Friday, October 23, 2009

System Restoreကြောင့်Windowsကျသလား။

ကျွန်တော် အခုတင်ပြချင်တာကတော့ လူတိုင်းလုပ်တက်တဲ့ System Restore ကို တင်ပြပါမည်။ အရင်းကတော့ တင်ပြဖို့ စိတ်ကူးမရှိပါဘူး။ အခုတင်ပြရတာကလဲ ကျွန်တော်သူငယ်ချင်း ကြုံခဲ့ရတဲ့ အကြောင်းလေးပေါ်လာလို့ ရေးဖို့ စိတ်ကူးပေါ်သွားတာပါ။ System Restore လုပ်ရင်နဲ့ Windows ကျတက်ပါသလား ကျွန်တော်ကို မေးရင် ကျတက်ပါတယ်။ ဘာကြောင့်ကျတာလဲလို့ မေးရင် System Restore လုပ်တော့မယ်ဆိုရင် မိမိဖွင့်ထားတဲ့ Program တွေကို အကုန်ပိတ်ထားရပါတယ်။ အဲဒီလို မပိတ်ဘဲ System Restore ကို ချက်ချင်လုပ်လိုက်မယ်ဆိုရင် Windows ကျဖို့များပါတယ်။ ကျွန်တော်သူငယ်ချင်းတော့ ကျကိုသွားပါတယ်။ နောက်တစ်ခုကတော့ windows Speed ကို နှေးစေတဲ့ အထဲမှာ System Restore လည်ပါတယ်။ ဘယ်လို နှေးစေတာလဲဆိုတော့ ကိုက Restore ကို turn on ပေးထားရင် ကွန်ပျူတာလုပ်ဆောင်မှုကို နှေးကွေးစေတယ်လို့ ဆိုထားပါတယ်။ (ဘယ်လို Turn off လုပ်လို့ရလည်လို့ ဒီနေရာမှာ မေးစရာ ရှိပါတယ်။ Turn Off လုပ်ချင်တယ်ဆိုရင်တော့ Start >> Control Panel >> System >> System Restore Tab မှာ Turn off system restore on all drive မှာ အမှန်ခြစ်ပေးလိုက်ပါ။ ပြီရင် apply ကိုနိုပ် OK ကို click လိုက်ပေါ့။ ) နောက်တစ်ခုကတော့ တော်တော်တန့်တန့် အမှားလုပ်မိလို့ ဥပမာ Driver တစ်ခုခုကြောင်သွားတာမျိုးလောက်ကို Restore ပြန်ခေါ်လိုက်တာနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါက အားသားချက်တစ်ခုပေါ့။ ဥပမာ တစ်ခု ပြောရရင် ကျွန်တော်သူငယ်ချင်း Sound Driver တွေ အကုန်လုံး Error တက်သွားတယ်။ နောက်တော့ ဘာသံမှကို မထွက်တော့ဘူး။ Drive manager မှာ ၀င်စစ်တော့ Sound Driver Error တက်နေတာကိုတွေ့ရတယ်။ အဲဒီ Error ပေါ်မှာ Right click ထောက်ပြီ Properties ကနေ Driver update လုပ်ပေးလို့ ရသလို MotherBoard ပြန် Run လိုက်လဲ အဆင်ပြေပါတယ်။ အဲဒီလို ပြန် Run လိုက်ရင် အဆင်မပြေတာမျိုး ကြုံကောင်းကြုံအုံးမယ်။ Restore ခေါ်လိုက်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။နောက်တစ်ခု ပြောချင်တာကတော့ မိမိ System Restore ခေါ်မယ်ဆိုရင် အရင်း မိမိ Restore ခေါ်မည့် (date) ရက်ရဲ့ နောက်ပိုင်းတွေကို Flash Drive နဲ့ သိမ်းထားလိုက်ပါ။ ဒီထပ်နားလည်းအောင်ပြောရရင် မိမိက လက်ရှိသုံးနေတဲ့ ရက်က ၂၃ ရက် Restore ပြန်ခေါ်မည့်ရက်က ၂၀ ရက်ဆိုပါဆို 20 ရက်နောက်ပိုင်းက လုပ်ဆောင်ချက်တွေကို သိမ်းထားရမှာဖြစ်ပါတယ်။ ဒါကတော့ Restore နဲ့ပတ်သက်ပြီကောင်း/ဆိုးလေးတွေ ပြောပြတာပါ။ ကျွန်တော် Restore လုပ်နည်းကို ကွန်ပျူတာ စတင် အသုံးပြုတဲ့သူတွေအတွက် ရည်ညွန်းပြီ အသုံးပြုနည်းကိုပါ တင်ပြပေးပါအုံးမယ်။
အသုံးပြုနည်း
1. Start >> All program >> Accessories >> System Restore ကိုနိုပ်လိုက်ပါ။ Welcome To System Restore Box ကျလာပါမည်။ Restore my computer to an earlier time ကို နိုပ်လိုက်ပါ။ ပြီရင်တော့ Next ကိုနိုပ်လိုက်ပါ။

2. အောက်က ပုံကိုကြည့်လိုက်ပါ။လက်ရှိရောက်နေတဲ့ Date ကိုပြပါလိမ့်မည်. ကိုက ဘယ်နေ့ကို Restore ခေါ်ချင်တာလဲ (မိမိ စက် ကောင်းခဲ့တဲ့ ရက်ကိုပြောတာနော်။ ၂၀ ရက်နေ့က စုတ်နေတာကို 20 ရက်နေ့ကို Restore ပြန်ခေါ်လည် ထူးမှ မဟုတ်ပါဘူး။) မိမိ ပြန်ခေါ်ချင်တဲ့ Date ကို ရွေးပြီသာနဲ့ Next ကို နိုပ်လိုက်ပါ။



3. Confirm Restore Point Selection ပေါ်မှာ မိမိတို့ ဖွင့်ထားတဲ့ Program တွေကို ပိတ်ဖို့အတွက်ပြောပါလိမ့်မယ်။ အဲဒီလို မပိတ်ဘဲ Next ကိုသာနိုပ်ခဲ့မယ်ဆိုရင် ကိုယ်က အရင်းက ပိတ်ခဲ့ရင်တော့ သိပ့်ကိစ္စမရှိပါဘူး။ မပိတ်ခဲ့ဘဲ Next ကိုသာနိုပ်လိုက်ရင်တော့ Window ကျတက်ပါတယ်။

4. ပြီရင်တော့ Auto ဘဲ ကွန်ပျူတာက Restart ကျသွားပါမည်။ အဲဒီလို ကျပြီတာနဲ့ Restoration Complete ပေါ်လာပါမည်။ OK ကိုနိုပ်လိုက်ပါ။ ပြီးပါပြီ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes