ပန်းလိပ်ပြာ
ရင်မှာကြည်နူး လုံးလထူးဖြင့်
တူးကာမြေဆွ မျိုးစေ့ချသည်
လန်းလှပန်းပင် ကြီးမြန်ရှင်ဖို့ ……..
နေ့စဉ်ရက်ဆက် အားမာန်တက်စွာ
ဖျဉ်းပက်ရေကြည် ပင်နန်းဆီမှာ
ဝေစည်ပန်းစုံ ဖူးပွင့်ဖို့ ………
သြဇာမြေဆွေး မြေတောင်ပေးကာ
အသွေးရောင်တင့် ပင်ယံမြင့်မှာ
ပွင့်သောပန်းတိုင်း မွှေးစေဖို့ ……….
ယုယမြတ်နိုး ပန်းကိုပျိုးသည်
တန်းဖိုးကြီးမား တနည်းအားဖြင့်
စီးပွားရှာဖို့ မမှန်းပါ………
လန်းပွင့်စေကြောင်း ရေကြည်လောင်းတာ
ပန်းကောင်းညွတ်ကျိုး အရုပ်ဆိုးအောင်
ချိုးယူပန်လို့ မမြန်းပါ……….
မြေဆီသြဇာ ကျွေးပြီးကာမှ
မာလာပန်းခတ် နွမ်းကြွေသက်အောင်
သြော်………..
ပန်းနှင့်လူသား နှစ်ဦးကြားဝယ်
ထူးခြားလွန်းတင် သံယောဇဉ်ကို
ဘ၀မှန်းဆ မြင်စမ်းကြလျှင်
ဘ၀ရေစက် ဆိုရခက်သည့်
ပန္နက်သစ္စာ ခိုင်မာအထု
သမုဒယနယ် ပန်းမြိုင်လယ်က
နှစ်သွယ်မေတ္တာ ချစ်ကမ္ဘာသည်
အတွယ်အတာ ပန်းလိပ်ပြာ………. ( အရှင်ဥတ္တရ)
တူးကာမြေဆွ မျိုးစေ့ချသည်
လန်းလှပန်းပင် ကြီးမြန်ရှင်ဖို့ ……..
နေ့စဉ်ရက်ဆက် အားမာန်တက်စွာ
ဖျဉ်းပက်ရေကြည် ပင်နန်းဆီမှာ
ဝေစည်ပန်းစုံ ဖူးပွင့်ဖို့ ………
သြဇာမြေဆွေး မြေတောင်ပေးကာ
အသွေးရောင်တင့် ပင်ယံမြင့်မှာ
ပွင့်သောပန်းတိုင်း မွှေးစေဖို့ ……….
ယုယမြတ်နိုး ပန်းကိုပျိုးသည်
တန်းဖိုးကြီးမား တနည်းအားဖြင့်
စီးပွားရှာဖို့ မမှန်းပါ………
လန်းပွင့်စေကြောင်း ရေကြည်လောင်းတာ
ပန်းကောင်းညွတ်ကျိုး အရုပ်ဆိုးအောင်
ချိုးယူပန်လို့ မမြန်းပါ……….
မြေဆီသြဇာ ကျွေးပြီးကာမှ
မာလာပန်းခတ် နွမ်းကြွေသက်အောင်
သြော်………..
ပန်းနှင့်လူသား နှစ်ဦးကြားဝယ်
ထူးခြားလွန်းတင် သံယောဇဉ်ကို
ဘ၀မှန်းဆ မြင်စမ်းကြလျှင်
ဘ၀ရေစက် ဆိုရခက်သည့်
ပန္နက်သစ္စာ ခိုင်မာအထု
သမုဒယနယ် ပန်းမြိုင်လယ်က
နှစ်သွယ်မေတ္တာ ချစ်ကမ္ဘာသည်
အတွယ်အတာ ပန်းလိပ်ပြာ………. ( အရှင်ဥတ္တရ)
11:47 AM
firststep

Posted in:


0 comments:
Post a Comment