Saturday, November 13, 2010

အိပ်ယာထဲကနေ ပြတိုက်ကို လေ့လာမယ်


အီတလီနိုင်ငံရဲ့ virtual tour of the Basilica of San Pedro ကို လေယာဉ်လက်မှတ်ခ မကုန် လူလည် မပင်ပန်းဘဲ အိပ်ယာထဲကနေ လေ့လာရေး သွားကျရအောင်။ ကျွန်တော် သူငယ်ချင်းတွေကို 3D နည်းပညာကို အပြည့်အ၀ အသုံးချပြီ ပြတိုက်တစ်ခုလုံးကို အသေးစိတ် သေချာ လေ့လာနိုင်အောင် ပြုလုပ်ထားတဲ့ အီတလီနိုင်ငံ Roma မြို့ရဲ့ virtual tour of the Basilica ရဲ့ ပြတိုက်ကို ကိုယ်တိုင် ပြတိုက်ထဲ ရောက်ပြီ လေ့လာနေရသလို ခံစားမှု့တွေ ပေးတဲ့ 3D နည်းပညာ ရဲ့ အစွမ်းကို လေ့လာစေချင်လို့ တင်ပြပေးဖြစ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံက ပြတိုက်တွေကို ဒီလို နည်းစနစ် နည်းပညာတွေ အသုံးပြုနိုင်မယ်ဆိုရင် လူငယ်တွေ အလွယ်တကူ လေ့လာနိုင်ကျမယ်လို့ ယုံကြည်ပါတယ်။ ပြတိုက်ကို သွားလေ့လာဖို့ဆိုတာ အချိန်ရယ် စိတ်ရယ် ငွေကြေးရယ်ဆိုတာ လိုအပ်လာပါပြီ။ နယ်မှာ ရောက်နေလင့်ကစာ ရန်ကုန်လိုမြို့က ပြတိုက်တွေကို အင်တာနက်ကနေ အလွယ်တကူ လေ့လာနိုင်မယ်ဆိုရင် လူငယ်တွေ သမိုင်းကို စိတ်ဝင်စားလာမှာ မလွဲဧကန်ဖြစ်ပါတယ်။ အောက်က လင့်လေးကို ကလင်ပြီ လေ့လာနိုင်ပါတယ်။

အသုံးပြုနည်း

မိမိကြိုက်နှစ်သက်ရာ ဂဏန်းကလေးတွေကို click ပြီ Mouse သို့မဟုတ် Keyboard မှာ arrow key များကို အသုံးပြုနိုင်ပါတယ်။

မှတ်ချက် ။။။။။။အင်တာနက် ချိတ်ဆက်ထားရပါမည်။

http://www.vatican.va/various/basiliche/san_pietro/vr_tour/index-en.html

2 comments:

ကောက်ရိုးမီး said...

ကိုမိုးထက်မြင့် ခင်ဗျာ အဲဒါ ရုရှားနိုင်ငံက မဟုတ်ပါ အီတလီနိုင်ငံက ဖြစ်ပါတယ် http://maps.google.com/maps?hl=en&expIds=17259,27295,27342,27404,27601&sugexp=ldymls&xhr=t&q=the+basilica+of+saint+peter&cp=27&um=1&ie=UTF-8&sa=N&tab=wl

ြOh!!!!!!!! Here is difficult to write myanmar font. So I am writing English. I shared your post in my facebook with ur website link as a credit. Thanks. I like it. :)

မိုးထက်မြင့် said...

အခုလို အမှားကို အမှန်ပြင်ပေးတာ ကျေးဇူးတင်ပါတယ် အကိုရေ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes