Wednesday, August 19, 2009

ဖိုင်အများအပြာကိုတပြိုင်တည် အမည်ပြောင်းခြင်း

ကျွန်တော် ယ္ခုရက်ပိုင်းရေးဖြစ်နေတာက Folder အကြောင်းဘဲ ဖြစ်နေပါတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်က အကြောင်းအရာတစ်ခုထဲကို အတော်အတန့် ပြည့်ပြည့်စုံစုံသိချင်လို့ အကြောင်းအရာတစ်ခုကို ခေါင်တည်တဲ့အခါတိုင်း ကျွန်တော် ပြည့်စုံအောင် သိစေချင်တဲ့ ဆန္ဒနဲ့ ကျွန်တော် ရေးနေတာဖြစ်ပါတယ်။ ဒါကြောင့် သိတဲ့လူတွေအတွက် လွယ်နေပေးမဲ့ မသိတဲ့ သူငယ်ချင်းများအတွက် ခတ်နေကျလို့ ကျွန်တော်တင်ပေးတာဖြစ်ပါတယ်။
Folder အများအပြားကို တပြိုင်တည်း အမည်ပြောင်းတာလေးကိုတင်ပြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ တူညီတဲ့ Microsoft work တွေ picture တွေ ကို တူညီတဲ့ Rename တွေ ပေးထားတော့ ကျွန်တော်တို့ ရှာရတာလွယ်ကူတာပေါ့။


ကျွန်တော်တို့ ဓါတ်ပုံတွေ စုတက်တဲ့ သူငယ်ချင်းများအနေဖြင့် ပိုလို့တောင် အဆင်ပြေပါသေးတယ်။ အုပ်စုတူတဲ့ ဓါတ်ပုံတွေ စုထားလိုက်ရင် ရှာရဖွေရ လွယ်ယူသွားတာပေါ့။ ဒါပေးမဲ့ မိမိတို့ ဖိုင်အများအပြားကို တစ်ပြိုင်တည် အမည်ပြောင်းတဲ့အခါမှာ အသုံးချ software တွေ မပါဖို့ သတိထားရပါမယ်။ အဲဒီလို မဖြစ်ရအောင် ကျွန်တော်တို့ Ctrl Key နဲ့ Shift key ကို သုံးတက်ရပါမယ်။ Ctrl key ကို နိုပ်ထားပြီ mouse က ကိုလိုချင်တဲ့ အမျိုးအစားတူ စုချင်တဲ့ file တွေ ပုံတွေ folder တွေ လိုက် click လိုက်ရင် မိမိလိုချင်တာကို တစ်ခုချင်ဆွဲထုတ်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ Shift key ကတော့ ကျွန်တော်တို့ mouse စချတဲ့ file တွေ folder တွေ picture တွေကဘဲ စပြီ အပိုင်းလိုက် select all လိုက်တာဖြစ်ပါတယ်။ အမည်တူတဲ့ folder တွေ ဖိုင်တွေဘဲဆိုရင်တော့ Draft တာဆွဲလိုက်ပြီ Rename ပြောင်းလိုက်ရုံးပါဘဲ။ အနှစ်ချုပ်ကတော့ မိမိ ပြောင်းချင်တဲ့ Folder တွေ file တွေ Picture တွေကို select all ပေး Rename ပြောင်းလိုက်ရင် အမည်တစ်ခုထဲကို နံပတ်အစဉ်လိုက် ဖြစ်သွားမှာပါ။ ဥပမာ မိမိပြောင်းလိုက်တာက love ဆိုရင် love1,love2 love3…. စတဲ့အတိုင်း နံပတ်စဉ်ဘဲကွဲတော့မှာပါ။ အမည်ပြောင်းတာကို စိတ်ထဲမှာ ဘ၀င်မတွေ့လို့ မှုလ file name အတိုင်း လိုချင်တယ်ဆိုရင်တော့ Ctrl+ Z ကိုနိုပ်လိုက်ရင် မှုလ file name အတိုင်း ပြန်ပေါ်လာပါမည်.။ ပြောင်းထားတဲ့ အားလုံးက တစ်ခုဘဲ ပြန်ပြောင်းချင်တယ်ဆိုရင် ကိုယ်ပြောင်းချင်တဲ့ တစ်ခုထဲကို select လုပ်ပြီ ctrl+Z ကို နိုပ်လိုက်ပါ။အဆင်ပြေပါစေ။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes