
ဒီဇင်ဘာ ဒဏ်ရာချစ်သူရေ…မင်းကို ပြန်လည်တမ်းတလွမ်းဆွတ်ရတဲ့ အရသာကပူလောင်တယ်ဆိုတာသိစေချင်လိုက်တာ…..။အကွေ့ အကောက်တွေနဲ့ ကြမ်းတမ်းလှတဲ့ ငါဘ၀ထဲမှာမင်းက တခဏပဲ နားခိုသွားတယ်နော်…..။ငါကတော့ တစ်ဘ၀စာ မှတ်လို့…”နင်ဟာ လမ်းပြကြယ်…နင်ဟာ ငါ့ရဲ့ နတ်သမီး…” ဆိုပြီးလေးဖြူရဲ့ သီချင်းကို ဆိုပြမိခဲ့ …။အခုတော့…မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့၂၀၁၀ ဒီဇင်ဘာရဲ့ ဒီ ပထမ ညချမ်းမှာငါ… ငိုကြွေးနေရပြီ….။ဒီလိုနဲ့ ပဲ..မျိုးကြီးဆိုထားတဲ့ သီချင်းကိုငါ ပြန်တွေးမိတယ်…။”အချိန်မီသာ ပြင်ဆင်ခွင့် ” …တဲ့ ။အချိန်တွေ နောက်ပြန်လှည့်လို့ မင်းနဲ့ မတွေ့ ခင် ဟိုး..အရင်ချိန်တွေကိုပြန်လည်ရောက်ရှိလာရင်ဘယ်လောက် ကောင်းလိုက်မလဲ…။တချို့ က ဆိုတယ်…”ဒုက္ခနဲ့ တစ်ခါကြုံတိုင်းချစ်သူ့ လက်ကို တစ်ခါ ကိုင်ချင်တယ်…” တဲ့ ငါကတော့ …ဒုက္ခနဲ့ တစ်ခါကြုံတိုင်းမင်းအကြောင်း သိမ်းထားတဲ့ ငါ့ရင်ထဲက အကန့် လေး တစ်ကန့် ကိုဖျက်ဆီးပစ်လိုက်ချင်...