Friday, October 2, 2009

System Properties ကို ဘယ်လိုအသုံးချသလဲ

ကျွန်တော်တို့ ကွန်ပျူတာအကြောင်းကို တင်ပြတဲ့ အခါမှာ အခြေခံလေးတွေပါ ရေးပါတယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများမှာ ကျွမ်ကျင်တဲ့ သူငယ်ချင်းများ ပါသလို ကွန်ပျူတာကို စတင် အသုံးပြုတဲ့ သူငယ်ချင်းများလဲ ပါသလို အလယ်အလတ်သမားတွေလဲ ပါပါတယ်။ ဒါကြောင့် အခြေခံသမားတွေအတွက် ဒီ Post ကို တင်ပြပေးလိုက်တာပါ။ System Properties Box မှာ လုပ်လို့ရတဲ့ နည်းလမ်းတွေကို သူ့မှာ ပါဝင်တဲ့ Tab တစ်ခုချင်ဆီကို ကျွန်တော် တက်နိုင်သမျှ နာလည်အောင် တင်ပြပေးပါမည်။

General
1. General Tab မှာတော့ ရှင်းပါတယ်။ မိမိစက်ရဲ့ windows version, Processer အမျိုးအစား, RAM ဘယ်လောက်လဲဆိုတာ ကြည့်လို့ရပါတယ်။ ဒါပေးမဲ့ တက်သိနာလည်းတဲ့ သူငယ်ချင်းများကတော့ ပြောင်းလဲနိုင်တဲ့အတွက် လုံဝ မှန်ကန်နိုင်မယ်လို့ မထင်ပါနဲ့။





Computer Name
1. Computer Name Tab ကတော့ မိမိစက်ရဲ့ Window တင်စဉ်က ပေးခဲ့တဲ့ Computer Name ဖြစ်ပါတယ်။ နောက်ပြီ မိမိတို့ Change Button ကိုနိုပ်လိုက်ရင် မိမိ internet Lan group ကို တွေ့ရမှာဖြစ်ပါတယ်။ ပြီတော့ Computer Name နဲ့ Workgroup ကို ပြောင်းလဲ နိုင်ပါတယ်။ မိမိက Windows တင်စဉ်က အသုံးပြုခဲ့တဲ့ Computer Name ကို မကြိုက်ရင် ပြောင်းလဲနိုင်ပါသေးတယ်။



Hardware
1. Hardware Tab မှာတော့ မိမိစက်မှ တပ်စဉ်ထားတဲ့ စက်ပစ္စည်းတွေ ဘာအမျိုးအစားတွေ တပ်စဉ်ထားလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ Device Manager အကွက်က Device Manager Button ကို click လိုက်ရင် မိမိစက်မှာ တပ်စဉ်ထားတဲ့ စက်ပစ္စည်းတွေကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။



Advanced
1. Advanced Tab ကို အသုံးပြုလို့ရနိုင်တဲ့ အထဲမှာ အသုံးဝင်ဆုံးကတော့ Virtual Memory တိုးတာဘဲ ဖြစ်ပါတယ်။ မိမိတို့ အသုံးပြုနေတဲ့ စက်တွေ လေးလံနေတယ်ဆိုရင် Virsual effect မှာမလိုအပ်တဲ့ Tool တွေကို uncheck လုပ်တာမျိုးနှင် virtual memory တိုးတာတို့ကို လုပ်ကျပါတယ်။ ဒါတွေကို လုပ်နည်းနဲ့ ပတ်သက်လို့လဲ တင်ပြခဲ့ပြီဖြစ်ပါတယ်။ နောက်အသုံးပြုလို့ ကောင်းတဲ့ Error Reporting Button မှာ Disable ပေးထားလိုက်ရင် Error တက်တဲ့ Program ကိုပိတ်လိုက်ရင် Error Reporting တက်လာတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို တက်မလာအောင် ကျွန်တော် အရင်း Post တွေမှာ လုပ်နည်းကို အသေးစိတ်ရေးပြခဲ့ပြီ ဖြစ်ပါတယ်။



System Restore
1. System Restore Tab ကတော့ မိမိတို့ တစ်ခုခု မှားယွင်းလို့ မိမိအရင်းသုံးခဲ့တဲ့ Program အတိုင်း ပြန်လိုချင်တဲ့အခါ အသုံးပြုခွင့်ပေးတဲ့နေရာဖြစ်ပါတယ်။ဒါကြောင့် မိမိက ဒီ Tool ကို ပိတ်ထားမလား ဖွင့်ထားမလားဆိုတာ Command ပေးတဲ့နေရာဖြစ်ပါတယ်။ ပုံမှန်အတိုင်းတော့ ပိတ်ထားသင့်တယ်လို့ ကျွန်တော် အကြံပေးလိုပါတယ်။ ကွန်ပျူတာကို မလေးလံအောင် လုပ်ဆောင်ရတဲ့ အထဲမှာ System Restore ကို Turn off ပေးထားရမယ်လို့ ဆိုပါတယ်။ တကယ်လိုကိုယ်က အသုံပြုချင်တယ်ဆိုရင်လဲ အမှန်ခြစ်လေး ပြန်ဖြုတ်ပြီ ခေါ်လိုက်ရုံပါဘဲ။ တစ်ခုသတိပေးချင်တာကတော့ System Restore လုပ်တော့မယ်ဆိုရင်တော့ ဖွင့်ထားတဲ့ Program တွေကို အရင်း အကုန်ပိတ်ပြီမှ လုပ်ဆောင်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ပိတ်ဖို့မေ့ပြီ Restore လုပ်လိုက်တာ Windows ကျသွားပါတယ်။ ဒါကြောင့်မို့ သတိပေးတာပါ။



Automatic Update
2. Automatic Update ကတော့ မိမိတို့ computer မှာ Software တွေကို update လုပ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ Automatic Update ကို ပေးထားလို့ရသလို ပိတ်ထားလို့လဲ ရပါတယ်။ မိမိက ပေးထားမယ်ဆိုရင်လဲ ဘယ်နေ့တွေကို update လုပ်ချင်လဲဆိုတာကို ရက်နှင့် အချိန်ကိုသက်မှက်ထားလို့ ရပါတယ်။ တကယ်လို့ကိုယ်က automatic update ကို Turn off ပေးထားမယ်ဆိုရင်လဲ ရပါတယ်။ အဲဒီလို Turn off ပေးထားရင် Tun off လုပ်ထားတဲ့ အနီရောင်လေး Tabbar မှာ ပေါ်နေတာကို ဖျောက်နည်းကို ကျွန်တော် အရင်း Post တွေမှာ တင်ပြခဲ့ပြီဖြစ်ပါတယ်။



Remote
1. Remove Tab ကတော့ မိမိတို့ မြင်သာအောင်ပြောရရင် အခြားကွန်ပျူတာနဲ့ connect လုပ်တဲ့နေရာမှာ အသုံးဝင်သလို ၊ Microsoft outlock (or) Microsoft Express တွေမှာ အသုံးပြုတဲ့နေရာမှာလဲ အသုံးဝင်ပါတယ်။ ဒီ Tab ကတော့ Internet ချိတ်ထားဖို့တော့ လိုတယ်နော် ၊ ဒါမှလဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ မိမိက Remote Desktop ကို အသုံးပြုမယ်ဆိုရင် ဒီမှာ ALLOW USERS TO CONNECT REMOTELY TO THIS COMPUTER ကို အမှန်ခြစ်ပေးရပါမယ်။ ဒါမှ Local computer အချင်းချင်း အသုံးပြုလို့ ရမှာဖြစ်ပါတယ်။ Remove Assistence ကို တော့ ပုံမှန်အားဖြင့် check ပေးထားပါတယ်။ဒါမှလဲ Microsoft Outlock တွေ mail တွေ sent တဲ့အခါ အသုံးပြုလို့ ရမှာဖြစ်ပါတယ်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes