About

Monday, November 8, 2010

Super Speed USB 3.0 နှင့် USB 2.0 ခြားနားချက်များ

ကျွန်တော်ဒီနေ့ USB 3.0 လေးနဲ့နည်းနည်း မိတ်ဆက်ပေးချင်လို့ပါ။ USB 3.0 လေးကတော့ USB 2.0 ထက်ကို ပိုမိုမြန်ဆန်စွာနဲ့ Data တွေကို ပို့ဆောင်ပေးမယ့် ပစ္စည်းလေး တစ်ခုပါ။ ယခင် USB2.0 အမျိုးအစားတွေထက် 10 လောက် မြန်မြန်ဆန်ဆန် Data တွေကို Transfer လုပ်ပေး လုပ်ပေးနိုင်ပါလို့ ဆိုထားပါတယ်။ USB 2.0 မှာဆိုရင် 480 Mbits/s ရှိတာကနေ USB 3.0 မှာဆိုရင် 4.8 Mbits/s ထိ Trasfer လုပ်ပေးနိုင်တယ် လို့ဆိုထားပါတယ်။ ဒါက သီအိုရီအရပါ။ တကယ်တမ်း လက်တွေ့မှာတော့ 4.8Gbits/sရဲ့တစ်ဝက် တိတိလောက်ပဲ အစွမ်းကုန်အလုပ်လုပ်ပေး မယ်ဆိုတာကိုတော့ မမေ့သင့်ပါဘူး။ ကျွန်တော်တို့ အသုံးပြူနေကျဖြစ်တဲ့ 2.0 တွေမှာဆို ရင်လည်း 480 Mbits/s လို့ဆိုပေမယ့် တကယ်တမ်း အလွန်ဆုံးမှာတော့ 320 Mbits/s လောက်ပဲ လုပ်ပေးနေတာပါ။ ကွန်ပျူတာနဲ့ USB ဆက်စပ် ပစ္စည်းတွေကြားမှာ လျင်မြန်လွယ်ကူစွာ အလုပ်လုပ်ချင်သူများ အတွက် ပိုမို သင့်တော်ပါတယ်။ လက်ရှိ မားသားဘုတ်တွေ မှာလည်း USB 3.0 Port တွေကို ထပ်မံထည့် သွင်းအသုံး ပြူနိုင်ပါတယ်။ အောက်မှာ 2.0 နဲ့ 3.0 တို့ရဲ့ ကွဲလွဲချက် ကလေးတွေ ကိုဖော်ပြပေးထားပါတယ်။


2.0 တွေပျောက်ကုန်တော့မှာလား

USB 2.0 Devices နဲ့ Connector တွေဟာ ဘယ်လိုဆက်ပြီး စခန်းသွားမှာလဲလို့ မေးစရာရှိပါတယ်။ ဒီအတွက် USB 3.0 Ports တွေက လက်ခံပြီး အလုပ်လုပ်ပေး ပါတယ်။ ဒါပေမယ့် 3.0 ရဲ့ အမြန်နှူန်းအတိုင်း အလုပ်လုပ်မှာတော့ မဟုတ်ပါဘူး။ 2.0 ရဲ့ အမြန်နှူန်းအတိုင်းဘဲ ဆက်လက်လုပ်နေမှာ ဖြစ်ပါတယ်။ 3.0 တွေဟာ 2.0 တွေထက် ကုန်ကျစရိတ်တော့ ပိုများနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 3.0 အတွက် cables တွေ Controller တွေ က သီးခြားလိုအပ် လာတော့မှာ ဖြစ်လို့ပါဘဲ။ ဒါကြောင့် 2.0 နဲ့ 3.0 ဟာ အတူတူ ယှဉ်တွဲပြီး ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ တကယ်လို့ 3.0 ရဲ့ အမြန်နှူန်းတွေကို လိုချင်ရင်တော့ 3.0 ရဲ့ Ports တွေနဲ့ Connector တွေကို သာ အသုံးပြူကြရမှာ ဖြစ်ပါတယ်။ အောက်မှာ သူတို့ရဲ့ ကွဲလွဲချက်ကလေးကို လေ့လာကြည့်ပါဦး။


ဘယ်သူတွေအများဆုံးစိတ်ဝင်စားမလဲ

Video ဖိုင်တွေဟာ Trasfer လုပ်ရင် ကြာတတ်ပါတယ်။ Video နဲ့ ဆိုင်တဲ့ Professional သမားတွေအတွက်ကတော့ စိတ်မရှည်ချင်စရာပါ။ 2.0 နဲ့ Video တွေကို Transfer လုပ်တဲ့အခါ တော်တော်လေး စိတ်ရှည်ရပါတယ်။ 3.0 မှာတော့ တော်တော်လေး ပိုမြန်လာတဲ့အတွက် Profession သမားတွေအတွက် စိတ်ဝင်စားစရာ အမြန်နှူန်းဖြစ်နေမှာတော့ သေချာပါတယ်။ သူတို့ရဲ့ ကွာခြားချက်လေးကို အောက်မှာကြည့်လိုက်ပါဦး။


Drivers တွေရော လိုဦးမှာလား

လောလောဆယ်တော့ Window 7 နဲ့ Linux 2.6.31 တွေမှာ Window ကနေ support လုပ်ပေးနိုင်ဖို့ကို ပြင်ဆင်နေပါပြီ။ အခြား Windows OS တွေအတွက်လည်း 3.0 ကို support လုပ်ဖို့ Drivers တွေ ထွက်လာဦးမှာပါ။ ဒါကြောင့် စွမ်းဆောင်ရည်တွေကို မြင့်တင်ချင်တယ်ဆိုရင်တော့ သီးခြား Devices တွေအတွက် သီခြား Driver တွေလိုနေဦးမှာ ဖြစ်ပါတယ်။

ဘာတွေများကွာခြားသွားတာလဲ

3.0 တွေကို အမျိုးအစားပေါ် မူတည်ပြီး အုပ်စု(၃)စုခွဲခြားထားပါတယ်။ အောက်မှာ ပုံလေးနဲ့တကွ ဖော်ပြထားပါတယ်။ လေ့လာကြည့်ပါဦး။



ကျွန်တော်ဗဟုသုတ အနေနဲ့ ဘာသာပြန်ပြီး တင်ပြပေးလိုက်တာပါ။ နားမလည်တာ အယူအဆ မှားယွင်းတာများ ပါခဲ့ရင် ကျွန်တော့်ရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်။ အားလုံးကျေးဇူး တင်ပါတယ်။

Saturday, November 6, 2010

Window 7 မှာ မိမိစိတ်ကြိုက် Pin Code များဖန်တီးခြင်း

ကျွန်တော်တို့ Window 7 မှာ မိမိတို့ ကြိုက်တဲ့ Folder တွေကို Taskbar မှာ တွဲချိတ်ထားဖို့(pin) လုပ်ထားဖို့ဆိုတာ တိုက်ရိုက်လုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်လို့ရတဲ့ နည်းလေးတွေတော့ ရှိပါသေးတယ်။ မိမိအမြဲတမ်း သုံးနေကျ folder လေးတွေကို Taskbar လေးမျာ တွဲချိတ်(pin) ထားလိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ လိုချင်တဲ့နေရာ ရောက်အောင်သွားနိုင်ပါတယ်။ မိမိသုံးနေကျ Folder တွေကို Taskbar မှာ ချိတ်ပေးလိုက်တဲ့ အတွက် Desktop ကို ရှင်းရှင်းလင်းလင်း ထားချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Window 7 သုံးနေရပေမယ့် Apple window သုံးနေရတဲ့ ပုံစံလေး မြင်တွေ့ရမယ်လို့ ဆိုထားပါတယ်။ သုံးကြည့်လိုက်ပါ။ တော်တော်လေး အဆင်ပြေပါတယ်။
1. ပထမဆုံး ဒီနေရာမှာ ဒေါင်းလုပ်ချလိုက်ပါ။
2. ဒေါင်းလုပ်ချပီးတာနဲ့ Folder ထဲမှာပါတဲ့ .exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံလေးကို တွေ့ရပါလိမ့်မယ်။




1. Stack Name နေရာမှာ မိမိကြိုက်နှစ်သက်ရာ နံမည်ပေးပါ။
2. Path မှာ မိမိ Pin(တွယ်ချိတ်) ထားချင်တဲ့ Folder ရှိတဲ့နေရာကို သွားပြီး ရွေးပေးလိုက်ပါ။ ဥပမာ ကျွန်တော်ဆိုရင် Control Pannel ကိုရွေးပေးထားပါတယ်။
3. Open As မှာ Grid, Auto & Stack ဆိုတာ ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ တခုခုရွေးနိုင်ပါတယ်။ Direction မှာ Up,Down,Left & Right ဆိုပြီး ရှိပါတယ်။ ကြိုက်နှစ်သက်ရာ တခုရွေးပါ။ Switch to grid after မှာ မိမိ ထည့်ချင်တဲ့ Item အရေအတွက်တွေ သတ်မှတ်ပေးလို့ ရပါတယ်။
4. Force open positon မှာ X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ မိမိကြိုက်သလောက် သတ်မှတ်ပေးလို့ ရပါတယ်။
5. Create Stack ဆိုတာလေး လုပ်ပီးတာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါပီ။
6. Create shortcut ဆိုတာလေး နှိပ်ပီး Shortcut လေး လုပ်ထားပေးလို့ ရပါတယ်။
7. အားလုံးပြီးသွားရင်တော့ OK ပေးလိုက်ပေါ့။
အားလုံး ပြီးသွားရင် မိမိ Shortcut ပေးထားတဲ့ နေရာလေးကနေ Right click ထောက်ပီး Pin to Taskbar ဆိုပီး လုပ်ပေးလိုက်တာနဲ့ အစအဆုံးအကုန်လုံး အဆင်ပြေသွားပါပီ။

Your Unstaller ဖူးဘာရှင်း

ကျွန်ပျူတာ သုံးတဲ့ သူငယ်ချင်းတွေ သုံးသင့်တဲ့ Your Unstaller Software လေးကို တင်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အခုလို Third Party Software တွေထက် ကွန်ပျူတာက Tool တွေဘဲ အဓိက သုံးပါတယ်။ ဒါပေမဲ့ အခုလို Software ကို အသုံးပြုချင်တဲ့ သူငယ်ချင်းတွေကို ဖူးဘာရှင်းကိုဘဲ တင်ပေးလိုက်ပါတယ်။ ( Enter Key မှာ ထည့်ဖို့ Name နဲ့ Serial Key တင်ပေးထားပါတယ်။ )


Download

Software ရဲ့ အကျိုးကျေးဇူးများ
  1. Application တွေကို Uninstall လုပ်တဲ့ အခါမှာ jump files တွေ မကျန်ခဲ့အောင် uninstall ပြုပ်လုပ်နိုင်ခြင်း။
  2. Disk Cleaner ပြုလုပ်နိုင်ခြင်း။
  3. msconfig ( System configuration) မှာကဲ့သို့ မိမိ စက်ဖွင့်တာနဲ့ အလုပ်မလုပ်စေချင်တာတွေကို အလွယ်ပြုလုပ်နိုင်တဲ့ Startup Manager ပါရှိခြင်း။
  4. Start menu ကို အက္ခရာအလိုက် စီစဉ်ပေးခြင်း။
  5. Internet Explorer မှာ Cooking စသည့် များကို ရှင်းထုတ်နိုင် Trace Eraser ပါရှိခြင်း။
  6. files Shredder ပါရှိခြင်း။
  7. Windows Tools ကို အလွယ်သွားနိုင်ခြင်း။
  8. မိမိ အသုံးပြုထားသော Application တွေ မှန်ကန်မှု့ ရှိမရှိ ပြုလုပ်နိုင်တဲ့ Autofix ပါရှိခြင်း။
  9. ကျန်တဲ့ Tool တွေကိုတော့ ကိုယ်တိုင်သာ လေ့လာလိုက်ပါ။ အထပ်ပါ Tool တွေကတော့ ကျွန်တော် ပြုလုပ်နေကျတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကြိုက်နှစ်သက်က အောက်မှာ Download ချနိုင်ပါတယ်။

Friday, November 5, 2010

နေမင်းကြီး




နေမင်းကြီး

သား ဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်က သားအတွက်တော့ အဖေဟာ ကုဋေကြွယ် သူဠေးကြီးပါကွာ................

သား အတွက် ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ သားအတွက် အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ သား နေ၀င်သွားတဲ့အခါ အဖေဟာ မင်းအတွက် လမင်းကြီးပါကွာ...................

ဒါပေမဲ့ သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့နေပါကွာ.................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ................

သား ......မင်းဟာ ပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ.........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ.....................

သား ..... ဒီကနေ့ အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ ) အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ.................

သား ... အဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာတွေကို သားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့် ပေးနိုင်ပါတယ်ကွာ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ................

မိုးသောက်လုလင်(ရာဇာ)(ခ) မိုးထက်မြင့်(နည်းပညာ)


မှတ်ချက်။ ။ ကျွန်တော် ဒီကဗျာလေးကို စရေးခဲ့တာက လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပါ။ အင်တာနက်သုံးတော့ Blog မှာတစ်ကြိမ် ၊ forum တစ်ခုမှာ တစ်ကြိမ် မိုးသောက်လုလင် နံမည်နဲ့ တင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် နည်းပညာရေနေတဲ့ နေရာမှာတော့ မတင်ပေးဖြစ်ခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်ဆိုဒ်မှာကိုယ်ဘဲ တင်လိုက်တော့ပါတယ်။ ကျွန်တော်ရဲ့ ကဗျာလေးကို ခံစားပေးပါအုံး။ နည်းပညာတွေဘဲ ရေးနေတာ ဖြစ်တာကြောင့် အားရုံလေး ပြောင်းကြည့်တာပါ။

ဆရာ့ကျေးဇူး မြင့်မိုရ်ဦး


ဆရာ့ကျေးဇူး မြင့်မိုရ်ဦး

ဆာယာ” ဟူသည် ”အရိပ်” မည်၏။
တပည့်ကောင်းကျိုး
အရိပ်မိုး၍ ၊ ဘေးဆိုးကွယ်ကာ
စောင့်ရှောက်တာမို့
ဆာယာ….မှသည် ၊ ဆရာ.မည်၏

တပည့်တို့အပေါ်မှာ
ပညာရဲရင့် ၊ ပွဲလယ်တင့်ဖို့
သိပ္ပံဝိဇ္ဇာ ၊ မြတ်ပညာအား
သင်ကြားဖြန့်ဝေ ၊ တတ်စေလိုသည်
မငြိုနှလုံး ၊ ချိုအပြူံးဆင့်
သက်ဆုံးထက်ပန် ၊ မေတ္တာမှန်ကြောင့်
ငါးတန်ဗလ ၊ သန်စွမ်းရမည်
နိုးကြားတက်ကြွ ၊၀ီရိယက
ဇွဲရှိရမည် ၊ ဤသည်အမှား
ဤကားအမှန် ၊ ဝေဖန်သုံးသပ်
သိတတ်ရမည် ၊ ယုံကြည်မျှော်တွေး
ခရီးလမ်းမှာ ၊ ပန်းတိုင်းပွင့်စေ
ရနံ့ဝေ…….
စေတနာရှင် ၊ ဆရာပေတည်း။

တပည့်များအား
ခွဲခြားမဟူ ၊ ဖြူနှလုံးသား
ရင်ဝယ်သားသို့ ၊ ထားရှိစေတနာ
ဝါသနာနှင့်၊ အနစ်နာခံ
ရှင်သန်နိုးကြား ၊ ပီတိစား၍
ခွန်အားဖြစ်ရ ၊ဆရာ့ဘ၀..။
သြော်……..
ဒုတိယမိဘ ၊ ဆရာ့ကျေးဇူး
မြင့်မိုရ်ဦးသို့ ၊ရည်စူးကော်ရော်
ပူဇော်ဦးခိုက်ပါသတည်း…….။( အရှင်ဥတ္တရ )

တွက်မယ်ချက်မယ် ပါးပါးလှီးမယ် ဆိုတဲ့ သူငယ်ချင်းများအတွက် Calculator မိတ်ဆက်

ကျွန်တော်အခု တင်ပြချင်တာ ကတော့ Calc လေးတွေပါ။ Windows ထဲမှာလည်း ပါပြီးသားလို့ ပြောစရာရှိပါတယ်။ အခုတင် ပြမှာက Window မှာပါတဲ့ Calc ထက်ပိုတဲ့ Function လေးတွေပါလို့ လိုအပ်လာရင် အသုံးပြူံးလို့ ရအောင်လို့ပါ။ သုံးကြည့်ပါ တော်တော်လေး အဆင်ပြေပါတယ်။


SFR Calculator
SFR Calc လေးက ရိုးရိုး Calc အသွင်မျိုး မဟုတ်ဘဲ MS Office ဖိုင်တွေကို ဖွင့်တဲ့အခါ တွေ့ရတဲ့ ပုံစံမျိုးလေးနဲ့ တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ကိန်းတွေပေါင်းတဲ့အခါ ကျွန်တော်တို့ စာရွက်တွေထဲမှာ ချတွက်နေတဲ့ ပုံစံမျိုးလေး အတိုင်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် မိမိတွက်ချက်ထားတဲ့ ဂဏန်းလေးတွေရဲ့ဘေးမှာ Note သဘောမျိုး စာသားလေးတွေနဲ့လည်း မှတ်ထားလို့ရပါတယ်။ ဒါ့အပြင် မိမိက သိမ်းထားချင်တယ်ဆိုရင်လည်း သိမ်းထားလို့ရသလို Print ထုတ်ပီးလည်း ယူသွားလို့ရပါတယ်။ ဒီအချက်လေးက ဘယ် Calc မှာမှမပါတဲ့ အားသာချက်ကလေးပါ။ Window Xp,7 & Vista အပြင် Window mobile & Ipod တွေမှာပါ ထည့်သွင်း အသုံးပြူလို့ရတာကြောင့် လိုအပ်မယ်ထင်ရင် ဒေါင်းသာယူထားလိုက်ကြပါ သူငယ်ချင်းတို့ရေ။ ကျေးဇူးတင်ပါတယ်။


ဒေါင်းလုပ်ရယူရန်



Microsoft FreeCalc
Microsoft FreeCalc တဲ့။ သူကလည်း Microsoft ရဲ့ ထွက်ကုန်လေးတစ်ခုပါဘဲ။ နောက်ဆို Window မှာပါတဲ့ Calc နေရာမှာ သူကနေရာယူလာနိုင်တယ် လို့တောင်ဆိုထားပါတယ်။ ဒီ Calc လေးကလဲ သိမ်းထားလို့ရသလို Print ထုတ်ပီးလည်း ယူသွားနိုင်ပါသေးတယ်တဲ့။ သူကလည်း တွက်ချက်ရာမှာ ရှင်းရှင်းလင်းလင်းနဲ့ မြန်မြန်ဆန်ဆန် ဖြစ်စေဖို့လည်း တာဝန်ယူပါတယ်တဲ့ဗျာ။ အရောင်မကြိုက်ခဲ့ရင်လည်း နောက်တစ်လုံး ထပ်ဝယ်ဖို့ မစဉ်းစားပါနဲ့ဗျာ။ မိမိကြိုက်တဲ့ အရောင်တွေ ပြောင်းလို့ရအောင်လည်း စီစဉ်ထားပါတယ်။ ကဲ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းတွေ ဒေါင်းသာ ယူထားလိုက်တော့ဗျာ။



ဒေါင်းလုပ်ရယူရန်



SpeQ
ကဲဒီတစ်ခါကတော့ SpeQ တဲ့။ သူကတော့ သင်္ချာသမားတွေ အတွက်တော့ အတော့်ကို အဆင်ပြေမယ့် Software လေးပါတဲ့။ Arithmatic, conditional, logical နဲ့ bitwise အစရှိတဲ့ လုပ်ဆောင်ချက်တွေ လည်းပါဝင်တယ်လို့ ဆိုထားပါတယ်။ Mathematical နဲ့ Physical ဆိုင်ရာ ကိန်းသေ(Constant)ဂဏန်း 100 လောက်စီကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ကိုယ်ပိုင်စိတ်ကြိုက် Variable တွေကိုဖန်တီးပြီး ဒီCalc ထဲမှာ ထည့်သွင်းတွက်ချက် နိုင်ပါသေးတယ်တဲ့ဗျာ။ မပြီးသေးဘူး အများကြီးဗျ။ Binary , Decimal ,Hexadecimal စတဲ့ ကိန်ဂဏန်းတွေကိုလည်း အချိန်တိုအတွင်း ဒီ Calc လေးက ပြောင်းပေးနိုင်ပါသေးတယ်တဲ့။ တွက်ချက်တာတွေ မပီးပြတ်သေးရင် Save ပီး နားလည်တဲ့ လူတွေဆီ ယူသွားပီး မေးလို့လည်း ရပါသေးတယ်တဲ့ဗျာ။ ကဲ ဒီလောက်ညွှန်းနေမှတော့ လိုအပ်မယ်ထင်ရင် ဒေါင်းသာထားလိုက်တော့ သူငယ်ချင်းတို့ရေ။(ကိုယ်တိုင်သာဒေါင်းပီး သုံးကြည့်ကြပါ ကျွန်တော်ကတော့ သင်္ချာညံ့လို့ မသုံးတတ်ပါဘူးဗျာ….P)
ဒေါင်းလုပ်ရယူရန်

Thursday, November 4, 2010

မိုက်ခရိုဆော့ အော့ဖစ် ၂၀၁၀ ဖူးဘာရှင်း

ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် မိုက်ခရိုဆော့ ၂၀၁၀ ကို ဖူးဘာရှင်း တင်ပေးလိုက်ပါတယ်။ ကျွန်တော် တင်ပေးဖို့ ကြိုစားတာအတော်ကြာပါပြီ။ ဒါပေမဲ့ ပထမတစ်ကြိမ်တင်ပေးဖို့ Upload တင်ပြီတာနဲ့ အလုပ်မလုပ် သိရအောင် ကိုယ်တိုင်ပြန်ဒေါင်းတာကို Link တွေက Download ချလို့ မရပါဘူး။ အကြောင်းက ကျွန်တော်က မိုက်ခရိုဆော့ ၂၀၁၀ ဖူးဘာရှင်းဆိုပြီ အင်္ဂလိပ်လို တိုက်ရိုက်ရေးပြီ တင်လိုက်တာကြောင့် မိုက်ခရိုဆော့ က ဒေါင်းလို့မရအောင် ဖျက်လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့က အလကားတင်ပေးတာကိုး မဖျက်ဘဲ ဘယ်ရှိပါ့မလဲ။ ဒါကြောင့် စိတ်မလျော့သေးဘဲ စာဖတ်သူတွေအတွက် နောက်တစ်ကြိမ် လူလယ်လုပ်ပြီး ပြန်တင်ပေးလိုက်တာ နံမည် ကိုတောင် အင်္ဂလိပ်လို မရေးရဲဘူး မြန်မာလိုဘဲ ရေးတင်လိုက်တယ်။ မိုက်ခရိုဆော့ ၂၀၁၀ က အတော်ကောင်းပါတယ်။ featured တွေလဲ အတော်စုံပါတယ်။ လုပ်ရကိုင်ရတာလဲ အတော် ပေါ့ပါး သွက်လက်ပါတယ်။ ဖူးဘာရှင်းလဲ ဖြစ်လို့ အလကား လိုချင်ကျသော ရွှေမြန်မာ တွေအတွက် တင်ပေးလိုက်တယ်။ Rar နဲ့ ချုံပေးလိုက်တယ်။ ၂၀၀၇ သုံးနေတဲ့ သူငယ်ချင်းတွေအနေနဲ့ ၂၀၁၀ က ပိုသုံးရ နှစ်သက်ကျမှာပါ။



မှတ်ချက်။ ။ အော့ဖစ်စ် ၂၀၁၀ Part01.၁၂၃ လို့ ဒေါင်းပြီသာတွေကို အော့ဖစ်စ် ၂၀၁၀ Part01.rar လို့ပြန်ပြောင်းပြီမှ Extract လုပ်ပါ။

မသိသူများအတွက်သာ
( တနည်းအားဖြင့် File type ပြောင်းထားလို့ဖြစ်ပါတယ်။ ချက်ချင်ပြောင်းလို့မရတဲ့ သူငယ်ချင်းတွေ ရှိ ခဲ့ရင် ပြောင်းလို့ရအောင် contoel panel >> folder option >> view >> hide extention for know files ကို အမှန်ခြစ်ဖြုတ်ပြီ Ok ပေးလိုက်။ ပြီရင် ပြန်ပြောင်း ဒါဆို ရလိမ့်မည်။ )





Download

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes