ကျွန်တော် အရင်ပို့တွေမှာ Virual Memory တွက်ချက်နည်းကို တင်ပြပေးခဲ့ဘူးပါတယ်။ ဒီတခါတော့ HardDisk ရဲ့ Size အမှန်ကို တွက်ချက်နည်းလေး ဝေမျှပေးပါမည်။ ကျွန်တော်တို့ Hard Disk Drive တခုကို ၀ယ်လိုက်တာနဲ့ အဲ့ဒီ Hard Disk ကို Format ချတော့မယ်ဆိုရင် 500 Gbyte ရှိတဲ့ Hard Disk က 465 Gbyte ဘဲ ဖော်ပြနေတယ်။ 1000 Gbyte ရှိတဲ့ Hard Disk က 931 Gbyte ဘဲ ရှိနေတာ ဘာကြောင့်လဲဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော် တင်ပြပေးလိုက်တာပါ။ ဒါက မသိလဲ အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ တက်သိနားလည်းချင်တဲ့ သူငယ်ချင်းများကို ရည်ရွယ်ပြီ ဝေမျှလိုက်တာပါ။ အောက်မှာ လေ့လာပါ။
ပထမ သိရမည့် အချက် ( မှတ်ချက် ။ ။ Gbyte , Mbyte , Kbyte သာ အခုတင်ပြမည့်အပိုင်းမှာ သက်ဆိုင်လို့ ဒီသုံးမျိုးဘဲ ဖော်ပြတာပါ)
500 Gbyte ရှိတဲ့ hard Disk Drive တခုမှာ 500.000.000.000 bytes ပါရှိတယ်ဆိုတာ အရင်သိရပါမည်။ တနည်းအားဖြင့် 500 Gbyte ရှိတဲ့ hard Disk က 465 Gbyte ဘဲ အမှန်တကယ်ရှိတာဖြစ်ပါတယ်။
1 Tbyte ( 1000 Gbyte) ရှိတဲ့ Hard Disk Drive တခုမှာ 1000.000.000.000 byte ပါရှိတယ်ဆိုတာသိရ ပါမည်။ တနည်းအားဖြင့် 0,9 Tbyte က 931 Gbyte နဲ့ ညီတယ်လို့ပြောတာဖြစ်ပါတယ်။
ဒါဆို ဘယ်လို ရတာလဲ ကိုယ်တိုင် တွက်ချက်ကြည့်ရအောင်
အထက်ပါ 500 Gbyte က 465 Gbyte ဘဲ ရှိတာ ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါပြီ ဒါကြောင့် အောက်ပါအတိုင်း တွက်ချက်တက်ဖို့ လိုပါတယ်။ အဆင့် (၃) ဆင့် တွက်ချက်ဖို့ လိုအပ်ပါတယ်။
အထက်ပါအတိုင်းအဆင့်သုံးဆင့် မတွက်ချင်တဲ့ သူငယ်ချင်းများအနေဖြင့် အချိုးတွေကို သိချင်အားဖြင့်လဲ တွက်ချက် နိုင်ပါတယ်။
ဥပမာ
Kilobyte ကနေ တဆင့်ချင်း အချိုးတွေနဲ့ ကျွန်တော် တွက်ပြပါအုံးမယ်။ ( ၅၀၀ ရှိတဲ့ Harddisk တခုကို တွက်ချက်မှာဖြစ်ပါတယ်။
Gbyte ရဲ့ အချိုးက 0.9313226 ဖြစ်လို့ ဒါနဲ့ဘဲ မြှောက်ပေးတာဖြစ်ပါတယ်။ အပေါ်မှာတင်ပြခဲ့တာနဲ့ အဖြေအတူတူ ထွက်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့် 500 Gbyte က အမှန်တကယ် 465 Gbyte ဘဲရှိပါတယ်။
အခြား Ratio များကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
အခြား Ratio များကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။
2 comments:
thank for your sharing
ကိုမိုးမြင့်ခင်ဗျာ..မေးထားတာလေးအချိန်ရရင်မျှဝေပေးပါဦးခင်ဗျာ...
Post a Comment