Wednesday, January 27, 2010

BlueScreen Error ကို ဖြေရှင်းနည်း

ကျွန်တော် Windows မှာ လုပ်လို့ရတဲ့ နည်းတွေကို တက်နိုင်သမျှ တစ်နေ့ တစ်ခုနူန်းလောက်နဲ့ ရေးနေပါတယ်။ တစ်နေ့ကို ဘာလို့ တစ်ခုဘဲ ရေးနေတာလဲလို့ မေးစရာရှိပါတယ်။ အကြောင်းက တစ်နေ့နည်းနည်းချင် စာဖတ်သူကို ရိုက်ထည့်ချင်တဲ့ သဘောပါ။ မသိတဲ့ သူငယ်ချင်းကို ပြောတာပါ။ သိတဲ့သူကိုတော့ မပြောလိုပါဘူး။ အခုတင်ပြမှာကတော့ ကျွန်တော် သူငယ်ချင်းမှာ ဖြစ်ခဲ့တဲ့ ပြဿနာကို ပြန်လည် ဝေငှာမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ အောက်မှာ ကျွန်တော် တင်ပြထားတဲ့ ပုံပါအတိုင်း ကွန်ပျူတာ သုံးနေရင်နဲ့ တက်လာပါတယ်။ ဒါပေးမဲ့ Computer ကို ခဏပိတ်ပြီး ပြန်ဖွင့်ရင်တော့ အကောင်းဘဲ။ နောက်တစ်ရက် နှစ်ရက်နေရင်လည် ဘာမှ မဖြစ်ပြန်ဘူး။ နောက်ပြန်ဖြစ်ပြန်ရော။ ဒါနဲ့ ဘာများဖြစ်တာလဲပေါ့။ BIOS Memory များ ဖြစ်သလားပေါ့။ ဒါဆိုရင်တော့ Motherboard တော့ လဲဖို့ နီလာပြီပေါ့။ Battery များ အားနည်းသလားပေါ့။ ဟိုစဉ်းစား ဟိုလုပ်ဒီလုပ်နဲ့ အဆင်မပြေဘူး။ ဒါနဲ့ ကွန်ပျူတာကို နားနားသုံးဖို့ အကြံပေးပြီး နေလိုက်ပါတယ်။ ဒါပေမဲ့ စိတ်က မရဘူး။ အဲဒါနဲ့ Google မှာ အပျင်းပြေ လမ်းလျောက်လိုက်တာ အဆင်ပြေမည့် နည်းလေး သွားတွေ့တယ်။ Blue Screen Error ကို ဖြေရှင်းဖို့ အတွက် အောက်က Software ကို လမ်းညွှန်တယ်။ ဒါနဲ့ စမ်းသပ်ကြည့်တယ်။ အခုတော့ အဆင်ပြေသလို ခံစားရတယ်။ ဒါကြောင့် ကျွန်တော်သူငယ်ချင်းလို ကျွန်တော် သူငယ်ချင်းများ ဖြစ်ခဲ့ရင် ကျွန်တော်လို ခေါင်းမစားရအောင် အလွယ်သုံးဆောင်နိုင်ဖို့ ဝေငှာပေးလိုက်ပါတယ်။



1. ကို Download အရင် ချလိုက်ပါ။
2.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Install ကိုနိုပ်လိုက်ပါ.။ ကျွန်တော်တို့ အထပ်မှာ ပြထားတဲ့ ပုံပါအတိုင်း ဖြစ်သွားပါမည်။ စိတ်မပှုပါနဲ့ ခဏ စောင့်ပါ။ Windows Logo တက်လိုက် အပေါ်က Error ပုံစံတက်လိုက် ဖြစ်နေပါမည်။ Keyboard က Key တစ်ခုခု နိုပ်လိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားပါမည်။
3.ပြီရင် Blue Screen Icon ပေါ်မှာ Right click ထောက်ပြီ Configure ကို click လိုက်ပါ။



4.ပြီရင် fake disk activity ကို အမှန်ခြစ်ပေးပြီး OK ပေးလိုက်ပါ။ ဒါဆို ပြီးသွားပါပြီ။ ကျွန်တော်သူငယ်ချင်းလို အထပ်ပါ Error မျိုး ကြုံခဲ့ရင် အလွယ်ဖြေရှင်းနိုင်အောင် ဝေငှာပေးခြင်းဖြစ်ပါတယ်။



3 comments:

Zombie said...

bro I Can't find Blue Screen Icon & I just see Elua.txt and rar file so I can't configure !! please help me bro. Thanks

Anonymous said...

window 7 မှာ သုံးလို့ရနိုင်ပါသလား...?

love said...

အဲလိုလုပ်တာလဲ အဆင်မပြေလို့ပါ အကိုရေ
အဆင်ပြေရင် နောက်တစ်နည်းပြောပါဦးဗျ
ကျွန်တော်လဲ တစ်နေ့ကို ခဏခဏ ဖြစ်နေလို့ပါ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes