ဆရာသင်ကြား ၊ စွမ်းပကားကြောင့်
ခွန်အားပြည့်ဝ ၊ ဘ၀လှ၍
အရတော်ခဲ့ ရလေပြီ။
ဆရာသင်ပြ ၊ မှူ့ကိစ္စကြောင့်
ဘ၀ပုစ္ဆာ ၊ ပြဿနာကို
သေချာဖြေဆို ၊နိုင်ခဲ့ပြီ။
ဆရာဟောကြား ၊ မြတ်တရားကြောင့်
လမ်းမှားလမ်းမှန် ၊ အစစ်မှန်ကို
ဧကန်ခွဲခြား ၊ နိုင်ခဲ့ပြီ။
ဗလ၀စေတနာ၊ မြတ်ဆရာ၏
ဖြူဝါတပည့် ၊မခွဲကြည့်ဘဲ
တူဘိညီညာ ၊ စိတ်မဟာကို
လွန်စွာကြည်ညို ၊ မိလေပြီ။ (ရှင်ဥတ္တရ)
0 comments:
Post a Comment