Tuesday, August 18, 2009

Command Icon များတိုး၊လျော့ပြုလုပ်နည်း

Folder တွေမှာ ပါဝင်တဲ့ bookmarks Icon တွေကို တိုးတာတို့ လျော့တာတို့ကို လုပ်လို့ရပါတယ်။ လုပ်နည်းတင်ပြမှာဖြစ်ပါတယ်။ ဘယ် Icon တွေကို ဘယ်လိုတိုးတာလဲ လျော့တာလဲဆိုဆာကို အောက်က ပုံကြည့်ရင် သိမှာပါ။ ပုံမှာ အနီရောင်နဲ့ပြထားပါတယ်။ အဲဒီလိုပြောင်းတဲ့နေရာမှာ folder တစ်ခုကို လုပ်လိုက်တာနဲ့ ကျန်တဲ့ folder တွေပါ အကုန်ပြောင်းသွားမှာဖြစ်ပါတယ်။


လုပ်နည်း
1. မိမိ ဖွင့်ချင်တဲ့ folder တစ်ခုကိုဖွင့်လိုက်ပါ။
2. Toolbars မှ View ကို ဖွင့်လိုက်ပါ။ View အောက်မှ Toolbar အောက်မှ Customize ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်လိုက်ပါ။ရှင်းသွားမှာပါ။


3. အထပ်ပါအတိုင်း Customize ကို click လိုက်ရင် အောက်ပါအတိုင်း Customize Toolbar တပ်ကျလာပါမည်။ Available toolbar buttons ရှိတဲ့ဘက်ကတော့ မိမိတို့ ပေါင်းထည့်လို့ရတဲ့ Icon တွေဖြစ်ပါတယ်။ ညာဘက်မှာရှိတဲ့ Current toolbar buttons ဘက်ကတော့ မိမိတို့ လက်ရှိထည့်ထားတဲ့ Icon တွေဖြစ်ပါတယ်။ ကျွန်တော် တစ်ခုပေါင်းထည့်ပြပါမယ်။ မိမိထပ်ထည့်ချင်တဲ့ Icon ကို Select လုပ်ပြီ Add button ကို click လိုက်ရင် မိမိတို့ Folder မှာ Command Icon တွေ တိုးလာတာကို တွေ့မြင်နိုင်ပါတယ်။ လျော့ချင်ရင်လည် Remove ကို click လိုက်ပါ။ မိမိထည့်ချင်တဲ့ Icon တွေကို Move up Move Down တွေနဲ့ စိတ်ကြိုက် နေရာကို ပြုလုပ်ပေးလို့ရပါတယ်။အောက်ကပုံလေးကိုကြည့်လိုက်ပါ။



အပေါ်ကတင်ပြခဲ့တာကတော့ ယေဘုယ Command Icon တွေကို တိုးတာ လျော့တာကိုတင်ပြတာဖြစ်ပါတယ်။ အပေါ်ပုံမှာတွေ့ရတဲ့အတိုင်း Separator ကတော့ မိမိတို့ Icon တွေ တစ်ခုနဲ့တစ်ခုကြားကို Separator တွေနဲ့ ခြားလိုက်တာဖြစ်ပါတယ် ။ အောက်ကပုံလေးကိုကြည့်လိုက်ပါ။



နောက်တစ်ခုကတော့ ကျွန်တော် ပုံတော့ပြပါမယ်။ ဒါပေးမဲ့ လုပ်လိုက်လို့ ဖြစ်ပေါ်လာမဲ့ Result တွေတော့ကိုယ်တိုင်းဘဲ စမ်းကြည့်ပါ။
• Show text labels ဒါကတေ့ မိမိတို့ Icon တွေရဲ့ အောက်မှာ စာတွေနဲ့ ပေါ်ပါလိမ့်မည်။
• Selective text on right ဒါကတော့ စာတွေမပေါ်ပါဘူး ပုံမှန်အတိုင်းပေါ်ပါမည်။
• No text labels ကတော့ ရှင်းပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes