Monday, October 18, 2010

Bat Files သင်ခန်းစာ (၂)


Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

အားလုံး မင်္ဂလာပါ.
ကျနော့် သင်ခန်းစာကို ဆက်လက်ရေးသားသွားပါမယ်။ ပထမ သင်ခန်းစာကို ရပြီဆိုရင်တော့ Basic အနေနဲ့ သိသင့်သလောက်သိသွားပြီလို့ ဆိုလို့ရပါပြီ.. အခု ဒုတိယပိုင်းအနေနဲ့ နည်းနည်းလေး အဆင့်မြင့်တာတွေ ပြောသွားပါမယ်။ ဒီ Bat File ကို TuT အနေနဲ့ ရေးတာ အားလုံး စုံလင်သွားရင် E-Book အနေနဲ့ ပြုလုပ်ပြီးတော့ ဖိုရမ်ထဲကိုအမြဲ မလာနိုင်တဲ့သူတွေ အဆင်ပြေအောင် လုပ်ပေးပါ့မယ်။
အခု ကျနော် ပထမဆုံး စပြောချင်တာကတော့ call နဲ့ exit တို့ အကြောင်းဖြစ်ပါတယ်။
အရင်တခေါက်ကလိုဘဲ Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
@echo off
echo WoW I know the basics of batch
call call.bat
pause
exit
ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
@echo off
echo I Love *Y*
pause
ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
WoW I know the basics of batch
I Love *Y*
Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။


Source http://www.myanmaritresource.info




0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes