Tuesday, October 19, 2010

hidden Files တွေကို ကြည့်နည်းအမျိုးမျိုး

ကျွန်တော်တို့ hidden files တွေနဲ့ပက်သတ်ပြီး ကြည့်နည်းကို တက်နိုင်သမျှ စုစည်းပေးလိုက်တဲ့ သဘောပါ။ အလွယ်ကြည့်နည်းကို တင်ပြပေးသလို စမ်းစမ်းလေးတွေနဲ့မှ ကျွမ်းကျင်မှု့ပြချင်တဲ့ သူငယ်ချင်းများအတွက် cmd, Registry တို့ကနေ ကြည့်တဲ့နည်းလေးတွေကိုပါ ကျွန်တော် စုစည်းပေးလိုက်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ အခုလို နည်းတွေ ရေးတာကတော့ လွယ်တာတော့ အတော်လွယ်ပါတယ်။ ကျွန်တော်ဆိုဒ်မှာ မှတ်တမ်းတစ်ခု အနေနဲ့ သွင်းတာ ဖြစ်သလို Third Party Software တွေထပ် Windows Tool တွေသာ အဓိက ရေးတဲ့ ဆိုဒ်ဖြစ်တာကလဲတစ်ကြောင်းမို့ တင်ပြပေးလိုက်တာပါ။ လိုအပ်တဲ့သူငယ်ချင်း လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် ဗဟုသုတ အနေနဲ့ တင်ပြလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။


ပထမနည်းလေးကတော့Cmd ကနေကြည့်တဲ့နည်းလေးပါ ကြည့်နည်းလေးကဒီလိုပါ
Run >> Cmd >> cd desktop >> dir/ah လို့ရိုက်ပီး ရှာလို့ရပါတယ် မရှင်းရင်ပုံလေးကိုကြည့်ပါ။ ( ကျွန်တော်က Desktop ပေါ်မှာ hide ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် cd desktop လို့ သုံးထားတာ ဖြစ်ပါတယ်။ )

ဒုတိယနည်းကတော့ Registry ကနေ သွားကြည့်တဲ့ နည်းလေးပါ သူ့ကိုတော့ ဒီလိုသွားလို့ရပါတယ်
1. Run ဘောက်တွင် Regedit လို့ရိုက်ပါ
2. ကျလာသည့် ဘောက်တွင် လမ်းကြောင်းအတိုင်းရောက်အောင်သွားပါ
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced >> Folder >> Hidden >> SHOWALL စတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။ အောက်ပါအတိုင်း အခုလို တန်ဖိုး နှစ်ခု တွေ့ရပါလိမ့်မယ် ။

CheckedValue REG_DWORD 0x00000001(2)
DefaultValue REG_DWORD 0x00000002(2)

4. CheckedValue ရဲ့တန်ဖိုးကို 2 ကနေ 1 သို့ပြောင်းပေးလိုက်ပါ ။ ဆိုလိုတာက 2 က Do not show Hidden files and folder ကို ဆိုလိုတာဖြစ်ပြီး 1 ကတော့ show Hidden files and folder ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် CheckedValue REG_DWORD 0x00000001(1) လို့ ပြောင်းပေးရတာဖြစ်ပါတယ်။
အရိုးရှင်းဆုံးဘဲ ကြည့်မယ်ဆိုရင်လဲ အောက်ပါအတိုင်းသာ ကြည့်ကျပေးတော့ ။

ကျတော်တို့ ရိုးရိုးပဲ Control panel ကနေ ကြည့်တဲ့ နည်းလေးပါ။
လုပ်နည်းလေးကဒီလိုလေးပါ Control panel >> Folder option >> View Tab ကိုသွားလိုက်ပါ
အယ်ကနေ အောက်မှာရှိတဲ့ Hidden File and Folders ကနေ Show hidden Files ဆိုတာလေးကို ရွေးပေးလိုက်ပါ
Apply >> ok ဒါဆို အဆင်ပြေပါပြီ.အဆင်မပြေရင်ပုံလေးကြည့်လိုက်ပါဦး

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes