About

Thursday, November 4, 2010

Window 7 မှာ Taskbar မှ App View တွေကို အကြီးချဲ့ခြင်း

ကျွန်တော်တို့ Window 7 မှာ Taskbar မှာ ရှိတဲ့ မိမိတို့ ဖွင့်ထားတဲ့ Application လေးကို Mouse တင်လိုက်တဲ့အခါ ပေါ်လာတဲ့ Box ကလေးတွေကို Thumbnail လို့ ခေါ်ပါတယ်။ အဲ့ဒီ Thumbnail Box လေးတွေက Window မှာပါတဲ့ အတိုင်းဆို သေးနေပါတယ်။ အဲ့ဒီ Box လေးတွေကို မိမိစိတ်တိုင်းကျ လိုသလို အကြီးချဲ့ပေးလို့ ရပါတယ်။ အကြီးချဲ့ပေးလိုက်တဲ့အခါ စာလုံးလေးတွေကို ရှင်းရှင်းလင်းလင်း မြင်ရတာပေါ့။ Window Tools လေးတွေမှာ အမြင်ဆန်းချင်သူများ လုပ်ဆောင်လို့ရအောင် ဝေမျှပေးလိုက်ပါတယ်။ Software နဲ့ ပြင်ချင်သူများ အတွက်လည်း Softawre လေးပါ တခါတည်း ဝေမျှပေးထားပါတယ်။ ကဲ အခုပထမဆုံး Window မှာပါတဲ့ Tools လေးတွေနဲ့ အရင်ဆုံး လုပ်ကြည့်ရအောင်ဗျာ…
ပထမနည်း
1. Run Box မှာ Regedit လို့ ရိုက်ထည့်လိုက်ပါ။
2. HKEY_CURRENT_ USER >> SOFTWARE >> MICROSOFT >> WINDOWS >> CURRENT VERSION >> Explorer >> Taskband ထိရောက်အောင် အဆင့်ဆင့် သွားလိုက်ပါ။
3. Taskband ရောက်ပြီဆိုတာနဲ့ Right Click ထောက်ပီး NEW ကနေ DWORD (32_bit) Value ကို Click လိုက်ပါ။ အောက်ကပုံကို ကြည့်ပါ။




4. New Value ဆိုပြီ Name ထဲမှာတွေ့ရပါမည်။ အဲ့ဒီ New Value ပေါ်ကို Right Click ထောက်ပြီ New Value နေရာမှာ MinThumbSizePx ဆိုပြီ Rename ပေးလိုက်ပါ။ ပြီးဒါနဲ့ မိမိပေးခဲ့တဲ့ Rename ပေါ်မှာ Right Click ထောက်ပြီ Modify ကို Click ပါ။ Value Data ကို 500 (or ) 600 ပေးလိုက်ပါ။ ပြီရင်တော့ OK ပေါ့။ အောက်ကပုံလေးကို ကြည့်ပါ။



5. အထက်ပါအဆင့်တွေ လုပ်ဆောင်ပြီးဒါနဲ့ Restart ပေးလိုက်ပါ။ ကျေးဇူးတင်ပါတယ်

ဒုတိယနည်း
အလုပ်ရှူပ်မခံချင်သော သူငယ်ချင်းများအတွက် Software လေးပါ တခါတည်း ဝေမျှပေးလိုက်ပါတယ်။ အောက်မှာဒေါင်းလိုက်ကြပါ။

ဒေါင်းလုပ်ရယူရန်



Image and video hosting by TinyPic

တန်ဆောင်တိုင် လက်ဆောင်




သီတင်းကျွတ်မှာဆို ပိုသင့်တော်မည့် Software လေးပါ။ ဒါပေမဲ့ အခုမှ တင်ပေးဖို့ သတိရလို့ တင်ပေးလိုက်တာ။ နောက်ကျလိုဆို စိတ်မဆိုးရဘူးနော်။ ဒါပေမဲ့ တန်ဆောင်တိုင် မှာလဲ အတူကဲဖို့ ကျန်ပါသေးတယ်။ သူများတွေလို ဘုရားမှာ မီးပူဇော်နေတဲ့ အချိန်မှာကိုကလဲ ကွန်ပျူတာကနေ မှန်ဆ ပူဇော်နိုင်ဖို့အတွက်ပါ။ ဒါကြောင့် တန်ဆောင်မုန်းမှာ မောင်ဖုန်းတို့ မယ်ဖုန်းတို့ ရဲ့ ကွန်ပျူတာလေးမှာ မီးပုံးလှလှ မီးခွက်လှလှလေးနဲ့ အလှဆင်လို သူများအတွက် Portable လေး တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကဲ..အားလုံးပဲ အဆင်ပြေကြပါစေ။

ဒေါင်းလုပ်ရယူရန်

Wednesday, November 3, 2010

ပန်းလိပ်ပြာ


ပန်းလိပ်ပြာ

ရင်မှာကြည်နူး လုံးလထူးဖြင့်
တူးကာမြေဆွ မျိုးစေ့ချသည်
လန်းလှပန်းပင် ကြီးမြန်ရှင်ဖို့ ……..

နေ့စဉ်ရက်ဆက် အားမာန်တက်စွာ
ဖျဉ်းပက်ရေကြည် ပင်နန်းဆီမှာ
ဝေစည်ပန်းစုံ ဖူးပွင့်ဖို့ ………

သြဇာမြေဆွေး မြေတောင်ပေးကာ
အသွေးရောင်တင့် ပင်ယံမြင့်မှာ
ပွင့်သောပန်းတိုင်း မွှေးစေဖို့ ……….

ယုယမြတ်နိုး ပန်းကိုပျိုးသည်
တန်းဖိုးကြီးမား တနည်းအားဖြင့်
စီးပွားရှာဖို့ မမှန်းပါ………

လန်းပွင့်စေကြောင်း ရေကြည်လောင်းတာ
ပန်းကောင်းညွတ်ကျိုး အရုပ်ဆိုးအောင်
ချိုးယူပန်လို့ မမြန်းပါ……….

မြေဆီသြဇာ ကျွေးပြီးကာမှ
မာလာပန်းခတ် နွမ်းကြွေသက်အောင်

သြော်………..
ပန်းနှင့်လူသား နှစ်ဦးကြားဝယ်
ထူးခြားလွန်းတင် သံယောဇဉ်ကို
ဘ၀မှန်းဆ မြင်စမ်းကြလျှင်
ဘ၀ရေစက် ဆိုရခက်သည့်
ပန္နက်သစ္စာ ခိုင်မာအထု
သမုဒယနယ် ပန်းမြိုင်လယ်က
နှစ်သွယ်မေတ္တာ ချစ်ကမ္ဘာသည်
အတွယ်အတာ ပန်းလိပ်ပြာ………. ( အရှင်ဥတ္တရ)

Window 7 မှာ Linux တင်လို့မရတဲ့ ပြဿနာ

Window 7 မှာ Linux Ubuntu တင်လို့မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ ကျွန်တော် အရင်ကတော့ Windows XP မှာ တင်ပြီ သုံးနေတာပါ။ မေးတဲ့ သူက Window 7 ဆိုလို့ ကျွန်တော့ သူငယ်ချင်း စက်မှာ ပထမ တင်ကြည့်ပါတယ်။ ဒါပေမဲ့ တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ OS က 32 bit ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒါနဲ့ 64 bit မှာတင်ကြည့်တော့ အဆင်ပြေသွားပါတယ်။ ဒါနဲ့ ကျွန်တော်စက်မှာဘဲ 32 bit နဲ့ တင်လို့ရအောင် ကြိုစားကြည့်တာ အဆင်ပြေသွားတယ်။ ဒါကြောင့် window 7 32 bit (86 bit ) OS သုံးထားတဲ့ သူငယ်ချင်းများ Linux Ubuntu တင်လို့မရခဲ့ရင် အောက်ပါအတိုင်း Shrink Volume ဖန်းတီပြီ တင်ရအောင် လုပ်ဆောင်ရပါမည်.။

1. Start >> My computer ကို Right click ထောက်ပြီ Manage ကို Click လိုက်ပါ။
2. Storage အောက်က Disk Management ကို click လိုက်ပါ။ မိမိ Shrink Volume လုပ်မည့် Drive တစ်ခု ပေါ်မှာ Right click ထောက်ပြီ Shrink Volume ဆိုတာကို click လိုက်ပါ။



3. Shrink Box ကျလာပါမည်။ ဥပမာ- မိမိ မှုလ Hard Disk က 80 Gb ရှိတယ်ဆိုပါဆို မိမိက Linux တင်ဖို့ အတွက် 40 Gb ခွဲထုတ်မယ်ဆိုရင် 1024 * 40=40960 ရလာတဲ့ ဂဏန်းကို Enter The amount of space to shrink in MB မှာ ရိုက်ထည့်လိုက်ပါ။ပြီရင်တော့ Shrink ကို Click ပေးလိုက်ပါ။



4. Shrink ကိုနိုမ့်လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Right click ထောက်ပြီ New Simple Volume ကို click လိုက်ပါ။



5. Next ကို ထပ် click လိုက်ပါ။




6. မိမိတို့ ရိုက်ခဲ့တဲ့ ဂဏန်းကို တွေ့ရပါမည်။ Next ကိုဘဲ click လိုက်ပါ။



7. ဒီနေရာမှာ မိမိက Driver Letter ကို မိမိကြိုက်နှစ်သက်ရာ ထားချင်တယ်ဆိုရင် ရွေးချယ်လိုက်ပါ။ မထားချင်ဘူး ဆိုရင်လည် Next ကို နိုမ့်လိုက်ပါ။ နောက်မှ Drive Letter ကို ပြန်ပြောင်းလဲ ရပါတယ်။



8. Format This Volumes With the Following Setting မှာ File System မှာ NTFS ဖြစ်နေပါမည်။ မဖြစ်က ပြောင်းပေးလိုက်ပါ။ အခုနောက်ပိုင်းမှာ OS တွေမှာ NTFS ဘဲ သုံးပါသည်။ ( NTFS နဲ့ FAT အကြောင်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ) Allocation unit size မှာ Default ဖြစ်နေပါမည်။ ဒီတိုင် ထားလိုက်ပါ။ Volume Label မှာ Ubuntu လို့ရိုက်လိုက်ပါ။ မရိုက်လဲ ရပါသည်။ ကွဲပြားအောင် ရေးလိုက်တာပါ။ ပြီရင် Next ကို click လိုက်ပါ။



9. ပြီးရင်တော့ Finish ကို click လိုက်ပါ။ ဒါဆိုရင် မိမိ တည်ဆောက်ခဲ့တဲ့ Shrink volume ကို Format ရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင် Wubi ကို Run ပြီ Ubuntu ကို Install လုပ်လိုက်ပါ။ ဘာပြဿနာမှ မတက်ဘဲ Linux ကို တင်နိုင်ပါပြီ။ (မှတ်ချက်။ ၊။Wubi နဲ့ Ubuntu Install လုပ်နည်းကို နောက် Post နဲ့ တင်ပေးပါမည်။ )အောက်မှာ Format ရိုက်ပြီတာကိုကြည့်လိုက်ပါ။ )

Tuesday, November 2, 2010

Driver Icon တွေကို Software မသုံးဘဲ ချိန်းလို့ရလာခင်ဗျာ။

ကျတော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ အခုလို နည်းလေးကို တင်ပြပေးရတာကလဲ မေးလာလို့ပါ။ နောင်တော် ညီတော်များရဲ့ ဆိုဒ်များမှ ရေးပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို လာမေးတဲ့ သူငယ်ချင်းလိုဘဲ မသိသေးတဲ့ သူငယ်ချင်းများ ကျွန်တော်ဆိုဒ်ကို ပုံမှန်အားပေးနေသော သူငယ်ချင်းများ မသိခဲ့ရင် Software မလိုဘဲ သုံးလို့ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။ ( Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။



4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။

Monday, November 1, 2010

ရုပ်ဆိုးကျည်းတန် သူများအတွက် မက်(စ်) Os X Snow Leopard



ကျွှန်တော်တို့ Window 7 မှာ Window 7 အသွင်အပြင် သာမက နောက်ထပ် Window အသွင်အပြင်ပါ ထပ်သုံးချင်သူ များအတွက် မက်(စ်) Os X Snow Leopard လေးက မိတ်ဆွေတို့ကို ကူညီပါလိမ့်မယ်။ သူက Software ရမ်းလိုက်တာနဲ့ တခြား Window အသစ်တခု သုံးနေရတဲ့ ခံစားမှူမျိုး မိတ်ဆွေတို့ကို ပေးစွမ်းနိုင်ပါတယ်။ Window 7 ရဲ့ လုပ်ဆောင်ချက် လေးတွေအပြင် မက်(စ်)OX ရဲ့ အသွင်အပြင် ကိုပါခံစား လို့ရစေတာကြောင့် အလှအပ ကြိုက်နှစ်သက် သူများခံစား လို့ရစေဖို့ ဝေမျှပေးလိုက် ပါတယ်။ သူ့အတွက် Ico လှလှလေးတွေပါ တခါတည်း ဝေမျှလိုက်ပါတယ်။ လုပ်နည်းလေးက Software လေးရမ်း ရင် Click လေးနှစ်ချက် လောက်နှိပ်ပေး ရုံနဲ့ Restart ကျပီး ပြန်တက်လာတာနဲ့ Mac OX ရဲ့ အသွင်အပြင်လေးကို စတင် ခံစားနိုင်တာမို့ အသေးစိတ် မရှင်းပြတော့ပါဘူး။ ကိုယ်တိုင်လုပ်ပီး ခံစားကြည့်ကြပါ။

download

Monitor Off ကို Software နဲ့လုပ်ကြည့်ခြင်း


ကျွှန်တော်တို့ တခါတလေ ကွန်ပျူတာမှာ သီချင်းနားထောင်ရင်း အိပ်ချင်တာပဲ ဖြစ်ဖြစ် Download ဆွဲရင်း ပဲဖြစ်ဖြစ် ကိုယ်က Monitor ကို ပိတ်ထားချင် တဲ့အခါ PC မှာဆို သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့ Toshibaလို Laptop တွေကျတော့ Monitor ပိတ်ဖို့ကို ခလုပ်က ပျောက်နေတဲ့ အခါမျိုးမှာ Window မှာပါတဲ့ Tools နဲ့လုပ်လို့ ရသလို အလွယ်တကူ လုပ်ချင်သူများ အတွက် Software လေးနဲ့ သုံးလို့ရတဲ့ အကြောင်း ဝေမျှလိုက်ပါတယ်။ လိုသလို အသုံးပြူကြပါ။ သူ့ကိုတော့ Monitor Off လို့ခေါ်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ ဘယ်နှစ်စက္ကန့် အတွင်း Monitor ကို ပိတ်ချင်သလဲ မိမိစိတ်တိုင်းကျ သတ်မှတ် ပေးလိုက်ပေါ့။ လုပ်နည်းကိုတော့ အသေးစိတ် မရှင်းပြတော့ဘူးနော် ကိုယ်တိုင်သာ ကလိကြည့်ကြပါ။ အားလုံးအဆင် ပြေကြမှာပါ။ ( Power option မှာ လုပ်ဆောင်နိုင်ပါတယ်။ အရင် Post များတွင် ရှာဖတ်ပါ။)
Download

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes