About

Saturday, November 13, 2010

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု

သိပ်မကြာခင်အပတ်က ဝေါလ်စထရီ ဂျာနယ်မှာ Facebook Application တွေနဲ့ ပတ်သက်လို့ ဆောင်းပါး တစ်ပုဒ် ပါဝင်လာခဲ့ ပါတယ်။

ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေး အချက်အလက် ဒေတာတွေကို တရားမ၀င်ရယူ သုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

Ref: Understanding what Facebook apps reall Know (FAQ)

ရေးသားသူ - ဆန်းသော်တာ
Source:myanmarinternetjournal


Thursday, November 11, 2010

Hibernate Enable/Disable ?

ကျွန်တော်ဒီနေ့ Window 7 မှာ Hibernate function လေးကို Enable ထည့်သွင်းပေးတဲ့ နည်းလေးကို နည်းနည်းတင်ပြလိုပါတယ်။ Hibernate အကြောင်းကိုလည်း ရှေ့ပိုင်းတွေမှာ ကျွန်တော်သိသလောက် နားလည်သလို ရှင်းပြခဲ့ဖူးပါတယ်။ Hibernate က တကယ်တော့ Power save လုပ်တဲ့ Function လေးပါဘဲ။ Laptop သမားတွေအတွက် ပိုပြီး အသုံးလိုတဲ့ function လေးတစ်ခုပါဘဲ။ တချို့စက်တွေမှာ ကျတော့ Window တင်ပြီးတာနဲ့ Hibernate တခါတည်း မြင်ရပါတယ်။ ကျွန်တော့်စက်ဆိုရင် မမြင်ရပါဘူး။ Disable ဖြစ်နေလို့ပါ။ ဒါကြောင့် ကျွန်တော်လည်း သူများစက်တွေလို Hibernate လေးပါချင်တာနဲ့ လုပ်လို့ရမယ့် နည်းလေးတွေ့လို့ လုပ်ချင်တဲ့သူငယ်ချင်းများ အတွက် ဝေမျှပေးလိုက်ပါတယ်။
လုပ်နည်း
1. Start Menu ကနေ မှ Powercfg.cpl လို့ ရိုက်လိုက်ပါ။ (သို့မဟုတ်) Control Pannel >> Power option ကို ၀င်လိုက်ပါ။ Power Option ပိုင်းကို ရောက်သွားပါလိမ့်မယ်။
2. Set a Power Plan ကနေ Change Plan Setting ကို ၀င်လိုက်ပါ။

3. Change Advanced Power Settings ကို ၀င်လိုက်ပါ။

4. Advanced Seting အပိုင်းကို ရောက်သွား ပါလိမ့်မယ်။

5. Advanced Setting ရောက်တာနဲ့ အောက်မှာ ပြထားတဲ့ ဇယားကွက်ထဲက အတိုင်း Advanced Setting ထဲမှာ လိုက်ပြင်ပေးလိုက်ပါ။


6. ပြီးရင်တော့ Apply , OK ပေါ့။ ဒါဆိုရင် Start Menu မှာHibernate လေးပေါ်လာပါပြီ။

Hibernate ရှိပြီးသား သူများအတွက် Hibernate ကို မကြိုက်ခဲ့ရင် Disable ပေးတဲ့ နည်းလေးပါ တခါတည်း ဖော်ပြပေးလိုက်ပါတယ်။
လုပ်နည်း
1. (WinKey+R)Run ကနေ Cmd လို့ ရိုက်ပြီး Command Prompt ကိုဝင်လိုက်ပါ။
2. Cmd ထဲမှာ Powercfg –h off ဆိုပြီး ရိုက်ပြီး Enter ခေါက်လိုက်ပါ။ အောက်မှာ ပုံလေးနဲ့လည်း ပြပေးထားပါတယ်။


တကယ်လို့ သူငယ်ချင်းတို့က အပေါ်ကအတိုင်း Setting မှာ Hibernate ကို Enable ဖြစ်အောင် လုပ်ခဲ့ပြီးမှ မကြိုက်တော့လို့ off ပေးချင်ရင်လည်း ဒီနည်းအတိုင်းပေးလို့ ရပါတယ်။ ဒါပေမယ့် Hibernate ကို Setting ကနေ ၀င်ပြီး Enable မပေးရသေးဘဲနဲ့တော့ Cmd ကနေ၀င်ပြီး On ပေးလို့မရပါဘူး။ ဒီလောက်ဆို အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

BIOS Password ကို Remove လုပ်နိုင်ဖို့

BIOS password မေ့သွားခဲ့ရင် အဲ့ဒီ password ကို ဘယ်လိုပြန်ဖျက်မလဲဆိုတာ အရေးကြီးပါတယ် ။ သို့မဟုတ်ရင်တော့ Windows တင်ရတဲ့ အခါမှာ သူများစက် သွားတင်နေရတာ တော်တော် ဒုက္ခ ရောက်လှပါတယ်။ နောက်ပြီWindows ရဲ့ Password မေ့ခဲ့ရင်တော့ reset disk ဖန်တီးပြီ password ပြန်ခေါ်တာ၊ sade mode တို့ကနေ ပြန်ဖျက်နိုင်ပါသေးတယ်။ အဲ့ဒီလို မေ့တဲ့အခါမှာ physically အားဖြင့် CMOS battery ကိုဖြုတ်ပြီ removing လုပ်တာတို့ စတဲ့ ကြားဖူးနားဝ တွေနဲ့ ဖြေရှင်းတာလဲ မရဘူး။ ဒါကြောင့် BIOS password မေ့လို စိတ်ညစ်နေရင် အောက်က PC CMOS cleaner က ဖြေရှင်းပေးပါလိမ့်မယ်.။ Free လဲဖြစ် ၊ အသုံးပြုရလဲ လွယ်ကူတာမို့ တင်ပေးလိုက်တာပါ။ မှုလဆိုဒ်ကိုပါ တခါတည် တင်ပေးလိုက်ပါတယ်။ အသေးစိတ်သိချင်က အဲ့ဒီမှာ သွားသာ လေ့လာ ဖတ်မှတ် ဒေါင်းလုပ်လုပ်ကျပေးတော့။

PC CMOS Cleaner Features:

* Support all x86, x86_64 Personal Computers.
* Support most BIOS, such as: AWARD, AMI, Compaq, Phoenix, Samsung, IBM, Compaq, DTK, Thinkpad, Sony, Toshiba and so on.
* Display the superior passwords of the BIOS .
* Remove BIOS password (will set the BIOS to default status, need reset date).
* Set the BIOS to default state

How to reset BIOS Password?

1. Download ISO file by မှုလဆိုဒ်မှ အသေးစိတ်လေ့လာ ဒေါင်းရန်
2. Burn the ISO file to CD
3. Set the BIOS to boot from CD.
4. Insert the CD you burned and reboot your computer. The software then automatically runs.
5. Use PC CMOS Cleaner to finish the job.

POWER ISO မရှိခဲ့လျင် ( အွန်လိုင်းမှာ တိုက်ရိုက် ရှာပေး ညွန်းဆိုထားခြင်းဖြစ်ပါတယ်။ )

Mediafire-1
Mediafire-2

တမ်းတရင်ခွင်

တမ်းတရင်ခွင်




ရင်ငွေ့နွေးနွေး အဖေ့ကျေးဇူးကြောင့်
နံရံကိုခွဲဖျက် သားမောင်အပြင်ကို ထွက်နိုင်ခဲ့ပြီ အဖေ..
တုန့်ခေါက်လူလား နွေးထွေးမေတ္တာ အဖေ့မေတ္တာကြောင့်
အရာရာကို စိတ်အေးခဲ့ရပြီ အဖေ.....


တစ်ပင်ရောက် တစ်ထောက်နား ပျံသွားတက်ရေး
အဖေညွှန်းပေးလို့ အဝေးဟိုဆီ ပျံသန်းနိုင်ခဲ့ပြီ အဖေ
အခုတော့ အရွယ်ရောက် အတောင်စုံ
လေဟုန်ကိုခွဲ ကောင်းကင်ထဲ ပျံသန်းဖို့
အဖေကို ကန်တော့ခဲ့ပြီ အဖေ.........

ကောင်းကင်ဆိုတာ အကျယ်ကြီးပါလာအဖေ
ကောင်းကင်ဆိုတာ အဝေးကြီးပါလားအဖေ
မုန်းတိုင်းတွေကြား အားငယ်စရာပါလား အဖေ
ဘ၀တိုက်ပွဲတွေ တိုက်ထုတ်ရတာ မလွယ်ပါလားအဖေ

သားတို့အရေး သ္မီးတို့အရေးလို့
ဟောဒီဒုက္ခတွေ ဟောဒီဒုက္ခတွေ
အဖေ ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့တာလဲ အဖေ
သားတို့အတွက် သ္မီးတို့အတွက်လို့
အားဆက်ခဲ့လို့လား အဖေ...(ဥတ္တရ)

( ညီလေး ဦးဇင်း ကဗျာကို ဆရာနေရာမှာ အဖေနဲ့ အစားထိုးပြင်ဆင်ထားပါသည်။ ညီတော်ဆီကို ခွင့်မတောင်းဘဲ အကိုတော် ပြင်ဆင်မိသာ ညီတော်ကို အကို တောင်းပန်အပ်ပါတယ်။ ညီတော် ကျန်မာပါစေ။ ဒီထပ်မက သာသနာအကျိုး ထမ်းဆောင်နိုင်ပါစေ။ ချစ်တဲ့ အကိုလတ် ရာဇာ (မိုးထက်မြင့်(နည်းပညာ )

Wednesday, November 10, 2010

စက်တိုင်းလိုမည် Data Recovery

ကျွန်တော်အကိုကတော့ ပြောပါတယ်။ ဒီဆော့လ်ဝဲကို အရင်က ကိုစေတနာ ဆိုဒ်မှာတင်ပေးတာ တွေ့ဖူးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် ရှင်းထားတာတော့ မတွေ့ဘူးဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော် ဒီနေ့တော့ အင်မတန်မှကို အသုံးဝင်တဲ့ Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။ စက်တိုင်းလည်း ဆောင်ထားသင့်တယ်လို့ ထင်ပါတယ်။ သူကတော့ Recovery ဆော့ဝဲလေးပါ။ Recovery ဆိုပေမယ့် သူက အဓိက လုပ်ပေးတာက မတော်တဆ မရည်ရွယ်ဘဲ လက်ကမှားပြီး ဖျက်မလိုက်တဲ့ Data တွေကို ချက်ချင်း ပြန်ယူတဲ့ ကောင်လေးပါ။ ဒီထပ်မကပါဘူး။ Windows တွေ ဆယ်ကြိမ်မက Format ရိုက်ခဲ့တာကိုတောင် ပုံတွေကို ပြန်ရှာပေးနိုင်ပါတယ်။ ဒီ Software လေးနဲ့ ဘယ်လို Data မျိုးတွေကို ပြန်ရယူနိုင်သလဲ ဆိုတော့.
1. Recycle bin ကနေ ဖျက်လိုက်တဲ့ Data။
2. အမြဲဖျက်နေကျ နည်းလမ်းဖြစ်တဲ့ Shift + Delete နဲ့ဖျက်လိုက်တဲ့ Data တွေအပြင်
3. Memory Card ထဲက နေဖျက်လိုက်မိတဲ့ Data တွေကိုပါ ပြန်ရယူနိုင်တယ်လို့ ဆိုထားပါတယ်။

File Deletion ဖြစ်စဉ်
ဒီနေရာမှာ ကျွန်တော်တို့ စက်ထဲမှာ File deletion လုပ်တဲ့ ဖြစ်စဉ်ကို နည်းနည်းရှင်းပြလိုပါတယ်။ ကျွန်တော်တို့တွေ File တစ်ခုကို Delete လုပ်လိုက်တာနဲ့ ကျွန်တော်တို့ Delete လုပ်လိုက်တဲ့ ဖျက်လိုက်တဲ့ဖိုင်တွေ (ယခင်နေရာယူထားတဲ့) နေရာကို HDD ကနေပြီး နေရာလွတ်( Free space ) ပါဆိုပြီး သတ်မှတ်ထားလိုက်ပါတယ်။ ဒါကြောင့် တကယ်လို့များ နောက်ထပ် Data အသစ်တွေ ကို အခုန HDD ထဲမှာဘဲ ထပ်သိမ်းချင်တဲ့အခါ HDD ကနေပြီး ခုန သူက Free Space လို့သတ်မှတ်ထားတဲ့ နေရာတွေမှာ သိမ်းဖို့ခွင့်ပြူလိုက်ပါတယ်။ တကယ်လို့ အခုနဖျက်လိုက်တဲ့ နေရာလွတ်တွေ နေရာမှာ နောက်ထပ် Data တွေထပ် မ Save ရသေးဘူးဆိုရင်တော့ ပြန်ပြီး Recover လုပ်ဖို့ လွယ်ကူပါတယ်။ ဒီလိုမှမဟုတ်ဘဲ ဖျက်လိုက်တဲ့ နေရာမှာ Data တွေထပ်ပြီး သိမ်းမိရင်တော့ ပြန်ပြီး Recover လုပ်ဖို့ ဒီ Software လေးအတွက် အခက်အခဲရှိနိုင်သလို ပြန်ရနိုင်ဖို့လည်း မသေချာပါဘူး။ အခုတော့ ဒီSoftwareလေးနဲ့ လုပ်ပုံလုပ်နည်းလေးကို ဆက်ကြည့်လိုက်ရအောင်…

လုပ်နည်း
1. ပထမဆုံး ဒီနေရာမှာ ဒေါင်းလုပ် ယူလိုက်ပါ။
2. Software လေးကို Install လုပ်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံလေးလိုမျိုး ကျလာပါလိမ့်မယ်။ မိမိ ပြန်လိုချင်တဲ့ Files အမျိုးအစား တွေကို ရွေးပေးလို့ ရပါတယ်။


3. ရွေးပြီးပြီဆိုတာနဲ့ Next ပေးလိုက်တာနဲ့ Recover လုပ်ပေးတဲ့ ပုံလေးပေါ်လာပါလိမ့်မည်။


4. Recover လုပ်ပြီးပြီဆိုတာနဲ့ ကျလာတဲ့ Box လေးထဲမှာ အနီရောင်နဲ့ အပြာရောင် ဆိုပြီး နှစ်မျိုး ပြထားတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်ဆိုတာကတော့ ပြန်ရဖို့မသေချာ ဘူးဆိုတဲ့သဘောကို ပြထားတာပါ။ အစိမ်းရောင်ကတော့ သေချာပေါက် ပြန်ရမယ်ဆိုတဲ့ သဘောကို ဆိုလိုတာပါ။ မိမိပြန်လိုချင်တဲ့ File တွေကို Click ပေးပြီးရင် ဘယ်နေရာမှာ ပြန်သိမ်းမလဲရွေးတဲ့ အခါမှာ မိမိဖျက်လိုက်တဲ့ HDD မဟုတ်တဲ့ တစ်ခြား Partion ကိုရွေးပေးရပါမယ်။ ဆိုလိုတာက မိမိက C: ထဲက Data ကို Recover ပြန်ယူတဲ့အခါ D: သို့မဟုတ် တစ်ခြား Partion တစ်ခုခုကို ရွေးပေးရပါမယ်။ ဒါဆိုရင်အားလုံး အဆင်ပြေ သွားပါပြီ။


သုံးရတာ အဆင်ပြေပါတယ်။ အာလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Tuesday, November 9, 2010

MooO DiskCleaner Portable


ကျွန်တော်ဒီနေ့တော့ CCleanerနဲ့ ပုံစံတူတဲ့ Portable Diskcleaner လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ သူကိုတော့ MooO DiskCleaner လို့ခေါ်ပါတယ်။ Portable လေးဖြစ်ပြီး သုံးရတာ အရမ်းလွယ်ကူ လို့ဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့ဦး။ သူကလဲ ကျွန်တော်တို့ လိုချင်နေတဲ့ အရာတွေဖြစ်တဲ့ Hard Disk ထဲမှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေကို ဖယ်ရှားပေးမယ့် အပြင် Registry, internet browser cache,history တွေနဲ့ cookies တွေကိုပါ ရှင်းလင်ပေးပါလိမ့်မယ်။ System ထဲမှာရှိတဲ့ မလိုအပ်တဲ့ temporary files တွေကိုပါ မိမိစိတ်ကြိုက် Click လေးနှိပ်ပြီး ရှင်းလို့ရသလို Boot တက်တိုင်း တနည်းအားဖြင့် စက်ဖွင့်တိုင်း သူ့ဘာသာ အလိုလျောက် ရှင်းလင်းဖို့အတွက်လည်း Click လေးတစ်ချက် လုပ်ထားလိုက်တာနဲ့ အဆင်ပြေတဲ့အတွက် Portable လေးတွေကိုမှ စိတ်ဝင်စားသူများအတွက် ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။ လိုအပ်မယ့် သူငယ်ချင်းများ အောက်မှာဒေါင်းလိုက်ကြပါ။

Download

မိုးယံလ နဲ့ ဆရာ့ရင်ခွင်



မိုးယံလ နဲ့ဆရာ့ရင်ခွင်


ဒဏ်ရာတွေ သူ့မှာခပေမယ့်

စန္ဒာအဆွေ သူ့ရွာလှစေသို့

ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်

သြော်…. ရှုကာဆပေတော့ ဆရာ့သွင်ပြင်….

မျက်နှာပန်းမှာလ

ခတ်ကြမ်းကာ မာပုံထင်လည်း

ရင်ခွင်ကို လှစ်ကာ ကြည့်လျှင်ဖြင့်

အစဉ်ချို မေတ္တာ အပြည့်ပါကွယ်

သိကြစေချင်…


မလိမ္မာကဲကာ မိုက်တာကြောင့်

ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်

အသဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်

အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း…..


လမင်းဆိုတာ…

လဆင်းဘယ်လိုဖြာလည်း (ပ၀င်းဘယ်လိုသာလည်း)

တစ်လမှာ နှစ်ခါမပြည့်ပါဘူး

အမိအဘနှယ် နောင်အရှည်မြင်၍

တပည့်လှဖွယ် အရောင်တွေထင်သည့်

ဆရာ့ရင်ခွင် မေတ္တာလရယ်က

ဘ၀မြင်အောင် သစ္စာပြလို့ရယ်က

(မင်းတို့အပေါ်မှာလေ)

မိုးလထက်လင်း။ (ဥတ္တရ)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes