Thursday, January 28, 2010

Firefox မှာ ဆိုဒ်တွေဖွင့်လို့မရဘဲ Error ပြနေလား

ကျွန်တော်သူငယ်ချင်းမှာဖြစ်ခဲ့တဲ့ ပြဿနာလေးကို ကျွန်တော် တင်ပြပေးပါအုံးမယ်။ သူ့စက်မှာ Firefox Browser က ဖွင့်လိုက်တဲ့အချိန်တိုင်းမှာ Error ဘဲပြနေတယ်။ ဘာဆိုဒ်မှ ဖွင့်လို့မရဘူး။ နောက်ပြီ Firefox ကိုဖြုတ်ပြီး ပြန် Run လိုက်တဲ့ အခါမှာလည် အဆင်မပြေဘူး။ ဒါပေမဲ့ Internet Explorer ကတော့ ဖွင့်လို့ရတယ်။ ဒါနဲ့ ဘာပြဿနာလည်ပေါ့။ ဒါပေမဲ့ ကျွန်တော် Add-On တွေ ပြန်စစ်တယ်။ တစ်ခုချင်ဆီ ပြန်စစ်တော့လည် အဆင်မပြေဘူး။ Firefox က Network မှာ ၀င်စစ်လိုက်တော့မှ သွားတွေ့တော့တယ်။ Proxy Code တွေ ခံထားတာ သွားတွေ့ရတယ်။ ဘယ်လို လုပ်ဆောင်ထားလဲတော့ မသိဘူး။ Firefox ကို Uninstalled လုပ်ပြီး ပြန်တင်တာတောင် ဒီ Proxy က ပြုတ်မသွားဘူး။ Code တွေကို စစ်ဆေးကြည့်တော့လည် အမေရိကန် Proxy တွေဖြစ်နေတယ်။ စဉ်းတော့ စဉ်းစားစရာဖြစ်နေတယ်။ သူက HTTP Proxy,FTP Proxy,Gopher Proxy ဆိုဒ်တွေကို ပိတ်ထားတော့ ဘယ်ဖွင့်လို့ရမလဲ။ ကျွန်တော် တက်သလောက် မှတ်သလောက်နဲ့ ကြိုစားကြည့်ပေမဲ့ အဖြေက ကောင်တာ လိုက်လို့ မရဘူး။ ကျွန်တော်အထင် Firefox Add-On တစ်ခုခုက ပါလာတာဖြစ်နိုင်သလို Software တွေက ပါလာတာလဲ ဖြစ်နိုင်တယ်။ ထားတော့ အခုလို ဖွင့်မရ တဲ့ ပြဿနာကို အောက်ပါအတိုင်း လုပ်ဆောင်လိုက်ပါ အဆင်ပြေသွားပါမည်။ အောက်က ပုံကိုကြည့်လိုက်ပါ။ Proxy Code တွေ ထည့်ခံထားရတာဖြစ်ပါတယ်။ အဲဒါကြောင့် ဖွင့်လို့အဆင်မပြေဖြစ်နေတာပါ.။ No Proxy ပေးလိုက်ရင်တော့ အားလုံး ပြန်ဖွင့်လို့ရပါတယ်။




ဖြေရှင်းနည်း
1.Firefox >> Tools >> Options ကို click လိုက်ပါ.။



2.Options ကို click ပြီရင် အောက်ပါအတိုင်းကျလာပါမည်။ Advanced >> Network >> Setting ကို click လိုက်ပါ။



3.ကျလာတဲ့ BOX မှာ No Proxy ကို အမှန်ခြစ်ပေးပြီး OK ပေးပြီ Apply ကို နိုပ်လိုက်ပါ။ အားလုံး ပြန်ဖွင့်လို့ရသွားပါမည်.။ ကျေးဇူးတင်ပါတယ်။


0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes