ဒီဆော့ဝဲလေးက တော်တော်လေးကောင်းတယ်ဗျ ။ ကျွန်တော်တောင် ကလိကြည့်လိုက်မှ ခိုက်သွားတယ်ဗျ။ လူတွေတောင်မှ တကိုယ်ရယ်သန့်ရှင်းရေး လုပ်ရသေးတာပေါ့ဗျာ။ အခန်းတွင်းမှာဆိုလည်း ဒီလိုပါပဲတံမြက်စည်းလှဲပေးရ ကြမ်းပြင်ကို ကြမ်းတိုက်ပေးရတာပေါ့။အဲဒါမှလည်း အခန်းတွင်းလေးကသပ်ရပ် နေမှာပေါ့ဗျ။ ဒီလိုပဲ မိတ်ဆွေတို့သုံးနေကြတဲ့ ကွန်ပျူတာကိုလည်း cleaners များလုပ်ပေးရမှာပေါ့။ ကျွန်တော်လည် ဒီ Software ကို အသုံးမပြုခင်ကတော့ CCleaner ကို အသုံးပြုပါတယ်။ အခုတော့ ဒါလေးကိုကြိုက်လို့ ဒါလေးကို တင်ပြပေးလိုက်တာပါ။ အမြဲတမ်းကြီး မတတ်နိုင်ရင်တောင်မှ တပတ်တခါလောက်တော့ သန့်ရှင်းလေးလုပ်ပေးပေါ့ခင်ဗျာ ။။။။။။။။ပြောတာလေရှည်သွားပြီနဲ့တူတယ် ခွင့်လွှတ်ကြပါဗျာ။။။။။။။ (Software တွေကို ဒိုင်ခံ ရှာဖွေ ရေးသားပေးနေတဲ့ ကိုရဲ ကို ကျေးဇူးတင်ပါတယ်ဗျာ)
အသုံးပြုနည်း
1.ဆော့ဝဲကို run လိုက်ပြီဆိုတာနဲ့ အောက်မှာရှိတဲ့ အတိုင်းတွေ့ရမှာပါ။
2.အေက်မှာပြထားတာကတော့ Error စစ်ရမဲ့ခေါင်းစဉ်တွေ ဖြစ်ပါတယ်။
3.ပထမဦးဆုံး system cleaners မှာဆို error စစ်လို့ရမဲ့ဟာ သုံးမျိုးပါပါတယ်ခင်ဗျာ။
အဲဒီသုံးခုထဲက မိမိကြိုက်နှစ်သက်ရာတစ်ခုချင်းကို click ပေးလိုက်ပါမယ်။
4.ပြီးရင် အောက်မှပြထားတဲ့ scan now ဆိုတာလေး ပေါ်လာပါလိမ့်မယ်။ Scan now ဆိုတာလေးကို ကလစ်ပေးပါ။
5.ပြီးရင် မိမိ error စစ်မဲ့ဟာလေးတွေကို အမှန်ခြစ်လေးပေးပါ။
6.Error စစ်ပြီးသွားရင်အောက်မှာပြထားတဲ့ပုံစံလေးအတိုင်းထွက်လာပါလိမ့်မယ်။
မကျေနပ်သေးလို့ နောက်တခါ ထပ်ပြီးတော့ error စစ်ချင်သေးတယ်ဆိုရင်တော့
Start again ကိုထပ်နှိပ်ပါ။
အခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Tuesday, October 6, 2009
ကွန်ပျူတာ သန့်ရှင်းရေး ( Perfetch Utilities )
5:30 AM
firststep
No comments
0 comments:
Post a Comment