Thursday, December 9, 2010

Window7 Gadget Features ဖြုတ်နည်း၊ Permission သတ်မှတ်နည်း

ကျွန်တော်တို့ Window7 မှာ Gadget တွေကို တချို့ကနှစ်သက်ပေမယ့် မျက်စိရူပ်တယ်ထင်နေတဲ့ သူငယ်ချင်းများအတွက် မတွေ့ရအောင် ဖြုတ်ထားတဲ့ နည်းတစ်ချို့ လက်တို့လိုက်ပါတယ်။ Software နဲ့လုပ်လို့ရသလို Manual နဲ့လည်းလုပ်လို့ရပါတယ်။ ကျွန်တော်ကတော့ Manual နဲ့လုပ်တဲ့ အပိုင်းလေးပဲ တင်ပြသွားမှာပါ။ ပထမနည်းကတော့ Window မှာပါတဲ့ features ကိုဖြုတ်လိုက်တဲ့ နည်းပါ။

Windows Features ကနေ Gadget ဖြုတ်နည်း
1. Start >> Control Pannel >> Programs and Features အောက်က Turn Windows features on or off ထဲကို ၀င်လိုက်ပါ။

2. Windows Features Box ထဲကမှ Windows Gadget Platform ဆိုတာလေးကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ဒီနေရာမှာ တစ်ခြားမလိုချင်တဲ့ features လေးတွေကိုလည်း ဖြုတ်ထားလိုက်လို့ ရပါတယ်)။


3. OK ပေးပြီး Restart ပေးလိုက်တာနဲ့ Gadget ဆိုတာလေး ပျောက်သွားပါပြီ။

တကယ်လို့ ပြန်လိုချင်တယ် ဆိုရင်တော့ အမှန်ခြစ်လေး ပြန်တပ်ပေးလိုက်တာနဲ့ ပြန်ရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ Enable/Disable လုပ်နည်းလေးပါ။ ဒီလို Enable/Disable လုပ်နိုင်ဖို့အတွက် Windows Gadget Platform မှာ အမှန်ခြစ်လေး တပ်ထားမှ လုပ်လို့ရမှာ ဖြစ်ပါတယ်။ ဒါလေးတော့ သတိထားစေလိုပါတယ်။

Gadget Permission Enable/Disable
1. Start ကနေ gpedit.msc လို့ရိုက်ပီး Local Group Policy ထဲကိုရောက်အောင် သွားလိုက်ပါ။ Local Group Policy >> Adminstrative Templates >> Windows Components ကိုရောက်အောင် သွားလိုက်ပါ။ မရှင်းရင် ပုံလေးကိုအောက်မှာ ကြည့်လိုက်ပါ။


2. Windows Components ရောက်တာနဲ့ Desktop Gadgets ကိုသွားပြီး Clickပါ။ Turn off desktop နဲ့ Turn off user-installed ဆိုတဲ့ အပိုင်းနှစ်ပိုင်းကို တစ်ပိုင်းဆီကို Click ပြီးမှ မိမိလိုသလို setting လုပ်လို့ရပါတယ်။


3.Enable ဆိုတာက off လုပ်တာဖြစ်ပြီး Disable ဆိုတာက on လုပ်တာဖြစ်ပါတယ်။ ဒါဆိုရင် အဆင်ပြေသွားပါပြီ။ အောက်မှာ ပုံလေးကို ကြည့်လိုက်ပါဦး။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes