Wednesday, December 15, 2010

ဝလုံးလေးတော့ လွမ်းစေလို


ပင့် ၊ ဝိုက် ၊ ရစ် ၊ ချ
အဝိုင်း ရအောင်
လက်လယ် လက်ညှိုး
ရှေ့တိုးလက်မ
ခက်ဖွဖွကိုင်
ဖနောင့် ကိုမဏ္ဍိုင်ပြု
တူရှု က ညာ .....

ပုလဲလုံးညီ
ကြိုး နဲ့သီသို့
အစကိုခွာ
အောက် ကိုအသာထိ
မဖိတဖိ
ရှေ့နှင့် ညှိ ......

ဝ.. လုံ.. ရေ.. ဝ
နှုတ် က ရွတ်ဆို
နောက်ပါးခို၍
ပြုံးချိုမျက်နှာ
ချီးမွမ်းကာဖြင့်
လက်ထပ်သင်ပေး
လေးမြတ်မေတ္တာ
မမေ့ရာ ....

ဝလုံးစားသုံး
နှလုံးပြည့်ဝ
မောင်မယ်လှတို့
တိုးတက်မြင့်မား
စာစကားစုံ
အဖုံဖုံကျွမ်းကျင်
မိုးမမြင်လည်း
ငယ်စဉ်ခဏ
ဘဝစဝယ်
ချွေးကျအောင်ရေး
ဝလုံးလေး ကို
ခဏလောက်တော့ လွမ်းစေလို ........။ ။


စာစကားမျိုးစုံကို တက်ကျွမ်းပြီး မိုးမမြင်လေမမြင် နဲ့ဘဝင်တွေမြင့်ပြီး
မြန်မာပြည်ပညာရေး အားအထင်သေးနေသောမြန်မာများ
ငယ်စဉ်ကတနေကုန်ချွေးပြန်အောင်ရေးခဲ့ ရသောဝလုံးလေးများ နဲ့
ဝ လုံ ရေ ဝ ... လို့ ကန့်ကူလက်လှည့် သင်ပေးခဲ့တဲ့ မြတ်ဆရာ များ ကို
ခဏလေးတော့ လွမ်းကြစေလိုပါ သည် ....(ကျော်သူ)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes