Blog မှာ သီချင်းထည့်နည်းကို သူငယ်ချင်းများအတွက် တင်ပြမှာဖြစ်ပါတယ်. မိမိတို့ စိတ်ကြိုက် သီချင်းတွေကို ရွေးပြီ စိတ်ကြိုက် player design တွေကို ပြုပြင်ဖန်းတီနိုင်ပါတယ်။
1. http://www.mixpod.com/makemp3.php ဒီဆိုဒ်ကို ပထမ click လိုက်ပါ. ပထမ Sign up လုပ်လိုက်ပါ။
2. Create Playlist ဆိုတာကို click လိုက်ပါ။ အောက်က ပုံ ကိုကြည့်ပါ။ သီချင်းရှာလို့ရတဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ မိမိရှာချင်တာကို ရှာလိုက်ပါ။ ဒါမှ မဟုတ် upload လုပ်ထားတဲ့ link ကိုsearch box ထဲမှာ ထည့်လိုက်ရင်လဲ ကိုယ့် upload လုပ်တဲ့ သီချင်း ကျလာမှာဖြစ်ပါတယ်။ နောက်ပြီ YouTube ကနေလဲ url link ကိုယူပြီ search box ထဲမှာ ထည့်ပြီးရှာနိုင်ပါတယ်။
3. အထပ်ပါရှာနည်း သိက ဘယ်လိုထည့်ရလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကျွန်တော်အောက်မှာပြထားတဲ့ သီချင်းပုံစံတွေအတိုင်း ကိုယ်လိုချင်းတဲ့ သီချင်းရှာလို့ပြီရင် သီချင်းတွေရဲ့ ဘေးမှာ အပေါင်းလက္ခဏာ နဲ့ play ဆိုတဲ့ Icon နှစ်ခုရှိပါတယ်။ မိမိက အပေါင်းကိုနိုပ်လိုက်ရင် play ထဲမှာ သီချင်းဝင်သွားပြီဖြစ်ပါတယ်။ အဲဒီလို ကိုယ်လိုချင်တဲ့ သီချင်းရှာလိုက် ပေါင်းထည့်လိုက် လုပ်ပါ။ (မှတ်ချက်။ ။၃ ပုဒ်နှင့် အထက် ထည့်ရမည်။)ထည့်ထားတာ မကြိုက်ဘူးဆိုရင်လဲ play ရဲ့အောက်မှာ ကြက်ခြေခတ် အနီရောင် icon လေးကိုနိုပ်ပြီ ကို မလိုချင်တဲ့သီချင်းကို ဖျက်ထုတ်နိုင်ပါတယ်။
4. အထက်ပါအတိုင်း သီချင်းတွေ စိတ်ကြိုက်ရွေးပြီရင်တော့ Customize ကို click လိုက်ပါ. မိမိလိုချင်တဲ့ player design ကို ရွေးချယ်နိုင်ပါတယ်။ ပြီရင် color and Style မှာ မိမိကြိုက်နှစ်သက်ရာ player skin ကို ချယ်သနိုင်ပါတယ်။ Setting မှာတော့ မိမိ Blog ဖွင့််ဖွင့်ချင် သီချင်းချက်ချက်လာချင်ရင် Autoplay ကို yes ပေးလိုက်ပါ။ မပေးချင်ရင်တော့ ကျန်တာ တစ်ခုခုရွေးပါ။ Volume အတိုအကျယ်ကိုပါ လုပ်လို့ရပါတယ်။
5. အထက်ပါ အဆင့်ပြီက Save Playlist ကို click လိုက်ပါ။ Playlist Title မှာ တစ်ခုခုကို ထည့်လိုက်ပါ။ Genres မှာ တစ်ခုခုကိုရွေးလိုက်ပါ။ ကျွန်တော်ကတော့ Alternative ကိုဘဲ ရွေးပါတယ်. ပြီရင် Save(get code) ကို click လိုက်ပါ။ (အကောင့်ဖောက်ပြီက code ချက်ချင်ပေးပေးမဲ့ မဖောက်ရသေးက အကောင့်ဖောက်ခိုင်းတဲ့ Box ရောက်လာပါမည်။ ပြီရင် code ကျလာပါမည်။) copy ဆိုတဲ့နေရာကို click လိုက်ရင် code တွေကို copy ကူးယူပြီသာဖြစ်ပါမည်။
6. ပြီရင် မိမိ Blog မှ Layout မှ page element က add a Gadget ကို click လိုက်ပါ။ Html/JavaScript မှာ မိမိcode တွေကို paste ပေးလိုက်ပ။ ပြီရင် width နှင့် Hight မှာ မိမိလိုချင်သလို ပြုပြင်နိုင်ပါတယ်(တစ်ချို့ပြုပြင်စရာမလိုပါ။) မလိုအပ်တဲ့ ကြော်ငြာတွေကို ဖျက်ထုတ်ပစ်ပါ။နေရာယူလွန်ပါတယ် မလိုတဲ့ဟာတွေက။ ပြီပါပြီ။
1 comments:
ကျေးဇူးတင်ပါတယ်။ အေးချမ်းပါစေ
Post a Comment