မာနမသိ အမုန်းမရှိ
အလွမ်းပကတိ အရင်းတည်၍
ချစ်ခဲ့သည်မှာ သူနဲ့စတွေ့ကတည်းက။
နေ့ရောညပါ စက္ကန့်မခြား
တနယ်စီခြား ဝေးနေရတာ
စီမံချက်လား ကံကြမ္မာ။
ဆုတောင်းတိုင်းသာ ပြည့်စုံပါက
အလွမ်းမရှိ အမုန်းမသိ
ပန်းပန်းချီသို့ ညီညာဖြောင့်ဖြူး
လှရစ်ကျူး၍ ချစ်သူတိုင်းသာ
ဆုံစေရာ၏။
ဘ၀တိုက်ပွဲ ရင်ဆိုင်နွဲဖို့
ပညာရှာရင်း ဘောင်အတွင်းက
ကုန်လွန်ရွေ့လျား နေ့ရက်များကြောင့်
ချစ်သူမုန်းမှာ ကြောက်ပါ၏။
ကမ္ဘာတစ်ပတ် ပြည့်သည့်ခါတိုင်း
စိတ်ထင်လှိုင်းဝယ် သံသယများရှိလာသည့်အခါ
ကမ္ဘာသစ္စာ မိုးမြေတည်၍
ငါ၏မေတ္တာ တိမ်နက်ရာကို
နေမင်းကြီးကို မေးလှည့်ပါ။
0 comments:
Post a Comment