ကျွန်တော် ဒီရက်ပိုင်းလေး Portable Software လေးနောက်လိုက်နေရင်း Photo Edit လုပ်တဲ့ Portable လေးတွေတွေ့တာနဲ့ သူငယ်ချင်းတို့အတွက် ဝေမျှဖို့ မိတ်ဆက်လိုက်ပါတယ်။ Photoshop Software တွေလောက်တော့ Function တွေစုံချင်မှ စုံမှာပါ။ ဒါပေမယ့် အပျော်တမ်း အပြင်းပြေ ပုံတွေကို ကလိချင်တဲ့ ကျွန်တော်တို့လို လူတွေအတွက်တော့ တစ်ဖက်တစ်လမ်းကနေ အသုံးဝင်စေမှာပါ။ Portable ဖြစ်တာတစ်ပိုင်း၊ နောက်ပြီး မိမိလိုနေတဲ့ မိမိလုပ်ချင်တဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး အသုံးဝင်မယ် လိုအပ်မယ်ထင်ရင် အဆင်ပြေအောင်လို့ တင်ပေးလိုက်တာပါ။ Photo Edit လုပ်တဲ့ Software များစွာရှိပါတယ်။ အဲ့ဒီထဲကမှ ဒါလေးတွေကတော့ တစ်စိတ်တစ်ပိုင်းပေါ့။ ကျွန်တော်ကတော့ photoshop မလုပ်တတ်ပါဘူး။ လုပ်ချင်တဲ့ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် စေတနာသက်သက်ပါ။ ကျွန်တော် သူတို့ရဲ့ အသုံးပြူပုံလေးတွေကို အနည်းငယ်ဖော်ပြ ပေးထားပါတယ်။ စိတ်ကူးရှိရင် ရှိသလို ချဲ့ထွင်အသုံးပြူကြပါ။
PhotoFilter
ဒီဆော့ဝဲလေးကတော့ ပုံထဲမှာပြတဲ့အတိုင်း မိမိလိုချင်တဲ့နေရာလေးကို Highitlight လုပ်ပီး ကျန်တဲ့နေရာလေး ကိုမှိန်မလား၊ လင်းမလား ၀ါးမလား၊ ကြည်မလား။ အရောင်လေးတွေ ပြောင်းမလား၊ အဖြူအမဲလား စသဖြင့် တော်တော်များများ မိမိစိတ်ကူးရှိသလို လုပ်လို့ရပါတယ်။ နောက်ထပ် လုပ်လို့ရတာလေးတွေ သိချင်ရင်တော့ ဒေါင်းသုံးကြည့်ပေးပါ။
Photo Filter PhotoInstrument
ဒီဆော့ဝဲလေးကတော့ လူမျက်နှာတွေ အသားအရည်တွေ ကိုအဓိကပြင်ပေးတဲ့ Portable လေးပါ။ ဒါ့အပြင် မိမိစိတ်ကြိုက် အရောင်လေးတွေကိုလည်း မျက်နှာတွေမှာ ပေါင်းထည့် ခြယ်သနိုင်လို့ မိတ်ကပ်ဝယ်ရ လိမ်းရသက်သာ စေမယ့်ဆေးတစ်ခွက်ပါ။ အလှအပ စိတ်ဝင်စားတဲ့ သူငယ်ချင်းများ ခံစားနိုင်ပါတယ်။
Photo Instrument PhotoMatrix
ဒီဆော့ဝဲလေးကတော့ ရူခင်းတွေကို ပေါင်းစပ်ကြည့်နိုင်တဲ့ Portable လေးပါ။ လူနဲ့ရူခင်း တွေကိုပါ တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးနိုင်ပါတယ်။ နေရာနှစ်ခုကို မိမိစိတ်ကြိုက် တစ်နေရာတည်း ဖြစ်အောင် ပေါင်းစပ်ခံစား နိုင်ပါတယ်။ မိမိမရောက်ဖူးတဲ့ နေရာဒေသတွေကို ဗီဇာပတ်စပို့စ် တွေမလိုဘဲ ရောက်အောင်သွားနိုင်တဲ့ ဆော့ဝဲလေးမို့ ကမ္ဘာပတ်မယ်ဆိုရင် ရက်ရှစ်ဆယ်တောင် မကြာဘဲ ရောက်အောင်သွားပြီး အမှတ်တရ ပုံတွေရိုက်နိုင်ပါတယ်။ ခံစားကြည့်ကြပါ။
Photo Matrix