Saturday, July 9, 2011

External HD မှာ Folders တွေ Shout Cut ပြောင်းကုန်လို့ !

ကျွန်တော် ဆိုဒ်ကို ၄ ၊၅ လ ရှိပါပြီ မရေးဖြစ်တာ ။ ဒီကြားထဲ ရေးတင်ပေးနေတဲ့ ညီငယ် အေကေတီကို လဲ ကျေးဇူးတင်ပါတယ်။ သူ့ကြောင့် ပုံမှန်လည်ပတ်နေနိုင်တာပါ။ ကျောင်းကိစ္စ တွေကြောင့်ရယ် အခြားအကျောင်းတွေကြောင့်ရယ်ကြောင့် မရေးတင်ဖြစ်ခဲ့ဘူး။ မေးတာတွေလဲ မဖြေဖြစ်ခဲ့ဘူး။ ဒီအတွက် နေ့စဉ် လာလည်တဲ့ သူငယ်ချင်းများကို အထူးတောင်းပန်အပ်ပါတယ်။ အမိမြေကိုလည် ပြန်တော့မှာ ဖြစ်လို့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်နေရင် မရေးတင်ဖြစ်ခဲ့ပါဘူး ။ ဒီနေ့တော့ Externat Hard Disk တွေမှာ အဖြစ်များတဲ့ Virus အတွက် အမေးများ၊ အဖြစ်များလို့ တင်ပေးလိုက်ပါတယ်။ အပိုတွေ မရေးတော့ဘူး။ ဖြေရှင်းနည်းဘဲ ရေးလိုက်မယ်။

Step -1

1. Autorun Exterminator ကို အောက်မှာ အရင်ဒေါင်းလုပ်ချလိုက်ပါ။
Download
2. ပြီးတာနဲ့ Autorun Exterminator ကို Double click ပေးလိုက်ပါ။ ( မိမိ External hard Disk ကို ကွန်ပျူတာမှ တပ်ထားရပါမည်။ ) Double click ဖွင့်ပြီးတာနဲ့ Open Log ကို click ပေးတာနဲ့ သူက Autorun.inf ကို တွေ့တာနဲ့ Remove လုပ်ပေးပါလိမ့်မည်။

Step-2

1. Start >> Run >> cmd လို့ရိုက်ပြီး Enter ခေါက်ပါ။
2. အောက်က command ကို ရိုက်ပြီး Enter ခေါက်ပါ။ (မှတ်ချက် g သည် မိမိ ရဲ့ External Hard Disk ရဲ့ Drive letter ဖြစ်ပါသည်။ မိမိစက်ပေါ်မှာ မှုတည်ပြီ ပြောင်းလဲ ထည့်ပါ။ ) command မှားမည်ဆိုက copy ကူးပြီ paste လုပ်ပါ။ မိမိ External ရဲ့ Drive letter ကိုဘဲ ချိန်းပါ။ )

attrib -h -r -s /s /d g:\*.*

Step -3

1. အောက်က ဆိုဒ်မှာ Download ချပါ။

Download

2. ပြီးတာနဲ့ update it >> Perform “ Full Scan “ လုပ်ပါ။ အားလုံးအဆင်ပြေပါစေ။

မိုးထက်မြင့် ရေးသားသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes