Sunday, February 7, 2010

Notepad ကို အသုံးပြုပြီ Folder Lock ချနည်း(၂)

ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် Folder တွေ ဖျောက်နည်းတွေ Lock ချနည်းတွေကို Software မပါဘဲ လုပ်တဲ့နည်းတွေ အတော်များများကို ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်၊၊။ ကျွန်တော်ရဲ့ ရည်ရွယ်ချက်က Windows မှာ ပါတဲ့ Tool တွေကို အကျွမ်းတ၀င် ရှိစေချင်လို့ Software လေးတွေကို နည်းနည်းဘဲ တင်ပြနေပြီး Windows အကြောင်းကို များများရေးနေတာ ဖြစ်ပါတယ်။ အခု တင်ပြမှာကတော့ Notepad ကို အသုံးပြုပြီး Folder ကို Lock ချတဲ့နည်းဖြစ်ပါတယ်။ အရင်က တင်ပြခဲ့တာက တစ်မျိုးပါ။ အခုနည်းကတော့ Control Pannel Code ကို ပါ ယူပြီ အသုံးပြုရမှာဖြစ်ပါတယ်။ လက်တွေ ကြည့်လိုက်ပါ။
လုပ်နည်း
1. မိမိ Computer ရဲ့ Desktop ပေါ်မှာ Right click ထောက်ပြီး New Folder တစ်ခု ဆောက်လိုက်ပါ။ Rename ကို yarzar လို့ ပေးလိုက်ပါ။ ကျွန်တော်က ဥပမာ ပြတာ ဖြစ်ပါတယ်။ )

2. Start >> Run မှာ Notepad လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။

3. အောက်ပါအတိုင်း Notepad ထဲမှာ အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ။

ren yarzar yarzar.{21EC2020-3AEA-1069-A2DD-08002B30309D}

Lock.bat လို့ ရိုက်ပြီး မိမိ တည်ဆောက်ခဲ့တဲ့ Folder ရှိတဲ့ Drive မှာ Save လိုက်ပါ။ ကျွန်တော်က Desktop ပေါ်မှာ တည်ဆောက်ခဲ့တာ ဖြစ်တာကြောင့် Desktop ပေါ်မှာ Save လိုက်ပါတယ်။

4. Notepad ကို နောက်တစ်ကြိမ် ပြန်ဖွင့်လိုက်ပါ။

ren yarzar .{21EC2020-3AEA-1069-A2DD-08002B30309D} yarzar

Key.bat လို့ရိုက်ပြီး မိမိ တည်ဆောက်ခဲ့တဲ့ Folder ရှိတဲ့ Drive မှာ Save လိုက်ပါ။ ကျွန်တော်က Desktop ပေါ်မှာ တည်ဆောက်ခဲ့တာ ဖြစ်တာကြောင့် Desktop ပေါ်မှာ Save လိုက်ပါတယ်။

5.yarzar ဆိုတဲ့ Folder ထဲမှာ အခြားသူ အလွယ် မမြင်စေချင်တဲ့ File တွေကို ထည့်လိုက်ပါ။

6.Lock.bat ကို click လိုက်ရင် yarzar ဆိုတဲ့ Folder က Control Pannel ပြောင်းသွားမှာ ဖြစ်ပါတယ်။ Key.bat ကိုနိုပ်လိုက်ရင် Folder ပြန်ဖြစ်သွားပါမည်။ မရှင်းက ဆက်သွယ်နိုင်ပါတယ်။

မှတ်ချက်။ ။ကျန်တဲ့ Code နဲ့လည် ပြုလုပ်လို့ရပါတယ်။ Folder Code တွေကို အသုံးပြုနိုင်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes