Wednesday, October 20, 2010

Sharing Data offline ပြုလုပ်နည်း

ကျွန်တော်က မိတ်ဆွေတစ်ယောက်က သူ့ကွန်ပျူတာမှာ files တွေ folder တွေကို shared လုပ်တဲ့ အခါမှာ offline ဖြစ်နေရင်တောင် ယူလို့ ရအောင် ဘယ်လို လုပ်ရမလဲဆိုတာနဲ့ ဟိုရှာ ဒီရှာနဲ့ လက်တွေ လုပ်ကြည့်ပြီးမှ တင်လိုက်တာပါ.။ တခါမှလဲ အဲ့လို မတွေးဖူးတော့ ချက်ချင်မသိလိုက်တာပါ။ ဒါကြောင့် အခုမှ ရေးတင်လိုက်တာ ဖြစ်ပါတယ်။ အများသိပေမဲ့လဲ Shared လုပ်တာကနေ စတင်ပြပေးပါမည်.။ တစ်ခုအားဖြင့် Sharing လုပ်တဲ့ အခါမှာ Sharing လုပ်တဲ့ စက်က Server ဖြစ်သွားပြီးတော့ အခြားစက်က client ဖြစ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် Shared လုပ်တဲ့ အခါမှာ တကယ် စနစ်ကျဖို့ အစီအစဉ် နှစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အများအားဖြင့်တော့ Shared တစ်ပိုင်းသာ လုပ်ဆောင်ကျပါတယ။် ကျွန်တော် အခုတင်ပြမည့် အပိုင်းကို မလုပ်ဆောင်ကျပါဘူး။
Shared လိုချင်တဲ့ Folder ကို Right click ထောက်ပြီး Sharing and Security ကို click လိုက်ပါ။ အောက်မှာကြည့်ပါ။



အောက်ပါအတိုင်း Sharing and Security ကို တွေ့ရပါမည်.။ Sharing tab ကို click လိုက်ပါ။ Share This folder ကို click လိုက်ပါ။ User Limit မှာလဲ အားလုံးကို ယူခွင့်ပေမလာ မပေးဖူးဆိုတာ ကန့်သတ်နိုင်ပါသေးတယ်။ Permission မှာလည် မိမိ Share လုပ်မည့်သူကို choice လုပ်ပေးနိုင်ပါတယ်။ Caching မှာတော့ မိမိ System က Default အတိုင်းဘဲ ဆိုရင်တော့ ဘာမှ ပြင်စရာ မလိုပါဘူး။ Default မဟုတ်ရင်တော့ Allow caching of files in this shared folder ဆိုတာကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။ Setting မှာတော့ Manual caching of documents ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ OK ပြီးနောက် Apply ပေါ့။ ဒီအပိုင်းက Sharing အပိုင်း ဖြစ်ပါတယ်။


အခု တင်ပြမည့်အပိုင်းက Offline Tab ကို အသုံးပြုနည်းဖြစ်ပါတယ်။ My computer ကို ဖွင့်လိုက်ပါ။ Tool >> Folder Option ကို click လိုက်ပါ။ offline files ကို click လိုက်ပါ။ အောက်မှာ ကြည့်လိုက်ပါ။ User Swetting ကို အသုံးပြုထားလို့ ဖြစ်ပါတယ်။



အဲ့ဒီလိုဖြစ်နေရင် ကျွန်တော် တို့ control panel က user account ကို click ပြီး change the way users logs on and logs off ကို click လိုက်ပါ။ Use the Welcome Screen ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply option ကို click လိုက်ပါ။ ဒါဆိုရင် offline files tab ကို အသုံးပြုလို့ရပါပြီ။
Offline File Tab ကို click လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Enabled Offline Tab ကို click ပေးလိုက်ပါ။ "Synchronize all offline files when logging on", "Synchronize all offline files before logging off" နှစ်ခုထဲက တစ်ခု ရွေးချယ်ပါ။ ပြီးရင်တော့ Apply ကို click လိုက်ပါ။


synchronizing ကို offline ကောင်းကောင်း အလုပ်လုပ်ဖို့ ဆိုရင် My computer ကို ဖွင့် Tool >> Synchronizing ကို click ပေးလိုက်ပါ။ ပြီးရင်တော့ Synchronizing ကို ထပ် click ပေးလိုက်ပါ။ ဒါဆို Shared အကြောင်းကို သဘောပေါက် နားလည်ကျမယ်လို့ မျှော်လင့်ပါတယ်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes