအသုံးများကြတာဖြစ်ပါတယ်။ အရင်တုံးကတော့ အထက်တန်းကျောင်းတွေမှာ e-Learing အတွက်အသုံးပြုကြတယ်။ ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာတောင် iPSTAR ဖုန်းဆိုပြီးတော့ ၀န်ဆောင်မှုပေးတာတွေလဲ အရင်နှစ်တွေတုံးကတော့ ရှိခဲ့ဘူးတယ်။ (၂၀၀၀ခုနှစ် ကျော်လောက်ကထင်တယ်။ ပိုးကောင်လေးတို့ သွားတုံးက သတိထားမိတာပါ။ iPSTAR phone ဆိုပြီးတော့ ဖုန်းဆက်သွယ်အသုံးပြုနေတာကိုတွေ့ဘူးတယ်။) iPSTAR Connection ကို လိုချင်တယ်ဆိုရင်တော့ MPT မှာလျှောက်ထားနိုင်ပါတယ်။ ဆက်သွယ်ရေးခက်ခဲ့တဲ့နေရာတွေမှာ လုပ်ငန်းအတွက်သုံးမယ်ဆိုလဲ လုပ်ငန်းလိုင်စင်တို့၊ လိုအပ်တာတွေ တင်ပြပြီးတော့ မြန်မာဆက်သွယ်ရေးကို လျှောက်ထားနိုင်ပါတယ်။ အခုတော့ ပိုးကောင်လေး သိသလောက်ကတော့ သိပ်မချပေးတော့ပါဘူး။ iPSTAR Connection ဟာ ဂြိုလ်တုဆက်သွယ်ရေး စနစ်တစ်ခု ဖြစ်တာကြောင့် ဖုန်းလိုင်း (Cable Phone Line) ရှိစရာမလိုပါဘူး။ သူ့မှာ Internet; e-mail ; Phone Line တို့ကို တချိန်တည်း၊ တပြိုင်နက် တည်းအသုံးပြုနိုင်ပါတယ်။ အချိန်းမရွေး (7days and 24 hours) နေ့ညမပျက်အသုံးပြုနိုင်ပါတယ်။ မီးမလာရင်တောင်မှ Watt (2000) လောက်ရှိတဲ့ အင်ဗတာ သို့မဟုတ် မီးစက်တို့ဖြင့်လည်းအသုံးပြုနိုင်ပါတယ်။ iPSTAR Connection ရဲ့ Satellite Dish (စလောင်းဗန်း) ကိုတော့ ၂ပေ၊ ၄ပေ ဆိုပြီးတော့ အသုံးပြုကြပါတယ်။ (ပုံမှာ Satellite Dish တပ်ဆင်ထားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်။) iPSTAR Connection တစ်ခုလျှောက်လိုက်ပြီးဆိုတာနဲ့ ဖုန်းလိုင်း (၄)လိုင်းကို တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုး Digital Phone တွေနဲ့တော့ နံပါတ်ကတော့မတူပါဘူး။ သူ့ဖုန်းမှာ ဂဏန်းကတော့ (၇)လုံး ရှိပါတယ်။ ၃၃၅၅၆၆၇ တို့လိုမျိုး၊ ၄၄၂၂၈၈၁ တို့လိုမျိုး (၃၃နဲ့၄၄) စတဲ့ ဖုန်းလိုင်းမျိုးတွေဖြစ်ပါတယ်။ ဖုန်းခေါ်ခနှုန်းကတော့ တစ်မိနစ်ကို (၅၀)ကျပ်ကို မြန်မာငွေပေးဆောင်ရမှာဖြစ်ပါတယ်။ အ၀င်ဖုန်းခေါ်ဆိုမှု အတွက် ဖုန်းခပေးစရာမလိုပါဘူး။ အထွက်ခေါ်ဆိုမှုအတွက်သာ ပေးဆောင်ရမှာဖြစ်ပါတယ်။ ဖုန်း လေးလုံးရှိတယ်ဆို လေးလုံးလုံး တပြိုင်တည်း ဖုန်းပြောနိုင်ပါတယ်။ ဖုန်းကြေးကိုလဲ တစ်လုံးချင်းဆီ ဆောင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြား (oversea call )ကိုလဲ Digital Phone လိုမျိုးခေါ်ဆိုနိုင်ပါတယ်။ ကျသင့်ငွေကတော့ Digital Phone အတိုင်းကျသင့်ပြီးတော့ FEC နဲ့ဆောင်ရမှာဖြစ်ပါတယ်။ ဖုန်းကြေးဆောင်ရမယ့် နေရာနဲ့ဝေးတဲ့နေရာတွေမှာဆိုရင်တော့ ပုံသေဖုန်းကြေးကိုဆောင်ထားလို့ရပါတယ်။ တစ်လကို တစ်သိန်းနဲ့ ပုံသေ ဖုန်းကြေးဆောင်ထားလို့ ရပါတယ်။ အဲဒီတစ်သိန်းဆောင်ထားမယ်ဆိုရင် ဘယ်လောက်ဖုန်းပြောပြော တစ်လအတွက် အပြီး တစ်သိန်းဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့ အချိန်များတယ်ဆိုရင်တော့ တန်မယ်ပေါ့ဗျာ။ မများရင်တော့ မတန်ဘူးပေါ့။ iPSTAR Broadband Connection မှာ VoIP (Voice Over Internet Protocol) ကိုလဲအသုံးပြုနိုင်ပါတယ်။ VoIP အတွက်ဆိုရင်တော့ ဖုန်းပြောခက မတူပါဘူး။ နည်းနည်းများသွားမှာဖြစ်ပါတယ်။ iPSTAR Connection ဖုန်းလိုင်းကိုတော့ရိုးရိုးဖုန်းလိုင်းလိုမျိုး အသံကြည်လင်ပြတ်သားစွာ ကြားနိုင်ပါတယ်။ iPSTAR Connection တပ်ဆင်မယ်ဆိုရင်တော့ သိန်း (၅၄)သိန်း ကုန်ကျမှာဖြစ်ပါတယ်။ တပ်ဆင်စရိတ်တွေ၊ ပညာရှင်ခတွေ (ကျွှမ်းကျင်တဲ့လူတပ်ဆင်ပေးမှသာ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ လိုင်းဖမ်းဖို့အတွက်၊ (ခေါင်းမိုးပေါ်မှာလိုင်းမိတာလား၊ မြေကြီးပေါ်မှာပဲ ဒီတိုင်းလိုင်းမိတာလား ဆိုတာ စမ်းသပ်ဖို့အတွက်)၊ ကွန်ပြူတာတွေနဲ့ချိတ်ဆက်ဖို့ အတွက်) ခရီးအလိုက်ကုန်ကျမယ့် စရိတ်တွေ မပါသေးပါဘူး။ ဖုန်းလိုင်းအတွက်လဲ တစ်နှစ်ကိုနှစ်စဉ်ကြေး ဖုန်း(၄)လုံးအတွက် (၆၀၀၀၀) ကျပ်ဆောင်ရမှာဖြစ်ပါတယ်။ iPSTAR Broadband Connection ကို အင်တာနက်အဖြစ်ပါ အသုံးပြုချင်တယ်ဆိုရင်တော့ Sharing နဲ့ Delicated ဆိုပြီတော့ နှစ်မျိုးရှိပါတယ်။ Sharing ဆိုတာကတော့ အင်တာနက်ကိုမိမိတို့တပ်ဆင်အသုံးပြုချိန်မှသာ Connection bandwidth ကိုဖွင့်ပေးမှာဖြစ်ပါတယ်။ Delicated ကတော့ မိမိတို့ အင်တာနက်ကို သုံးသုံး၊ မသုံးသုံး ၂၄နာရီ Connection bandwidth ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။ Connection Speed နဲ့ Fees ကြေးတွေကတော့ -

iPSTAR Broadband Connection Sharing Internet Fees အတွက် လစဉ်ကြေးတွေက-
128Kbps ဆိုရင် 60FEC ; 192Bbps ဆိုရင် 90FEC; 256Kbps ဆိုရင် 120FEC

iPSTAR Broadband Connection Delicated Fees အတွက်လစဉ်ကြေးတွေက-
128Kbps – 240FEC; 192Kbps – 360FEC; 256Kbps – 480; 512Kbps – 960FEC

အားလုံး Connection အမျိုးအစားတွေအတွက် Data Limit ကတော့ ကန့်သတ်ချက်မရှိပါဘူးခင်ဗျာ။ Sharing Internet Connection ကိုတော့ ရိုးရိုးအသုံးပြုတဲ့သူတွေအတွက်အဆင်ပြေမှာပါ။ Delicated Internet Connection အတွက်ဆိုရင်တော့ သိပ်ဟန်မယ်မထင်ပါဘူး။ Internet Fees ကြေးက လေးဆလောက်ကွာနေလို့ပါ။ ဒါပေမယ့် ဖုန်းလိုင်းလေးလိုင်းလုံးမှာအသုံးပြုမယ်ဆိုရင်တော့ ဈေးသိပ်မကြီးဘူးလို့ ထင်ရပါမယ်။ ဖုန်းလိုင်းတစ်လိုင်းချင်းဆီအတွက်ဆိုရင်တော့ ဈေးကများတယ်လို့ထင်ရမှာပါ။

iPSTAR Broadband Connection အားနည်းချက် - ဖုန်းလိုင်းလေးလိုင်းလုံးအသုံးပြုမှသာလျှင် ပိုက်ဆံအကုန်အကျသက်သာမယ်လို့ ထင်ရပါတယ်။ ကုန်ကျစရိတ်ကလဲအရမ်းများပါတယ်။ စက်တစ်ခုခုပျက်ခဲ့ရင်လဲ မိမိတို့ကိုယ်တိုင်အလွယ်တကူမပြင်နိုင်လို့ ပညာရှင်တွေကို ခေါ်ယူရမယ်ဆိုရင် အရမ်းဝေးတဲ့ဒေသတွေဖြစ်နေရင်တော့ လာစရိတ်၊ စားစရိတ်၊ ပေးစရိတ်နဲ့ ကာမိမှာမဟုတ်ပါဘူး။ Internet Connection သုံးမယ်ဆိုရင်လဲ အခု Connection Speed တွေထပ်စရာ နှေးနေတာတွေရှိပါတယ်။ တစ်ယောက်တည်းသုံးဖို့အတွက်ဆိုရင်တော့ မသုံးသင့်ပါဘူး။

iPSTAR Broadband Connection အားသာချက် - ဝေးလံတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြုနိုင်လို့အဆင်ပြေနိုင်ပါတယ်။ တယ်လီဖုန်းကြိုးလိုင်းမလိုလို့ ဖုန်းလိုင်း အတွက်လဲပူစရာမလိုလို့ ဖုန်းလိုင်းအနေနဲ့သုံးမယ်ဆိုရင်လဲကောင်းပါတယ်။ ဖုန်းလေးလုံးလဲ တစ်ပြိုင်တည်းအသုံးပြုနိုင်သလို၊ အင်တာနက်လဲ အသုံးပြုနိုင်တဲ့အတွက် ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေအတွက်ဆိုရင်တော့ အသုံးပြု သင့်တဲ့ Connection အမျိုးအစားတစ်မျိုးလဲဖြစ်ပါတယ်။



ဒါကတော့မနေ့ကအဆက် နံပါတ်(၂) ဖြစ်တဲ့ IPSTAR Connection အကြောင်းပါ။

SOURCE။ ။မြန်မာမိသားစု

Wednesday, January 12, 2011

မြန်မာနိုင်ငံတွင်အသုံးပြုနေသော Internet Connection များအကြောင်း

ဆိုဒ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအတွက် ရောက်ပြန်မဖြစ်ရလေအောင် စာဖတ်သူများ အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ကြိုးစားဝေမျှပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေး ကတော့ လက်ရှိမြန်မာပြည်မှာ အသုံးပြူနေကြတဲ့ အင်တာနက်ကွန်နက်ရှင် များအကြောင်းပါ။ ဒီအကြောင်းကို မြန်မာမိသားစုဖိုရမ်မှ ကိုပိုးကောင်လေး ရေးသားထားတာပါ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဖတ်ရတာ အရသာမပျက်အောင် မူလအတိုင်းဝေမျှလိုက်ပါတယ်။

အားလုံးအတွက် ဗဟုသုတရအောင် နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Internet Connection တွေအကြောင်းကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိုရေးဖြစ်တာပါ။ အားလုံးလဲ သိပြီးသား ဖြစ်ချင်လဲဖြစ်မှာပါ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection က ဘာအမျိုးအစားတွေရှိတယ်။ ဘယ်လိုမျိုးအသုံးပြုနိုင်တယ် ဆိုတဲ့ ဗဟုသုတလေး ဖြစ်ဖြစ်ရအောင်ပါ။ Internet Connection တွေအကြောင်းကိုလဲ တစ်နေရာတည်းမှာ ဗဟုသုတအနေနဲ့ ဖတ်လို့ရအောင် ပုံလေးတွေ၊ စာလေးတွေနဲ့ တတ်နိုင်သလောက် အသေးစိတ်လေး ဖော်ပြပေးထားပါတယ်။ မှားနေတဲ့အချက်အလက်တွေ၊ နဲ့အခြားကြည့်မရတဲ့ အချက်အလက်တွေရှိရင် နားလည် ခွင့်လွှတ်ပြီးတော့ သည်းခံပေးကြပါခင်ဗျာ။ (ဒါကတော့ နိဒါန်းပေါ့ဗျာ။ . . . . )


မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection များထဲမှ လူသိများပြီးတော့၊ အထင်ရှားဆုံးဖြစ်နေတဲ့ Connection အမျိုးအစားတွေကို ပြောပြပေးမယ်။ ပထမဆုံးအနေနဲ့ အသုံးပြုမည့်သူတွေဟာ Internet Connection အသုံးပြုတော့မယ်ဆိုရင် မိမိတို့ဘာအတွက် Internet Connection ကိုအသုံးပြုမှာလဲ ဆိုတာကိုအရင်ဆုံးစဉ်းစားရပါမယ်။ ဥပမာ - Website တွေကြည့်မယ်၊ Data တွေကို Download; Upload လုပ်မယ် (ဒေါင်းမယ်၊ တင်မယ်ဆိုတဲ့နေရာမှာ အနည်းငယ်လောက်ပဲရှိတဲ့ ဖိုင်ဆိုဒ်အမျိုးအစားကိုဆိုလိုတာ ပါခင်ဗျာ။) ချက်တင်းလုပ်မယ်၊ မေလ်းပို့မယ်၊ ကွန်နက်ရှင်ကောင်းရင် စကားပြောမယ်ဆိုရင်တော့ Dial Up Connection ကိုအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် အခြားလုပ်ဆောင်ချက်တွေကော၊ ကွန်ပြူတာကိုတစ်လုံးမက ၅လုံးလောက်ကို Sharing လုပ်ပြီးသုံးမယ်ဆိုရင်တော့ Broadband Connection အမျိုးအစားထဲက တစ်ခုခုကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Company; Office နဲ့အခြား Hotel; University တွေမှာဆိုရင်တော့ ADSL Connection ကို Speed နည်းတဲ့ဟာမျိုး၊ မိမိတို့Company အလိုက်ဘယ်လိုမျိုးသုံးရင် ပိုအဆင်ပြေမလဲဆိုတာကို သေချာစဉ်းစာပြီးတော့ Internet Connection အမျိုးအစားတွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ အောက်မှာ Internet Connection အမျိုးအစားတွေဖြစ်ပါတယ်။

1. Dial Up Connection (Dialup Connection မှာနောက်တစ်မျိုး Internet & E-mail Dial up Service ဆိုတာလဲရှိပါတယ်။)
2.iPSTAR Connection
3. Broadband Wireless Local Loop (WLL Connection လို့ခေါ်သလို၊ Broadband connection လိုလဲခေါ်ပါတယ်။)
4. ADSL (Asynchronous Digital Subscriber Line) Broad Band Connection
5. ADSL (Asynchronous Digital Subscriber Line) 2 Broadband Connection
6. ADSL 2+ (Asynchronous Digital Subscriber Line) )Broadband Connection
7. WiMAX (Worldwide Interoperability for Microwave Access) Connection
8. Wi-Fi Wireless Connection တို့ဖြစ်ပါတယ်။

အပေါ်က Internet Connection အမျိုးအစားအားလုံးကို မြန်မာ့ဆက်သွယ်ရေး (MPT: Ministry of Post and Telecommunication) နဲ့ Bagan Net တို့ကနေ ISP (Internet Service Provider) အဖြစ်အသုံးပြုနေတာ ဖြစ်ပါတယ်။ အောက်မှာ တစ်ခုချင်းစီရဲ့ အသုံးပြုပုံနဲ့ အခြား သိသင့်တာတွေ ဆက်ဖတ်ကြည့်ရအောင်။

1. Dial Up Connection
Dial Up Connection ကိုအသုံးပြုမယ်ဆိုရင် စရိတ်အသက်သာဆုံးနဲ့အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ပထမဆုံးလိုအပ်တာတွေကတော့ Desktop Computer (သို့) Laptop; Phone Line; Modem and ISP (Internet Service Provider) တို့လိုအပ်ပါတယ်။ Operating System အနေနဲ့လဲ သိပ်အများကြီးမလိုအပ်ပါဘူး။ အဲဒါကြောင့် ကွန်ပြူတာအမျိုးအစား၊ Hard Disk Space; Memory ; OS ဘယ်အမျိုးအစားရယ်လို့ စိတ်ပူနေစရာမလိုပါဘူးခင်ဗျာ။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာဒေသတွင်မဆို Computer; Digital Phone Line; Modem; Access Kit တို့ရှိပါက အချိန်မရွေးတပ်ဆင်အသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။

Desktop Computer (or) Laptop နဲ့ Phone Line ရှိပြီဆိုတာနဲ့ Modem ကိုအရင်ဆုံးရှာရပါမယ်။ ဘာဖြစ်လို့ Modem လိုအပ်လဲဆိုရင်တော့ Computer ကနေနားလည်လက်ခံတဲ့ Digital Data တွေကို Analog data (အသံလိုမျိုး) အဖြစ်ပြောင်းပေးမယ့် ကြားခံပစ္စည်းတစ်ခုဖြစ်ပါတယ်။ မိမိတို့ Modem ကနေ Analog data တွေကို ဖုန်းလိုင်းကနေတဆင့် အခြား Modem ကို ရောက်သွားမယ်။ ပြီးတော့အခြား Modem ကနေ မိမိတို့ကွန်ပြူတာတွေဆီကို Digital data အဖြစ်ပြန်လဲပေးပို့ပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ Modem ရဲ့ Speed ကိုတော့ Kbps (Kilo Bit Per Second)နဲ့သတ်မှတ်ပါတယ်။ Modem ပစ္စည်းဝယ်တိုင်း သူတို့ရဲ့ နံမည်အမျိုးအစားပြီးရင် Data ပို့လွှတ်နိုင်တဲ့ Speed (52Kbps; 56Kbps ဆိုပြီးတော့)ကို ဖော်ပြထားတတ်ကြပါတယ်။ Desktop မှာဆိုရင်တော့ Modem ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါတယ်။ Modem ကတော့ အမျိုးအစားအနေနဲ့ Internal Modem နဲ့ External Modem ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ Internal Modem ကတော့ ကွန်ပြူတာအတွင်းထဲမှာ PCI Expansion Slot တစ်ခုထဲမှာထည့်ပြီးတော့အသုံးပြုနိုင်တဲ့ Board အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ External Modem ကတော့ ကွန်ပြူတာ ဘေးမှာပဲဖြစ်ဖြစ် တစ်နေရာရာမှာထားပြီးတော့ ပလပ်ထိုးပြီးတော့ အသုံးပြုရတဲ့ Box လေးနဲ့ဖြစ်ပါတယ်။ Internal Modem ထပ်နည်းနည်းဈေးကြီးပြီးတော့ Speed နည်းနည်းနေပါတယ်။ အများဆုံးကတော့ မျက်စိရှင်း သက်သာအောင် Internal Modem ကို အသုံးပြုပါတယ်။ Sharing လုပ်ပြီးသုံးချင်ရင်တော့ External Modem ကိုအသုံးပြုနိုင်ပါတယ်။ Modem Card ၀ယ်တဲ့အခါမှာပါလာတဲ့ Modem Driver ကို Install လုပ်ပြီးတော့ ကွန်ပြူတာတွင် Modem ကိုစတင်အသုံးပြုနိုင်မှာဖြစ် ပါတယ်။ Laptop မှာတော့ Modem ကို တစ်ပါတည်း ပါတတ်ကြပါတယ်။ Laptop Modem ကတော့ တစ်ခါတည်းပါဝင်နေလို့ Install လုပ်စရာမလိုပါဘူးခင်ဗျာ။ ရိုးရိုး Modem ထပ်အနည်းငယ် Speed လဲမြန်ပြီးတော့ ဖုန်းလိုင်းနဲ့ချိတ်ဆက် အသုံးပြုရင်လဲ အလွယ်တကူ ချိတ်ဆက် နိုင်ပါတယ်။

Phone Line အနေနဲ့ကတော့ Digital Phone Line ဖြစ်ရပါ့မယ်။ Dial Up Connection အသုံးပြုနေတဲ့ အချိန်မှာတော့ ဖုန်းကို အ၀င်၊ အထွက် အသုံးပြုလို့ရနိုင်မှာမဟုတ်ပါဘူး။ ဖုန်းလိုင်းနဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုနေတာဖြစ်လို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေမှာဆိုရင် အခက်အခဲအနည်းငယ်တော့ရှိနိုင်ပါတယ်။ မိမိတို့အိမ်ဖုန်းကနေတဆင့် အသုံးပြုရမှာဖြစ်လို့ ရုံးအဖွဲ့အစည်း၊ အင်တာနက်ဆိုင်နဲ့ အခြားဖုန်း အသုံးပြုမှုတွေများတဲ့ မနက်ပိုင်းနဲ့ညနေပိုင်းမှာတော့ Connection Speed ကနှေးနေတတ်ပါတယ်။ ညပိုင်းနဲ့မနက်စောစော ဆိုရင်တော့ Modem Speed အတိုင်း Internet Connection Speed ကိုအပြည့်အ၀ ရနိုင်မှာဖြစ်ပါတယ်။

ISP (Internet Service Provider) အနေနဲ့ကတော့ Dial Up Connection အတွက် Bagan Net ကနေ ရောင်းချတဲ့ Access Kit ကို ၀ယ်ယူ ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ Access Kit ကိုဝယ်ယူဖို့အတွက် လျှောက်လွှာတင်စရာမလိုပါဘူးခင်ဗျာ။ Access Kit မှာပါတဲ့ User Name နဲ့ Password ကိုရိုက်ထည့်ပြီးတော့ Internet Connection ကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့အသုံးပြုချင်တဲ့ Access Kit အချိန်အမျိုးအစား (၁၅နာရီ၊ နာရီ ၃၀၊ နာရီ ၆၀) ကိုလိုက်ပြီးတော့ နီးစပ်ရာ Internet Café; Cyber နဲ့အခြားစတိုးဆိုင်များမှာ ၀ယ်ယူရရှိနိုင် ပါတယ်။ Access Kit ထဲမှာ User Name and Password တို့အပြင် မိမိတို့အသုံပြုနေတဲ့ Operating System အမျိုးအစားအလိုက် ဘယ်လိုချိတ်ဆက်အသုံးပြုရမယ် ဆိုတာကို ဖော်ပြပေးထားတဲ့ စာရွက်လေးလဲပါဝင်ပါတယ်။ အခုတော့ အောက်ကလင့်လေးကနေတဆင့် Dial Up Connection ချိတ်ဆက်မှုကို လေ့လာနိုင်ပါတယ်ခင်ဗျာ။

Start > Control Panel >Network Connection ကိုရောက်အောင်သွားပါ။ (သို့) Start > Connect to > Show all Connection ကနေလဲ တိုက်ရိုက်သွားနိုင်ပါတယ်။ ပြီးရင်တော့ Network Connections Box ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ Network Connection box ထဲမှ New Tasks အောက်ရှိ Create a New Connection ကိုနှိပ်ပါ။


အဲဒီနောက်မှာတော့ New Connection Wizard ဆိုတဲ့ Box လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်။


1. Connect to the Internet ကို Green Iron bubble လုပ်ထားပေးပါ။ ပြီးရင် Next ကိုဆက်လုပ်ပါ။


2. “Set up my connection manually” ကို Green iron bubble ရွေးပေးပါ။ နောက်ပြီးရင်တော့ Next ကိုဆက်ပြီးတော့ Click ဆက်လုပ်ပါ။


3. ပထမဆုံး “Connect using a dial up modem” ကိုရွေးချယ်လိုက်ပါ။ ပြီးရင် Next ကိုဆက်နှိပ်ပါ။


4. ISP Name နေရာတွင် “BganNet” သို့မဟုတ် “Myantel” ကိုရိုက်ထည့်ပေးပါ။ ထို့နောက် Next ကိုဆက်လက်နှိပ်ပေးပါ။


5. Phone number နေရာတွင် (146) ကိုရိုက်ထည့်ပါ။ 146 ကနေတဆင့် Internet Service Provider ကိုအဆက်အသွယ်လုပ်ပေးမှာဖြစ်ပါတယ်။ 146 လိုင်းကိုခေါ်ဆိုပြီးအသုံးပြုတဲ့အတွက် ဖုန်းဖိုးဝန်ဆောင်ခကို ပေးရမှာမဟုတ်ပါဘူး။


6. ထို့နောက် Internet Account Information နေရာတွင် UserName နဲ့ Password ကိုရိုက်ထည့်ပါ။ (User Name and Password ကတော့ Access kit ထဲမှာပါဝင်တဲ့ နံပါတ်လေးများဖြစ်ပါတယ်။) Confrim ဖြစ်အောင် Password ကိုနောက်တစ်ကြိမ်ပြန်ရိုက်ပါ။ ပြီးရင် Next ကိုဆက်လက်သွားပါ။


7. “Add a shortcut to this connection to my desktop” ကို check လုပ်လို့ရပါတယ်။ အဲဒါဆိုရင်တော့ မိမိ Desktop မှာ Connection ပုံစံလေးတစ်ခု ရောက်သွားမှာဖြစ်ပါတယ်။ မထားချင်ဘူးဆိုရင်လည်း ရပါတယ်။ Desktop မှာမထားဘူးဆိုရင် (Start >>Connect to>> BaganNet connection) ဆိုပြီးတော့အဆင့်ဆင့် သွားရပါမယ်။ ပြီးနောက် Finish ကို click လုပ်လိုက်ပါ။


8. Finish လုပ်ပြီးတာနဲ့ “Connect Dial-up Connection” ဆိုပြီးတော့ Box လေးတစ်ခုကျလာ မှာဖြစ်ပါတယ်။ အဲဒီ box လေးမှာ Properties ကို click လုပ်ပါ။


9. ထို Properties box လေးထဲမှ “Option” tag လေးကိုသွားပါ။


10. “Option” tag အောက်ရှိ Redialing Options မှာ Redial attempts, Time between redial attempts and Idle time before hanging up box လေးတွေနေရာတွင် မိမိကြိုက်နှစ်သက်ရာရွေးချယ် ပြီးတော့အသုံးပြုနိုင်ပါတယ်။


11. ထို့နောက်ဆက်လက်ပြီး Networking tag ကိုနှိပ်လိုက်ပါ။ Internet Protocol (TCP/IP) နှင့် QoS Packet Scheduler တို့ကို check လုပ်ပေးပါ။ ပြီးရင် Internet Protocol (TCP/IP) ကိုရွေးပြီးနောက် “Properties” ကိုနှိပ်ပါ။ ပြီးနောက် OK ကို နှိပ်ပါ။


12. အဲဒီနောက်မှာတော့ Internet Protocol Properties box လေးတစ်ခုကျလာမှာဖြစ်ပါတယ်။ Obtain an IP address automatically ကို check လုပ်ပေးပါ။ နောက်တော့ Use the following DNS server address ကိုရွေးပေးပါ။ ပြီးနောက် 203.81.71.69 နှင့် 203.81.71.73 တို့ကိုရိုက်ထည့်ထားပါ။ အဲဒီနောက်မှာတော့ OK ကို click လုပ်လိုက်ပါ။


နောက်ဆုံးမှာတော့ OK ကိုနှိပ်လိုက်ပါ။ ထို့နောက် Connect Bagan Net Box လေး ဆီမှာရှိတဲ့ Dial ကို Click လုပ်လိုက်ပါ။ အဲဒီနောက်မှာ Modem နဲ့ ဖုန်းကနေတဆင့် ဖုန်းခေါ်သလိုမျိုး အသံကြားရပြီးတော့ Modem မှ အသံရှည်ကို ကြားလိုက်ရပြီးဆိုတာနဲ့ Internet Connection ချိတ်ဆက်မိသွားမှာဖြစ်ပါတယ်။ ဖုန်းလိုင်းအားမယ်ဆိုရင် (သို့) လိုင်းရှင်းမယ်ဆိုရင်တော့ ချက်ချင်းကို Internet ကိုချိတ်ဆက်မိမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ Computer ရဲ့ Taskbar မှာ Computer နှစ်လုံးဆင့်ပုံလေးနဲ့ မီးလေး လင်းလိုက်၊ မှောင်လိုက်ဖြစ်ကာ Bagan Net Connection is now Connected ဆိုတဲ့ စာတမ်းလေးနဲ့ Speed (52Kbps; 54Kbps; 56Kbps) ဆိုတဲ့ အကြောင်းလေးကို ပြပေးမှာဖြစ်ပါတယ်။


Dial Up Connection ရဲ့ အားသာချက်ကတော့ - အများကြီးသိပ်မရှိပါဘူး။ အိမ်မှာ အလွယ်တကူ အသုံးပြုနိုင်တယ်။ အလွယ်တကူ တပ်ဆင်ရလို့ အချိန်ကုန်ခြင်းနဲ့စရိတ်စက သက်သာမှာဖြစ်ပါတယ်။

Dial Up Connection ရဲ့ အားနည်းချက်ကတော့ - Connection Speed က Kbps လောက်ပဲရတော့ နှေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဖုန်းလိုင်းနဲ့ တပ်ဆင်ပြီးတော့ အသုံးပြုရလို့ ဖုန်းလိုင်းကျပ်တဲ့ အချိန်တွေဆိုရင် Connection Speed နှေးမယ်။ Internet အသုံးပြုနေလို့ ဖုန်းဆက်လို့မရတာတွေရှိမယ်။ အောက်မှာတော့ Internet; ISP; Phone Exchange; Modem တို့ ဘယ်လိုဆက်သွယ်လဲ ဆိုတာကိုပြထားတဲ့ ပုံလေးကို လေ့လာကြည့်ရအောင်။


နောက်အပေါ်မှာပြောထားတဲ့အတိုင်း Dial Up Connection နောက်တစ်မျိုးဖြစ်တဲ့ Internet & E-mail Dial Up Service အကြောင်းလေး ကိုလေ့လာကြည့်ရအောင်။ သူ့ကိုတော့ မြန်မာနိုင်ငံမှာ Broadband Connection အမျိုးအစားတွေမရှိတုံးက Company အချို့နှင့် ရုံးအချို့ မှာ အသုံးပြုခဲ့ရတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ အခုအချိန်မှာတော့ တော်တော်လေးကို မသုံးကြသလို၊သိတဲ့လူတွေလဲ သိပ်မရှိတော့ပါဘူး။ ဘာဖြစ်လို့မသုံးတော့လဲဆိုတာကတော့ အခုခေတ်မှာ Broadband တို့လိုမျိုး Connection Speed ပိုမြန်တဲ့ဟာတွေ ထွက်ပေါ်နေလို့ဖြစ်ပါတယ်။ Internet & Email Dial Up Service ပေးတဲ့ Connection အမျိုးအစားကတော့ ရန်ကုန်တစ်ခုတည်းမှာပဲ အရင်ကအသုံးများခဲ့တယ်။ ကွန်နက်ရှင် Speed ကတော့ Dial Up ရိုးရိုး Connection ထပ်အနည်းငယ်မြန်တာကလွဲပြီးတော့ ဈေးကြီးပါတယ်။ Internet & Email Dial Up Connection ကိုသုံးမယ်ဆိုရင်တော့ MPTဖြစ်ဖြစ်၊ Bagan Net မှာဖြစ်ဖြစ် လျှော်လွှာတင် ပြီးတော့ အသုံးပြုရမှာဖြစ်ပါတယ်။ လျှောက်လွှာတင်ထားပြီး (၂)ပတ်ကနေ(၄)ပတ်ကြာတော့မှာသာလျှင် Connection လိုင်းကိုချပေးမှာ ဖြစ်ပါတယ်။ ပထမဆုံးလိုင်းရပြီးဆိုရင် User Name နဲ့ Password ကိုချပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ နှစ်စဉ်ကြေး၊ လစဉ်ကြေးတွေ ပေးသွင်းပြီးတော့ မိမိတို့လိုချင်တဲ့ Connection အမျိုးအစားအလိုက် FEC 10 ကနေစတင်ပြီးတော့ သုံးချင်တဲ့နာရီအလိုက်နှင့် အပိုသုံးမိတဲ့ နာရီတွေအတွက် ပိုက်ဆံသွင်းရမှာဖြစ်ပါတယ်။ Email Account ကတော့ စလုပ်ကတည်း တစ်ခု အနည်းဆုံးကနေ အများဆုံး ၂၅ ခုအထိ ရနိုင်မှာဖြစ်ပါတယ်။ Connection အမျိုးအစားတွေအနေနဲ့ Student Plan; Consumer Plan; Enterprise Plan ဆိုပြီးတော့ရှိပါတယ်။ အသုံးလဲသိပ်မများတော့လို့၊ အခုလက်ရှိလဲ Internet & Email Dial Up Service ကိုမချပေးတော့တာတွေရှိလို့ ဒီလောက်လေးနဲ့တင် ဗဟုသုတအနေနဲ့ပြောပြထားတာဖြစ်ပါတယ်။

နောက်နေ့မှာတော့ iPSTAR Connection အကြောင်းလေးထပ်ပြောပြပါမယ်။ Connection အားလုံးကို တစ်ခုတည်းနဲ့ပို့စ်တင်ရင် အရှည်ကြီးဖြစ်ပြီးတော့ ပုံတွေလဲအများကြီးဖြစ်မယ်၊ ဖတ်ရတဲ့လူလဲ အဆင်ပြေမှာမဟုတ်ပါဘူး။ Connection အားလုံးရဲ့ အားသာချက်၊ အားနည်ချက်၊ ဘယ်လိုနေရာတွေကို အသုံးပြုနိုင်လဲ ဆိုတာကိုလဲ တတ်နိုင်သလောက် ပြောပြပေးထားပါမယ်။ အဲဒါကြောင့် Connection အမျိုးအစားလိုက် တနေ့တစ်မျိုး (သို့) နှစ်မျိုး တင်ပေးသွားပါ့မယ်။ ပို့စ်အရေအတွက် များစေချင်လို့လုပ်တဲ့သဘော မဟုတ်ပါဘူးခင်ဗျာ။

SOURCE။ ။မြန်မာမိသားစုဖိုရမ်

Saturday, January 1, 2011

မိုက်ခရိုဆော့လ် ၂၀၁၀ Activated

ကျွန်တော် အရင်က မိုက်ခရိုဆော့လ် ၂၀၁၀ ဖူးဘာရှင်း ဆိုပြီတင်ပေးခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် crash ကျန်ခဲ့တာ မသိလိုက်ဘူး။ ဒီနေ့မှ လာပြောလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ အခုလို ကျန်ခဲ့လို့လဲ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ကို မေးထားသော မေးခွန်းများ အားလုံးကိုလည် တခါတည် ပေါင်းဖြေပေးပါအုံးမယ်။ ချက်ချင်မဖြေပေးနိုင်တာ ခွင့်လွတ်ပါ။ ကျွန်တော် စာအုပ်ကောင်းတစ်အုပ် ဝေမျှ ပေးဖို့လည် ကြိုးစားရေးသားနေပါတယ်။ မှုလ တင်ပေးခဲ့တဲ့ မိုက်ခရိုဆော့လ်ဖိုင်တွေကို ဒီနေရာက သွားဒေါင်းလိုက်ပါ။ အဲ့ဒီနေရာကနေ ဒေါင်းပြီးသာနဲ့ အောက်မှာ ပေးထားတဲ့ crash ကို Run လိုက်တာနဲ့ အဆင်ပြေပါမည်။ ကျေးဇူးတင်ပါတယ်။



ဒေါင်းလုပ် လုပ်ရန်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes