Thursday, January 27, 2011

Browser မရှိဘဲ Website ကြည့်မယ်

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို အသုံးပြူနိုင်ပါစေ။

လုပ်နည်း
1. Winkey+R လို့နှိပ်ပြီး Run Box လေးကိုခေါ်လိုက်ပါ။ ပေါ်လာတဲ့ Run Box လေးထဲမှာမှ calc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။

2. ပေါ်လာတဲ့ Calc Box လေးရဲ့ Menu Bar လေးမှာပါတဲ့ Help ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာရှိတဲ့ Help Topics လေးကို ဖွင့်လိုက်ပါ။

3. ကျလာတဲ့ Help Topics ဘောက်လေးရဲ့ Title bar ကို Right Click လေးထောက်ပြီး Right Click လေးမှတစ်ဆင့် Jump to URL ကိုဖွင့်လိုက်ပါ။

4. ထပ်ပွင့်လာတဲ့ Jump To URL Box လေးထဲကနေ Jump to this URL ဆိုတဲ့ Box လေးထဲမှာ မိမိဖွင့်ချင်တဲ့ website တစ်ခုရဲ့ လိပ်စာကို အရှေ့ကနေ http:// လို့မဖြစ်မနေ ရိုက်ပြီး ဖွင့်ရမှာဖြစ်ပါတယ် (http://google.com)။ ကျတော်အခုက Google page ကိုဥပမာအနေနဲ့ ဖွင့်ပြထားပါတယ်။
5. Gmail တွေဖွင့်လို့ ရနိုင်သလို Youtube လေးဖွင့်ပြီးတော့လည်း မိမိနှစ်သက်ရာကို ရုပ်မြင်သံကြား ခံစားနိုင်တဲ့အတွက် ဗဟုသုတအဖြစ် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်။

1 comments:

stephen said...

window 7 home premium မှာ ကောလုပ်လို့ရလားခင်ဗျာ။
ကျွန်တော်လုပ်တာမရလို့။အစ်ကိုရေးထားသလို title bar မှာ R click လုပ်တာ
jump to URL ကိုရှာလို့မတွေ့ဘူး။ကျေးဇူးပြုပြီးပြောပြပါခင်ဗျာ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes