Tuesday, November 24, 2009

Windows 7 မှာ System Repair Disc ပြုလုပ်နည်း

ကျွန်တော်ဆိုဒ်မှာ လာရောက် ဖတ်ရူ့ကျသော သူငယ်ချင်းများကို Windows XP နဲ့ ပတ်သက်လို အခြေခံလေးတွေကို တင်ပြပေးခဲ့သလို အခု Windows 7 ကျတော့လည် တကယ် အသုံးဝင်မည့် နည်းလေးတွေကို စီစစ်ပြီ တင်ပြနေပါတယ်။ Windows 7 မှာ တင်ပြစရာ အကြောင်းအရာတွေတော့ အများကြီး ဒါပေးမဲ့ စာဖတ်သူများကို တင်ပြ စေချင်ပေးမဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်ဖြစ်နေတာကြောင့် ကျွန်တော် စိတ်မကောင်း ပါဘူး။ ဒါနဲ့ တကယ် အသုံးဝင်မည့် နည်းလေးတွေကို အဓိက ရေးတော့ မယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီမှ ကျန်တဲ့ အပိုင်းလေးတွေကို ပြန်ရေးပါမည်။ တစ်ခုတော့ ရှိတာပေါ့ တစ်ခါတလေး ကိုယ်က အခြား ဘလော့လ်တွေကို မရောက်မိတဲ့ အခါ Post ချင်တူတာမျိုးတွေ ရှိတက်ပါတယ်။ ကိုယ်က နောက်မှ တင်တာဆိုတော့ သူတို့စီက ကူချသယောင် ထင်ခံရတာတွေလဲ ရှိပါတယ်။ အခုလို ထင်ခဲ့ရင်လည် မိုးထက်မြင့် ဘယ်လိုမှ စိတ်ထဲမှာ မဖြစ်ပါ။ ကိုယ့်လိပ်ပြာကိုယ်လုံးပါသည်။ (အခုလို ပြောရတာကလဲ အပြောခံရဘူးလို့ပါ ) အခုတင်ပြမှာကတော့ Windows 7 မှာ မိမိတို့ System တစ်ခုခု ဖြစ်ခဲ့ရင် Repair အလွယ်လုပ်လို့ရအောင် CD Disk နဲ့ ပြုလုပ်တဲ့နည်းဖြစ်ပါတယ်။ အရမ်းလွယ်ကူသလို အရမ်း အသုံးဝင်ပါတယ်။ အခုလို Disk မဖန်းတီးလည် Back up လုပ်ထားလို့လဲ ရပါတယ်။ ဒါပေးမဲ့ စက်ထဲမှာ ထည့်ထားတာဆိုတော့ Virus ကိုက်သွားရင် လစ်သွားနိုင်ပါတယ်။ Disk နဲ့ ဖန်းတီးထားတော့ အဆင်ပြေတာပေါ့။ ပြောတာလေရှည်သွားပြီ အောက်ပါအတိုင်းလုပ်ဆောင်လိုက်ပါဗျာ။

1. Start >> Control panel >> Backup and Restore ကို click လိုက်ပါ အောက်ပါအတိုင်းကျလာပါမည်။ Create a system repair disc ကို click လိုက်ပါ။



2. Create a system repair disc ကို click လိုက်ရင် အောက်ပါအတိုင်းကျလာပါမည်။ (ဒါပေးမဲ့ မိမိ Repair တည်ဆောက်ထားမည့် CD ကို Drive ထဲမှာ ထည့်ထားရပါမည်။ မထည့်ထားက Error တက်ပါမည်။)Create Disk ကို click လိုက်ပါ။



3.Create Disk ကို Click လိုက်ရင် စတင်ပြီ တည်ဆောက်ပါတယ်။ ပြီတာနဲ့ အောက်ပါအတိုင်းကျလာပါမည်..။



4. အထပ်ပါအတိုင်း ဖန်းတီးပြီသွားရင် ကျွန်တော်တို့ Repair Disk တစ်ခုကိုဖန်းတီးပြီဖြစ်ပါတယ်။ မိမိတို့ System အကြောင်းတစ်စုံတရာကြောင့် Error ဖြစ်ခဲ့ရင် Windows အတင်အချ ပြုလုပ်စရာမလိုဘဲ လွယ်ကူလျင်မြန်စွာ repair ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုမယ်ဆိုရင်တော့ မိမိ စက်ရဲ့ CD/DVD Drive ထဲမှာ Repair လုပ်ထားတဲ့ Disk ကို ထည့်လိုက်ပါ။ ပြီရင် computer ကို Restart ချလိုက်ပါ။ မိမိ Repair Disk အလုပ်လုပ်ဖို့အတွက် Keyboard ကနေ Key တစ်ခုခု (Any Key) နိုပ်ပါ။ တစ်ချို့စက်တွေမှာ Repair Disk က အလုပ်မလုပ်တက်ပါဘူး။ အဲဒီလို အလုပ်မလုပ်နိုင်တဲ့ အကြောင်းကို Information ပေးပါလိမ့်မည်။ ဖတ်ပြီတာနဲ့ BIOS Setting မှာ ၀င် Change ရပါလိမ့်မည်။ ဘယ်လို လုပ်ရမည်ဆိုတာကို Guide ပေးပါတယ်။ ဒါဆိုရင် Repair Disk ကို အသုံးပြုတက်မယ်လို့ ယူဆပါတယ်။




0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes