ကျွန်တော်တို့ မိမိ XP မှာ Themes ကို ပြောင်းလို့ မရအောင် Disable ပေးထားလို့ရပါတယ်။ ဒီလိုပေးထားတော့ မိမိတင်ထားတဲ့အတိုင်း Themes ကို ဘယ်သူမှ မပြောင်းနိုင်တော့ဘူးပေါ့။ ဒါကြောင့် ဒီနည်းကို အသုံးပြုချင်ရင် အောက်ပါနည်းကို အသုံးပြုကြည့်လိုက်ပါ။(ဘာကို ပြောမှန်းမသိတဲ့သူငယ်ချင်းများအတွက် Desktop ပေါ်မှာ Right click ပေးလိုက်ပြီ Properties ကို click လိုက်ရင်တွေ့ရတာကို ပြောတာပါ။ပုံပါတင်ပြပေးလိုက်ပါတယ်။)
1. Start >> Control Pannel >> Administrative Tools >> Services ကို click လိုက်ပါ။ Services Box ကျလာပါမည်။ Name ရဲ့အောက်မှာ Themes ကို ရှာလိုက်ပါ။ ပြီရင် Double click ပေးလိုက်ပါ။ အောက်ပါအတိုင်းကျလာပါမည်။
2. အထပ်ပါအတိုင်း ကျလာတဲ့ Themes Properties (Local Computer ) Box ကျလာပါမည်။ General အောက်က Startup type ရဲ့အကွက်မှာ Automatic , Manual , Disabled ဆိုတာရှိပါတယ်။ အဲဒီမှာ Disabled ကို ရွေးလိုက်ပါ။ ပြီရင် Apply ကို နိုပ်ပြီ Ok ကို click လိုက်ပါ။
3. ကွန်ပျူတာကို Restart ချလိုက်ပါ။ အဆင်ပြေကျပါစေ။
7:56 AM
firststep
Posted in:


0 comments:
Post a Comment