About

Monday, October 25, 2010

ဝေဖန်မယ်၊ သုံးသပ်ပါ


ကျွန်တော် ဒီနေ့ အကြောင်းအရာတစ်ခုကို ပေါင်းစုလို့ ဝေဖန် ၊ အကြံပြု သတိပြုစေချင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး ကျွန်တော် ဆောင်းပါးတစ်ခု ရေးလိုက်တာ ဖြင်.ပါတယ် ။ ဘာဖြစ်လို့ ဝေဖန် အကြံပြု သတိပြုလို့ ရေးလိုက်တာလဲ ဆိုတော့ ဝေဖန်လေကန်တွေ များနေတဲ့ ဒီနေ့လို ခေတ်ကာလထဲမှာ ဝေဖန်တာကို လက်ခံတယ်။ သို့သော် လေကန်သလို ဖြစ်သွားတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးတွေ အရာ မထင်ခဲ့တာ များခဲ့ပြီ။ ဒါကြောင့် ကျွန်တော် ဝေဖန် ၊ အကြံပြု ပေါင်းစုလို့ သတိပြုမိစေဖို့ အခုလိုရေးလိုက်တာပါ။ အခု စာရေးနေတဲ့ လူကော ဘာလုပ်နေသလဲ ဟုတ်ကဲ့။ ခင်ဗျားတို့လိုပါဘဲ။ ဒါဆို ခင်ဗျားတောင် မလုပ်နိုင်တာကို အခြားသူတွေကို ဘာဆရာ လုပ်နေသလဲလို့ မေးစရာ ရှိတယ်။ ဟုတ်ကဲ့ မေးပါ။ ပြန်ဖြေရင်လည်း အကြောင်းပြချက်ပေးရာကျမယ်။ သို့သော် မပြောမပြီး ၊ မတီးမမြည်ဆိုသလို ပြောမှ ပြီး ၊ တီးမှ မြည်မှာမို့ တီးပါအုံးမယ်၊။ ဖြေရရင်တော့ ကျွန်တော့်လို လူတွေ များလာမှာဆိုလို့လို့ ဖြေရမှာဘဲ။ ဒါကြောင့် ဒီဆောင်းပါးကို ရေးလိုက်တာ။

လူနှင့် တိရစ္ဆာန်

ကျွန်တော်တို့ လောကဆိုတာရှိရင် သမိုင်းဆိုတာ ရှိပါတယ်။ လူဖြစ်ရင် လူ့သမိုင်း ၊ တိ၇စ္ဆာန်ဖြစ်ရင် တရိစ္ဆာန်သမိုင်းဆိုတာ ရှိတယ်။ ဒါပေမဲ့ လူနဲ့ တရိစ္ဆာန်ကွာတာက လူတွေက ကိုယ့်သမိုင်းကိုကိုယ်.ရေးမှတ်နိုင်တယ်။ မိမိကောင်းတာလုပ်နေသလား မကောင်းတာလုပ်နေသလား ဝေဖန်စမ်းစစ်နိုင်တဲ့ အသိညဏ်ဆိုတာပါတယ်။ တ၇ိစ္ဆာန်တွေကတော့ သူတို့ကိုယ်သူတို့ ဘာလုပ်နေတယ်ဆိုတာ ဝေဖန်စမ်းစစ်နိုင်တဲ့ အသိဉာဏ်မရှိပါဘူး။ ဒါကြောင့် မိမိကိုယ်ကို ဝေဖန်စမ်းစစ်မှုမရှိဘူးဆိုရင်တိ၇စ္ဆာန်နဲ့ မခြားတော့ဘူး။ ဒါကြောင့် မိမိကိုယ်ကိုယ်ကို ဝေဖန်ပါ။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုကို နားစွင့် ပါ။ သတိပြုပါ။ ပြုပြင်ဖို့ ၀န်မလေးပါနဲ့။ ပတ်ဝန်းကျင်ရဲ့ အကျိုးအကြောင်းပြပြီး အပြုသဘော ဝေဖန်အကြံပြုတာတွေကို အသိနဲ့ သတိပေါင်းစပ်ပြီး ဆင်ခြင်ကြည့်ပါ။ ဒါဆို မိမိလုပ်ဆောင်ချက်တွေ မှားနေသလာ မှန်နေသလား သိနိုင်ပါတယ်။ မှားရင် ပြင် မှန်ရင် ဆက်လျောက်ပေါ့။

နားထောင်တက်ပါ။

သူတစ်ပါးရဲ့ ဝေဖန်မှုကို နားထောင်တက်တဲ့ စိတ်နားနဲ့ ဆင်ခြင်နိုင်တဲ့ အသိညဏ်ရှိတဲ့ လူဟာ တိုးတက်တဲ့ လူတစ်ယောက်ဖြစ်လာမှာ အသေအချာပဲ။

ကိုယ့်ကိုယ်ကို အရင် ဂရုစိုက်ပါ။

ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့ လူတွေကိုတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါလို့ သွားပြောရင် အဆင်ပြေမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုတော့ ဂရုစိုက်ပါလို့တော့ ပြောရမယ်။ ဘာလို့လဲဆိုတော့ မိမိကိုယ် မိမိတော့ လူတိုင်း ချစ်ကြတယ်လေ။ဒါကြောင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်တက်သေးရင်တောင်မှ မိမိကိုယ် အရင် ဂရုစိုက်ကြည့်ပါ။ မိမိကိုယ် ဂရုစိုက်တက်ပြီဆိုရင်တော့ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ဖို့ မခတ်တော့ဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်တက်ချင်ရင်တော့ မိမိကိုယ် ပြုမှုဆက်ဆံစေချင်သလို အခြားလူတွေပေါ်မှာ ပြုမူဆက်ဆံကြည့်ပါ။ မိမိကိုယ်ကို ဘယ်လောက် ကျေနပ်စရာ ကောင်းလာမလဲဆိုတာ သိနိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ သဟဇာသ မဖြစ်တော့ဘူးဆိုရင် မိမိဘာလိုအပ်နေတာလဲ၊ ငါ့ကို ဘယ်အရာက အဆင်မပြေမှုတွေ ဖြစ်စေတာလဲဆိုတာ သုံးသပ်ဖို့ လိုအပ်လာပြီဆိုတာ သတိပြုလိုက်ပါ။
တစ်ခါတစ်ခါမှာတော့ မိမိကိုယ် ပြုမူစေချင်သလို အခြားသူတွေ အပေါ် ပြုမူ ဆက်ဆံတာတောင် အဆင်မပြေတက်ပါဘူး။ မိမိထင်သလို မိမိပြုမူသလို အခြားသူက ပြန်ပြုမူချင်မှ ပြုမှုမှာကိုး ။ ဒါကြောင့် သူတပါးက ကိုယ့်ပေါ် ဘယ်လို ဆက်ဆံတယ် ပြုမူတယ်က အရေးမကြီးဘူး။ ကိုယ်ဘယ်လို ပြုမှုမလဲဆိုတာက အရေးကြီးပါတယ်။

ပတ်ဝန်ကျင်မှာ နေတက်ပြီလား။

လူရယ်ဖြစ်လာပြီဆိုရင် မိမိကျင်လည်ရာ ပတ်ဝန်းကျင်မှာ နေတက်အောင်နေတက်ဖို့က အရမ်းအရေးကြီးတယ်။ မိမိက မနေတက်တဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ လူတစ်ယောက် ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဒါကြောင့် မိမိကျင်လည် ၇ာပတ်ဝန်းကျင်နဲ့ ရောက်ရှိနေတဲ့ ဘ၀မှာ နေတက်အောင် ကြိုစားပါ။ လိုအပ်ချက်တွေကို ဖြည့်ပါ။ နေတက်လာပြီဆိုရင် ကျေနပ်နေလိုတော့ မရသေးဘူး။ ဘာလို့လဲဆိုတော့ ကျေနပ်နေပြီဆိုရင် ရောက်ရှိနေတဲ့ ဘ၀နဲ့တင် တိုးတက်မှု့တွေ သင်ယူမှု့တွေ ပြီးဆုံးသွားမှာ ဖြစ်လို့ဘဲ။ သင်ယူမှု့တွေ ရပ်တန့်နေမယ်။ ခံစားမှု့တွေပေါ်မှာ သာယာနေတယ်။ လက်ရှိဘ၀ထက် ကောင်းတဲ့ အရာတွေကို မသိမြင် မခံစားနိုင်အောင် ကျေနပ်နေပြီဆိုရင် နေတက်တာတော့ မှန်တယ်။ သို့သော် တိုးတက်မှုတွေ ဆုတ်ယုတ်လာမယ်။ ဒါကြောင့် ရောက်ရှိနေတဲ့ ဘ၀မှာ နေတက်အောင်နေပါ။ ဒါပေမဲ့ ကျေနပ်မနေပါနဲ့။ ဒီနေ့ကောင်းနေတာထက် မနက်ဖြန်ပိုကောင်းအောင်လုပ်ပါ။ ဒီနေ့ သိနေတာထက် မနက်ဖြန်ပိုသိအောင် သင်ယူပါလို့ ပြောချင်ပါတယ်။

ဆက်လုပ်ပါ။

အခုလို အစစ အရာရာ ဆင်ခြင် သုံးသပ်နေတာတောင် ကိုယ်ဖြစ်စေချင်သလို ဖြစ်ချင်မှ ဖြစ်တာ။ မိမိဖြစ်ချင်တာလဲ မဖြစ်ရဘူး။ မိမိလုပ်သင့်တာလဲ လုပ်ခွင့် မကြုံခဲ့ဘူး။ လုပ်ခွင့် မရခဲ့ဘူးဆိုရင် ယ္ခုလက်ရှိ ဖြစ်နေတာကို ကောင်းအောင်လုပ်ကြည့်လိုက်ပါ။ ဖြစ်ချင်တာလဲ မဖြစ် ဖြစ်သင့်တာလဲ မဖြစ် ဘူးဆိုရင် ဖြစ်နေတာကို ကောင်းအောင် လုပ်လိုက်တာနဲ့ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ ပြန်လည် နှိုးထရှင်သန်လာအုံးမှာ အသေအချာပါဘဲ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာ မဖြစ်လို့ စိတ်ညစ်မခံပါနဲ့။ ဖြစ်သင့်တာ မဖြစ်လို့လဲ ပူဆွေးမနေပါနဲ့။ ဖြစ်နေတာကို ကောင်းအောင်လုပ်လိုက်တာနဲ့ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေ တနေ.ဖြစ်လာ နိုင်ပါလိမ့်မယ်ဆိုတာ အသေအချာပင်ဖြစ်ပါတယ်။ တစ်ခုတော့ ရှိတယ်။ စိတ်ရှည်မှုနဲ့ သည်းခံနိုင်မှု့စွမ်းအားတော့ အဓိက နေရာက ပါရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရာရာကို စိတ်က အဓိက တွန်းအားဖြစ်နေလို့ပါပဲ။ ဒါကြောင့် ဖြစ်ချင်တာ မဖြစ်ရ ၊ ဖြစ်သင့်တာ မဖြစ်ခဲ့ လို့ မျှော်လင့်ချက်တွေ ကုန်ခမ်းမသွားပါစေနဲ့။ မျှော်လင့်ချက်ရှိနေတဲ့ လူတွေအတွက်ဘဲ အနာဂါတ်ဆိုတာ ရှင်သန်နိုးကြား နေလို့ ဖြစ်ပါတယ်။

အတ္တတွေ များနေလား။

ဒီနေ့ ခေတ်မှာ လူတော်တော်များများဟာ အတ္တတွေ များနေတဲ့ ခေတ်ဖြစ်လို့ ဘယ်သူတွေတော့ ဘာလုပ်နေတယ် ။ ဘယ်သူတွေတော့ ဘာမှ မလုပ်ဘူး။ ဒါကြောင့် ငါလည်း ဘာမှ မလုပ်ဘူးဆိုတဲ့ လူတွေက ခတ်များများဆိုတော့ လူနည်းစု ပရဟိတစိတ်ရှိတဲ့ လူတွေနေရာ မရဖြစ်တက်ကျတယ်။ ( အတ္တဟိတမရှိဘဲ။ ပရဟိတတွေ နေရာ မရနိုင်ဘူး။ ဒါကြောင့် အတ္တဟိတ ရှိအောင် အရင် ကြိုးစားပါ။ ဒါပေမဲ့ ပရဟိတ စိတ်ကလေး အမြဲ ကပ်ပါနေပါစေ။)

ကိုယ်ဘာလုပ်နေသလဲ။

ဒါကြောင့် သူတစ်ပါး ဘာလုပ်နေတယ် ။ ဘာလုပ်ပေးနိုင်သလဲက အရေးမကြီးပါဘူး။ သူတစ်ပါး ဘာလုပ်နေသလဲ ကြည့်နေသမျှကာလ ပတ်လုံး မိမိလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အတ္တတွေ များနေတဲ့ ခေတ်ကြီးထဲမှာ ပရတွေ နေရာ ပျောက်နေလို့ပါဘဲ။ ဒါကြောင့် မိမိဘာလုပ်နေသလဲ စဉ်းစားပါ။ ဝေဖန်ပါ။ သုံးသပ်ပါ။


Friday, October 22, 2010

Bat Files သင်ခန်းစာ (၃)


Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

ကျနော်တို့ TuT ကို ပြန်စလိုက်ရအောင်….
ဒီတစ်ခါတော့ Features နည်းနည်း စုံစုံလင်လင်ကို တင်ပြပေးပါ့မယ်။ ကျနော်ရေးတာက အလွယ်အဆင့်ကနေ အခက်အဆင့် ကို သွားနေတာတော့ မဟုတ်ဘူးနော်။ ကျနော့် မှာ ကိုးကားစရာစာအုပ်က မရှိတော့လို့ ဟိုရောက်ဒီရောက်နဲ့ ကျနော် သတိရပြီးတော့ သိသေးသမျှတွေရေးပေးနေတာပါ။ ဖတ်ရတာ အခက်အခဲတော့ နည်းနည်းရှိမယ်လို့ထင်တယ်။ နားလည် ပေးမယ်လို့ထင်ပါတယ်။
ဟုတ်ကဲ့ပါ အခု ကျနော် ရေးပေးမှာကတော့ Windows Application တစ်ခုကို ဘယ်လို ခေါ် Run မလဲဆိုတာပါ
အောက်မှာပေးထားတဲ့ Code ကို Notepad မှာရိုက်ထည့်ကြည့်ပါ့မယ်…
@echo off
echo I am testing to call Notepad.exe
start /MIN notepad
pause
အဲဒါကို save ပြီးတော့ Run မယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်။
I am testing to call Notepad.exe
(အဲဒါလာပြီးရင် Notepad က minimized အနေအထားနဲ့ ပေါ်လာပါလိမ့်မယ်။ /MIN နေရာမှာ /MAX လို့ထားရင်တော့ maximized အနေအထားနဲ့ ပေါ်မှာပါ)
Press any key to continue…
နောက်တစ်ဆင့်အနေနဲ့ batfile ထဲကနေ ထွက်ဖို့ အချိန်သတ်မှတ်ပေးကြည့်ရအောင်
အောက်မှာပေးထားတဲ့ Code လေးတွေကို Notepad ထဲမှာရေးပေးပါ
@echo off
echo i am trying timeout
set wait=0
:pause1
set /a wait=%wait%+1
if %wait% leq 1000 goto pause1
echo IT WORKED!!!
pause
ဒီ Code တွေကို နားမလည်ဘူးဆိုရင်တော့ Copy Paste သာလုပ်ပြီးတော့ Notepad ထဲကို ထည့်လိုက်ပါတော့။
ကျနော် အပေါ်မှာရေးဖူးတဲ့ နှစ်ခုထဲမှာ set အကြောင်း အနည်းငယ်ပါပြီးတော့ if နဲ့ condition စစ်တာလည်း ပါသလို
:pause1 လိုမျိုး Function ခွဲရေးတာလည်း ဘာဆိုတာ ပါပါတယ်။ အဲဒီ့တော့ ဒါကို နားမလည်ရင်လည်း အဲဒါလေးတွေ ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့ သဘောပေါက်မှာပါ။
% တွေ /a တွေနဲ့ ကျန်တဲ့ နားမလည်တာတွေကို ချန်ထားခဲ့ပါ။ အကယ်လို့ ကျနော် အချိန်ရရင် Parameter တွေ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပေးပါ့မယ်။ ခုတော့ ဒီတိုင်း သဘောပေါက်ရုံလောက်လေး ထားပြီး အဲဒါလေးကို Save ပြီးရင် Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်…
I am trying timeout
(ပြီးရင်တော့ စက္ကန့် နည်းနည်းလောက်စောင့်ရပါလိမ့်မယ်) (အဲဒါကတော့ :pause1 ထဲမှာ ရေးထားတဲ့ Code ကြောင့်ပါ။)(အဲဒါကို စောင့်ပြီးရင်တော့ နောက်တစ်ကြောင်းလာပါလိမ့်မယ်)
IT WORKED!!!
Press any key to continue…
ဒါဆိုရင်တော့ စက္ကန့် ဖြစ်ဖြစ် မိနစ်ဖြစ်ဖြစ် သတ်မှတ်ပြီးတော့ batch file run တာကို ရပ်ခြင်းအား ကျနော်တို့ စမ်းသတ်ပြီးပါပြီ။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း နားလည်မယ်လို့ထင်ပါတယ်။
ကျနော် နောက်ထပ် တစ်ဆင့်အနေနဲ့ TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ…
@echo off
echo Hello…. What time it is!!!
TIME 12:00
echo oHH it is 12:00
pause
အဲဒါကို Save ပြီး Run မယ်ဆိုရင်တော့ အောက်မှာ ပြထားသလို မြင်ရပါလိမ့်မယ်…
Hello…. What time it is!!!
oHH it is 12:00
ဒါဆိုရင် TIME က ဘာအလုပ်လုပ်လည်း ဆိုတာ သိပြီလို့ထင်ပါတယ်။ စက်ရဲ့ အချိန်ကို ပြောင်းပေးတာပါ။
နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ DOS ထဲမှာ ပြမယ့် စာသားတွေနဲ့ နောက်ခံတွေ ကို အရောင်လေးတွေနဲ့ အလှဆင်ကြည့်ကြပါမယ်။
အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲကူးပြီး Save ပြီး Run လိုက်ပါ။
@echo off
echo I am trying the colors
pause
color 04
echo testing
pause
color f
echo again
pause
color 4f
echo DONE
pause
Run လိုက်ရင် ဘယ်လိုဖော်ပြတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်လိုက်ပါ။ ကျနော် Code တွေကို ဘဲရှင်းပြပေးပါတော့မယ်။
color ဆိုတာကတော့ အရောင်သတ်မှတ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ သူ့နောက်မှာ ထည့်တဲ့ Code တွေကို ရှင်းပြပါ့မယ်။
04= background black နဲ့ font ကို red ထားတာပါ
f = font ကို white ထားတာပါ
4f = background red နဲ့ f ကို white ထားတာပါ
ပိုပြီး အသေးစိတ်သိချင်ရင်တော့ Run>>cmd>>color /? ဆိုပြီးရိုက်လိုက်ပါ။
0=balck
1=blue
2=green
3=aqua
4=red
5=purple
6=yellow
7=white
8=gray
9=light blue
a=light green
b=light aqua
c=light red
d=light purple
e=light yellow
f=bright white
အဲဒီ့လိုဖော်ပြပါလိမ့်မယ်။ အဲဒါတွေကို ခုနက ကျနော်တို့ သုံးသလိုမျိုး color 9f စသည်ဖြင့် တွဲသုံးနိုင်ပါတယ်။
ရှေ့မှာထားတဲ့ ဟာက Back Color ဖြစ်ပြီးတော့ နောက်ကဟာက Font Color ဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Color တွေ အကြောင်းသိနိုင်ပါပြီ။ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချ သွားနိုင်ပါတယ်။
အခုနောက်တစ်ဆင့်အနေနဲ့ Title ပြောင်းတာကို ပြောပြပေးပါ့မယ်
အောက်က Code တွေကို Notepad ထဲမှာရေးပြီး Save လိုက်ပါ။
@echo off
title Myanmar IT Resource
echo Trying to change the title
pause
အဲဒါကို Run လိုက်ရင်တော့ Title Bar မှာ Myanmar IT Resource ဆိုပြီးဖော်ပြပါလိမ့်မယ်
နောက်တစ်ဆင့် အနေနဲ့ Shutdown နဲ့ Restart ကို စမ်းကြည့်ကြပါမယ်။
@echo off
start C:\Windows\RUNDLL.EXE user.exe,exitwindowsexec
exit
အဲဒီ့ အပေါ်ကကောင်လေးကို save ပြီး Run မယ်ဆိုရင်တော့ Restart ကျသွားပါလိမ့်မယ်။
@echo off
start C:\Windows\RUNDLL32.EXE user,exitwindows
exit
အပေါ်ကဟာလေးကို Run ရင်တော့ Shutdown ပါ.
နောက်ထပ် နည်းတွေလည်း ရှိပါသေးတယ်။ တခြားနည်းတွေက လူတိုင်းသိပြီးသားတွေမို့လို့ ဒီနည်းလေးကို ဖော်ပြပေးလိုက်တာပါ။ code တွေကတော့ ရှင်းရှင်းလင်းလင်းတွေ မို့လို့ လူတိုင်းနားလည်မယ်ထင်လို့ ထပ် မရှင်းပြတော့ဘူးနော်။ နားမလည်လောက်စရာလည်း မပါဘူးလို့ထင်ပါတယ်။
ဒီနေ့တော့ ကျနော့် TuT ကို ဒီလောက်နဲ့ ရပ်နားပါရစေ။ နောက်နေ့တွေမှာ For နဲ့ Looping ပတ်တာကို အသေးစိတ်ရှင်းပြသွားပါမယ်။ လိုအပ်တာရှိရင်လည်း ဖြည့်စွက်ပြောပေးကြပါ။ သိချင်တာရှိရင် ၊ ကျနော့်ကို ရေးစေချင်တာရှိရင်လည်း မေးခဲ့ ၊ ပြောခဲ့ကြပါ။ ကျနော် တတ်နိုင်သလောက် လုပ်ပေးသွားပါ့မယ်။ ကျနော် သိရင်သိတယ် မသိရင်မသိဘူး ရှင်းရှင်းလင်းလင်းပြောပေးပါ့မယ်။
စာဖတ်သူ အားလုံးကို ကျေးဇူးတင်စွာဖြင့်

written by SYKO

Thursday, October 21, 2010

Disk cleanup မှ compress old files သုံးနည်း

ကျွန်တော်တို့ computer အသုံးပြုတဲ့ သူတွေ အတော်များများမှာ မိမိတို့ အသုံးပြုတဲ့ hard disk ရဲ့ Space ကို မလိုအပ်တဲ့ ဖိုင်တွေ နေရာ ယူတာ မလိုချင်ကျပါဘူး။ ဒါကြောင့် ရနိုင်သမျှ နည်းလမ်းတွေကို အသုံးပြုပြီး ရှင်းလင်းကျပါသလို Third Party Software တွေကို လည် အသုံးပြုရှင်းလင်းကျပါတယ်။ အဲ့ဒီလို နည်းလမ်းတွေ အထဲ က Disk cleanup ကို အသုံးပြုကျပါတယ်။ ဒါပေးမဲ့ ကျွန်တော် ပြောချင်တာက Disk cleanup အကြောင်းမဟုတ်ပါဘူး အဲ့ဒီ Disk cleanup ထဲမှာ ပါတဲ compress old files အကြောင်းကို ပြောပြချင်လို့ပါ။ သာမန်အားဖြင့် Disk Cleanup အသုံးပြုတဲ့ လူတွေ အတော်များမ အဲ့ဒါအသုံးပြုပြီတာ OK တန်ပြီး click ကျပါတယ်။ တစ်ချို့ကျတော့လည် Temporary Internet Files တွေလို့ Download Program files တွေကို click ပေးပြီး ရှင်းကျပါတယ်။ ဒါပေမဲ့ compress old files ကို အသုံးမပြုကျပါဘူး။ ဒါကြောင့် compress old files အကြောင်းကို ရှင်းပြပေးပါမည်။
Disk cleanup compress old files ဆိုတာ ကျွန်တော်တို့ Windows XP မှာ အတော် အသုံးဝင် အသုံးတဲ့တဲ့ Tool လေးတစ်ခုပါ။ ကျွန်တော်တို့ Disk cleanup က ဖိုင်တွေကို မိမိတို့ အသုံးပြုနေတဲ့ OS မှာ Restore space အချို့ကို ပေါင်းထည့်ပေးတဲ့ ဖိုင် လို့ တနည်းဆိုလို့ ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်ရှေ့မှာ ပြောခဲ့သလို Disk Space ကို နေရာယူတဲ့ Temporary files တွေကို ရှင်းထုတ်ပေးတယ်။ နောက်အခု ကျွန်တော်ပြောချင်တဲ့ compress old files (ဖိုင်အဟောင်တွေကို ချုံပေးတဲ့ Tool )တွေကို အခွင့်အရေးအနေနဲ့ Windows XP မှာ Disk cleanup နဲ့ ပေါင်းထည့်ထားတာဖြစ်ပါတယ်။ အသုံးမပြုတာ ကြာနေတဲ့ ဖိုင် အဟောင်းတွေကို hard disk ထဲမှာ နေရာကို ချုံပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် Disk cleanup လုပ်ပေးတဲ့ အချိန်တိုင်း old files တွေကို ချုံပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် XP မှာ Disk cleanup မှာ compress old files တွေက 50 day ထက် ပိုရှိနေနိုင်ပါတယ်။ တစ်ခါတရံမှာတော့ 50 day ထပ် ပိုမလိုချင်ဘူးဆိုရင် မိမိစိတ်ကြိုက် နေ့ကို လျော့ချလို့ရပါတယ်။ တနည်းအားဖြင့် compress old files ဆိုတာ အချိန်ကြာခဲ့ data အဟောင်းတွေကို hard disk မှာ space များများမယူနိုင်အောင် နှင့် ပြန်ကျဲနေတာတွေကို ချုံပေးတဲ့ Tool လို့ နားလည်းထားးရင် အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။ လိုအပ်ခဲ့လို အသုံးပြုချင်တယ်ဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် လုပ်ဆောင်လိုက်ပါ။
လုပ်နည်း
1. My computer >> မိမိကြိုက်နှစ်သက်ရာ partitions တစ်ခုပေါ်မှာ Right click ထောက်ပြီ Propertity ကို click လိုက်ပါ။

2. General >> Disk cleanup ကို click လိုက်ပါ။ Folder to delete ဆိုတဲ့ အကွက်ထဲမှာ compress old files ဆိုတာကို ရှာလိုက်ပါ။ အမှန်ခြစ်ပေးပြီး click လိုက်ပါ။ ပြီးရင် option ဆိုတာ ရှိပါတယ်။ အောက်မှာကြည့်ပါ။


3. Option ကို click လိုက်တာနဲ့ ပုံမှန် Default အတိုင်းဆိုရင် 50 day တွေ့ရပါမည်။ မိမိ ကြိုက်နှစ်သက်တဲ့ Day ကို ထည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ 30 day လောက် ပြောင်းထားလိုက်ပါတယ်။ ပြီးရင်တော့ OK ပေါ့။ ဒါဆိုရင် ပြီးပါပြီ နောက်လုပ်စရာ မလိုတော့ပါဘူး။ မိမိက ရက်ပြန်ပြောင်းချင်မှသာ လိုအပ်ပါတော့တယ်။ ရက် ၃၀ ဆယ်ပြည့်တိုင်း ချုံပေးမှာ ဖြစ်ပါတယ်။



Wednesday, October 20, 2010

Blogger တွေအတွက် MS Word ကနေ Post တင်မယ်

ဒီနည်းလေးကတော့ ကျတော့်ဆရာအကို ကိုမိုးထက်မြင့်ပြောပြလို့ ကျတော်သိသလို သူငယ်ချင်းများလည်း သိရအောင်တင်ပြပေးလိုက်ပါ့မယ်။ ပုံတွေကိုတင်လို့တော့ မရပေမယ့် တခါတလေ Blogspot တွေဖွင့်လို့မရတဲ့အချိန်မှာ post လေးတွေတင်တဲ့အခါ အထောက်အကူပြူပါတယ်။ Mozilla မဖွင့်ဘဲ ဘလော့မှာ စာရေးဖို့ သူငယ်ချင်းတို့ မတွေးသလို ကျတော်လည်းမဖြစ်နိုင်ဘူးလို့ထင်ခဲ့တာပါ။ အမှန်က ဒီ Tool က ပါခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မသိခဲ့ပါဘူး။ ကဲ.ပြောနေရင်ကြာပါတယ။် လက်တွေ့ စမ်းလုပ်ကြည့် လိုက်ရအောင်နော်။ ကျတော် အဆင့်တိုင်းကိုပုံလေးတွေနဲ့ ရှင်းပြပေးသွားပါ့မယ်။ အားလုံးနားလည်အဆင်ပြေမှာပါ။

1. MS ကိုဖွင့်လိုက်ပါ
2. MS ရဲ့ Office Button ကနေ Publish ကိုသွားလိုက်ပါ။Publish ကနေ Blog ကိုဆက်သွားလိုက်ပါ။
3. Register a blog account ဆိုတဲ့ Box လေးထပ်ကျလာပါလိမ့်မယ်။ မိမိရဲ့ဘလော့ကိုဝင်ရေးဖို့ပါ။Blog အတွက်အကောင့် မဖောက်ရသေးရင်လည်း အကောင့်ဖောက်ပါလို့ လမ်းညွန်ပေး ပါလိမ့်မယ်။ ကျတော်ကအခု ဘလော့ရေးနေတဲ့ လူတွေအတွက်ဆိုတော့ ဘလော့ အကောင့် ဖောက်နည်းတွေ မပြောတော့ပါဘူး။ ပုံလေးကို တချက်လောက် ကြည့်လိုက်ပါဦး။

14. Log in ၀င်လိုက်ပါ။ ၀င်ပီးရင် List Box လေးထဲမှာ ကျတော်တို့က Blogger.com ကနေ၀င် ရေးတာဆိုတော့ Blogger ကိုရွေးပေးရပါမယ်။ တကယ်လို့ wordpress နဲ့ရေးတဲ့ လူတွေဆိုရင်တော့ Wordpress လို့ ရွေးပေးလိုက်ပေါ့။ ပုံလေးကိုကြည့်ပါဦး။

15.Next ကိုသွားလိုက်ရင် Login ၀င်ဖို့ ဘောက်လေး တစ်ခု ထပ်ကျ လာပါလိမ့်မယ်။ ကျတော်တို့ အထက်မှာဝင်ခဲ့တဲ့ username နဲ့ Password ပဲပြန်ရိုက် ပေးရမှာဖြစ်ပါတယ်။ ပုံလေး ကိုထပ်ကြည့်ပါဦး။

6 6.OK ပေးလိုက်ရင် Picture Option ဆိုတဲ့ ဘောက်လေး ကျလာပါလိမ့်မယ်။ Picture Provider ဆိုတဲ့နေရာမှာ None-Don`t upload Picture ဆိုတာလေးကို ပဲရွေးပေးလိုက်ပါ။ ကျတော်တို့ ကစာပဲတင်မှာမို့လို့ပါ။ ပုံလေးကြည့်လိုက်ပါဦး။

7 7.Warnning Box လေး တစ်ခု ကျလာပါလိမ့်မယ်။ ဘာမှမဟုတ်ပါဘူး။ ကျတော်တို့ စာတွေကို တခြားလူတွေ မြင်သွားနိုင်တယ် ဆိုတာလေးပါ။ မြင်ပါစေပေါ့။ ဘာလို့ဆိုတော့ တခြားလူတွေ ဖတ်ရအောင် ရေးနေတာကိုး။

8.Select a Blog ဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။ OK ပေးပဲလိုက်ပါ။ ကျတော်တို့က Blogger ထဲဝင်တဲ့ အကောင့်တွေကို အပေါ်မှာ ရိုက်ထည့်ခဲ့မှာပေါ့ ရွေးစရာ မလိုတော့ပါဘူး။

1 9.Register လုပ်တာအောင်မြင်ပီဆိုတဲ့ Box လေးကျလာပါလိမ့်မယ်။OK ပေါ့။
1 အောင်မြင်စွာ ရောက်ရှိသွားပါပီ။ မိမိရေးလိုတဲ့ Post တွေကိုတခါတည်း Edit လုပ်ပီး တင်လို့ရပါပီ။ Pubilsh လုပ်လိုက်တာနဲ့ မိမိရဲ့ Blog မှာတခါတည်း ရောက်ရှိသွားပါတယ်။ ဒါက စာလေးရေးပီးတင်ရုံ သက်သက်ပါ။ ကျန်တဲ့ Item ချိတ်တဲ့ အပိုင်းတွေကိုတော့ Mozilla ကနေသွားပီးလုပ်တာက ပိုပီးအဆင်ပြေပါတယ်။




Sharing Data offline ပြုလုပ်နည်း

ကျွန်တော်က မိတ်ဆွေတစ်ယောက်က သူ့ကွန်ပျူတာမှာ files တွေ folder တွေကို shared လုပ်တဲ့ အခါမှာ offline ဖြစ်နေရင်တောင် ယူလို့ ရအောင် ဘယ်လို လုပ်ရမလဲဆိုတာနဲ့ ဟိုရှာ ဒီရှာနဲ့ လက်တွေ လုပ်ကြည့်ပြီးမှ တင်လိုက်တာပါ.။ တခါမှလဲ အဲ့လို မတွေးဖူးတော့ ချက်ချင်မသိလိုက်တာပါ။ ဒါကြောင့် အခုမှ ရေးတင်လိုက်တာ ဖြစ်ပါတယ်။ အများသိပေမဲ့လဲ Shared လုပ်တာကနေ စတင်ပြပေးပါမည်.။ တစ်ခုအားဖြင့် Sharing လုပ်တဲ့ အခါမှာ Sharing လုပ်တဲ့ စက်က Server ဖြစ်သွားပြီးတော့ အခြားစက်က client ဖြစ်သွားတာဖြစ်ပါတယ်။ ဒါကြောင့် Shared လုပ်တဲ့ အခါမှာ တကယ် စနစ်ကျဖို့ အစီအစဉ် နှစ်ခု လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အများအားဖြင့်တော့ Shared တစ်ပိုင်းသာ လုပ်ဆောင်ကျပါတယ။် ကျွန်တော် အခုတင်ပြမည့် အပိုင်းကို မလုပ်ဆောင်ကျပါဘူး။
Shared လိုချင်တဲ့ Folder ကို Right click ထောက်ပြီး Sharing and Security ကို click လိုက်ပါ။ အောက်မှာကြည့်ပါ။



အောက်ပါအတိုင်း Sharing and Security ကို တွေ့ရပါမည်.။ Sharing tab ကို click လိုက်ပါ။ Share This folder ကို click လိုက်ပါ။ User Limit မှာလဲ အားလုံးကို ယူခွင့်ပေမလာ မပေးဖူးဆိုတာ ကန့်သတ်နိုင်ပါသေးတယ်။ Permission မှာလည် မိမိ Share လုပ်မည့်သူကို choice လုပ်ပေးနိုင်ပါတယ်။ Caching မှာတော့ မိမိ System က Default အတိုင်းဘဲ ဆိုရင်တော့ ဘာမှ ပြင်စရာ မလိုပါဘူး။ Default မဟုတ်ရင်တော့ Allow caching of files in this shared folder ဆိုတာကို အမှန်ခြစ်ပေးရမှာဖြစ်ပါတယ်။ Setting မှာတော့ Manual caching of documents ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ OK ပြီးနောက် Apply ပေါ့။ ဒီအပိုင်းက Sharing အပိုင်း ဖြစ်ပါတယ်။


အခု တင်ပြမည့်အပိုင်းက Offline Tab ကို အသုံးပြုနည်းဖြစ်ပါတယ်။ My computer ကို ဖွင့်လိုက်ပါ။ Tool >> Folder Option ကို click လိုက်ပါ။ offline files ကို click လိုက်ပါ။ အောက်မှာ ကြည့်လိုက်ပါ။ User Swetting ကို အသုံးပြုထားလို့ ဖြစ်ပါတယ်။



အဲ့ဒီလိုဖြစ်နေရင် ကျွန်တော် တို့ control panel က user account ကို click ပြီး change the way users logs on and logs off ကို click လိုက်ပါ။ Use the Welcome Screen ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply option ကို click လိုက်ပါ။ ဒါဆိုရင် offline files tab ကို အသုံးပြုလို့ရပါပြီ။
Offline File Tab ကို click လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Enabled Offline Tab ကို click ပေးလိုက်ပါ။ "Synchronize all offline files when logging on", "Synchronize all offline files before logging off" နှစ်ခုထဲက တစ်ခု ရွေးချယ်ပါ။ ပြီးရင်တော့ Apply ကို click လိုက်ပါ။


synchronizing ကို offline ကောင်းကောင်း အလုပ်လုပ်ဖို့ ဆိုရင် My computer ကို ဖွင့် Tool >> Synchronizing ကို click ပေးလိုက်ပါ။ ပြီးရင်တော့ Synchronizing ကို ထပ် click ပေးလိုက်ပါ။ ဒါဆို Shared အကြောင်းကို သဘောပေါက် နားလည်ကျမယ်လို့ မျှော်လင့်ပါတယ်။


Tuesday, October 19, 2010

hidden Files တွေကို ကြည့်နည်းအမျိုးမျိုး

ကျွန်တော်တို့ hidden files တွေနဲ့ပက်သတ်ပြီး ကြည့်နည်းကို တက်နိုင်သမျှ စုစည်းပေးလိုက်တဲ့ သဘောပါ။ အလွယ်ကြည့်နည်းကို တင်ပြပေးသလို စမ်းစမ်းလေးတွေနဲ့မှ ကျွမ်းကျင်မှု့ပြချင်တဲ့ သူငယ်ချင်းများအတွက် cmd, Registry တို့ကနေ ကြည့်တဲ့နည်းလေးတွေကိုပါ ကျွန်တော် စုစည်းပေးလိုက်ပါတယ်။ အောက်မှာ လေ့လာကြည့်လိုက်ပါ။ အခုလို နည်းတွေ ရေးတာကတော့ လွယ်တာတော့ အတော်လွယ်ပါတယ်။ ကျွန်တော်ဆိုဒ်မှာ မှတ်တမ်းတစ်ခု အနေနဲ့ သွင်းတာ ဖြစ်သလို Third Party Software တွေထပ် Windows Tool တွေသာ အဓိက ရေးတဲ့ ဆိုဒ်ဖြစ်တာကလဲတစ်ကြောင်းမို့ တင်ပြပေးလိုက်တာပါ။ လိုအပ်တဲ့သူငယ်ချင်း လေ့လာနေတဲ့ သူငယ်ချင်းတွေအတွက် ဗဟုသုတ အနေနဲ့ တင်ပြလိုက်တာပါ။ ကျေးဇူးတင်ပါတယ်။

ပထမနည်းလေးကတော့Cmd ကနေကြည့်တဲ့နည်းလေးပါ ကြည့်နည်းလေးကဒီလိုပါ
Run >> Cmd >> cd desktop >> dir/ah လို့ရိုက်ပီး ရှာလို့ရပါတယ် မရှင်းရင်ပုံလေးကိုကြည့်ပါ။ ( ကျွန်တော်က Desktop ပေါ်မှာ hide ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် cd desktop လို့ သုံးထားတာ ဖြစ်ပါတယ်။ )

ဒုတိယနည်းကတော့ Registry ကနေ သွားကြည့်တဲ့ နည်းလေးပါ သူ့ကိုတော့ ဒီလိုသွားလို့ရပါတယ်
1. Run ဘောက်တွင် Regedit လို့ရိုက်ပါ
2. ကျလာသည့် ဘောက်တွင် လမ်းကြောင်းအတိုင်းရောက်အောင်သွားပါ
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >> Windows >> CurrentVersion >> Explorer >> Advanced >> Folder >> Hidden >> SHOWALL စတဲ့ အတိုင်း အဆင့်ဆင့် သွားလိုက်ပါ။ အောက်ပါအတိုင်း အခုလို တန်ဖိုး နှစ်ခု တွေ့ရပါလိမ့်မယ် ။

CheckedValue REG_DWORD 0x00000001(2)
DefaultValue REG_DWORD 0x00000002(2)

4. CheckedValue ရဲ့တန်ဖိုးကို 2 ကနေ 1 သို့ပြောင်းပေးလိုက်ပါ ။ ဆိုလိုတာက 2 က Do not show Hidden files and folder ကို ဆိုလိုတာဖြစ်ပြီး 1 ကတော့ show Hidden files and folder ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် CheckedValue REG_DWORD 0x00000001(1) လို့ ပြောင်းပေးရတာဖြစ်ပါတယ်။
အရိုးရှင်းဆုံးဘဲ ကြည့်မယ်ဆိုရင်လဲ အောက်ပါအတိုင်းသာ ကြည့်ကျပေးတော့ ။

ကျတော်တို့ ရိုးရိုးပဲ Control panel ကနေ ကြည့်တဲ့ နည်းလေးပါ။
လုပ်နည်းလေးကဒီလိုလေးပါ Control panel >> Folder option >> View Tab ကိုသွားလိုက်ပါ
အယ်ကနေ အောက်မှာရှိတဲ့ Hidden File and Folders ကနေ Show hidden Files ဆိုတာလေးကို ရွေးပေးလိုက်ပါ
Apply >> ok ဒါဆို အဆင်ပြေပါပြီ.အဆင်မပြေရင်ပုံလေးကြည့်လိုက်ပါဦး

Word စာပိုဒ်တွေကိုHide & Show လုပ်နည်း


ကျွန်တော်တို့ MS Word မှာ စာတွေ အများကြီး ရေးတဲ့ အခါမှာ စာမျက်နှာတွေ အရမ်းများပြီ ကိုယ်လိုချင်တဲ့ ပြန်ပြင်ချင်တဲ့ စာပိုဒ်ကို အမြန်ဆုံး ရှာနိုင်ဖို့ရန် အသုံးဝင် အသုံးတည့်တဲ့ MS Word More Add-on Package လေးကို တင်ပြပေးပါမယ်။ သူ့ရဲ့ အသားချက်ကတော့ စာပိုဒ်တွေကို ခေါင်းစဉ်လေးနဲ့ Show / Hide လုပ်ပေးမည့် Icon လေးနဲ့ လုပ်ဆောင်ရုံဘဲ ဖြစ်ပါတယ်။ ဒီထပ်မကပါဘူး အောက်ပါ Tool များလည် ပါဝင်ပါတယ်။


Features of More Add-in

1. Ultra-simple More (collapsible) creation
2. Nested Mores
3. Heading Mores
4. List Mores
5. Pre-defined More styles
6. Create your own custom More style
7. Share your Mores easily with others



အောက်မှာ ပုံနဲ့ မြင်သာအောင် ပြပေးပါအုံးမည်.။ ကြိုက်နှစ်သက်လို့ လက်တွေ စမ်းချင်တယ်ဆိုရင်လဲ အောက်မှာ Download ချလိုက်ပါဗျာ။ ကျေးဇူးတင်ပါတယ်။



Download More Add-in for Microsoft Office 2010, 2007 & 2003
original Source

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes