ကျွန်တော် Folder တွေကို Background တွေကို မိမိစိတ်ကြိုက် color အရောင်လေးနဲ့ ထားချင်လို့ဘဲ ဖြစ်ဖြစ် ပုံလှလှလေးတွေကို နောက်ခံထားချင်လို့ဘဲဖြစ်ဖြစ် အသုံးပြု ချင်တယ်ဆိုရင် သုံးလို့ ရအောင် ကျွန်တော်တင်ပြပေးလိုက်တာပါ။ကျွန်တော်လည် အမှတ်မထင်ရလိုက်တာဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကတော့ မိမိကွန်ပျူတာထဲမှာ ရှိတဲ့ folder နောက်ခံ Background လေးကို မိမိချစ်သူ ပုံလေးထည့်ချင်ထည့် လို့ရပါတယ် ။ နောက်ပြီးတော့ icon ပုံစံအမျိုးမျိုးလည်း ပြောင်းလို့ရပါတယ် ။ထပ်ပြီးတော့ icon ရေးထားတဲ့ စာသား ကို လည်း အရောင်နဲ့ပြောင်းလို့ ရပါတယ် ။အသုံးပြုနည်းကို အသေးစိတ် တော့ မရှင်းပြတော့ပါဘူးခင်ဗျာ။ဘာမှခက် ခက် ခဲခဲ မရှိပါဘူး။( ကျွန်တော် နှစ်မျိုးတင်ပေးထားပါတယ်။ တစ်မျိုးကိုတော့ နည်းနည်းပြောပြပါမယ်။ နောက်တစ်မျိုးတော့ ကိုယ်ကိုယ်တိုင်းတာ စမ်းကြည့်လိုက်ပါ.)
Download
wpxp 101.rar (1.92 MB)
wpxp 201b2.rar (4.1 MB)
ဆော့ဝဲ run နည်းကိုတော့ မရှင်းပြတော့ပါဘူးခင်ဗျာ ။ run ပြီးတဲ့ အခါကြရင်အောက်က ပုံစံအတိုင်းထွက်လာပါလိမ့်မယ်ခင်ဗျာ ။အဲဒီမှာ select folder ဆိုတဲ့ နေရာကနေ မိမိပြောင်းမဲ့ folder လေးကိုရွေးပေးပါခင်ဗျာ ။ နောက်ခံထားမဲ့ ပုံကိုတော့ change image ကနေပြောင်းပေးပါခင်ဗျာ။ icon မှာရေးတဲ့ စာသားလေးတွေကို အရောင်ပြောင်းချင်တယ်
ဆိုရင်တော့ change text color ကနေ ပြောင်းပေးပါခင်ဗျာ ။နောက်ခံအရောင်းဘဲ ထားချင်တယ်ဆိုရင်တော့ chain color မှာ မိမိစိတ်ကြိုက် အရောင်လေးတွေ ရွေးချယ်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။
10:15 AM
firststep
Posted in:


0 comments:
Post a Comment