About

Wednesday, November 3, 2010

ပန်းလိပ်ပြာ


ပန်းလိပ်ပြာ

ရင်မှာကြည်နူး လုံးလထူးဖြင့်
တူးကာမြေဆွ မျိုးစေ့ချသည်
လန်းလှပန်းပင် ကြီးမြန်ရှင်ဖို့ ……..

နေ့စဉ်ရက်ဆက် အားမာန်တက်စွာ
ဖျဉ်းပက်ရေကြည် ပင်နန်းဆီမှာ
ဝေစည်ပန်းစုံ ဖူးပွင့်ဖို့ ………

သြဇာမြေဆွေး မြေတောင်ပေးကာ
အသွေးရောင်တင့် ပင်ယံမြင့်မှာ
ပွင့်သောပန်းတိုင်း မွှေးစေဖို့ ……….

ယုယမြတ်နိုး ပန်းကိုပျိုးသည်
တန်းဖိုးကြီးမား တနည်းအားဖြင့်
စီးပွားရှာဖို့ မမှန်းပါ………

လန်းပွင့်စေကြောင်း ရေကြည်လောင်းတာ
ပန်းကောင်းညွတ်ကျိုး အရုပ်ဆိုးအောင်
ချိုးယူပန်လို့ မမြန်းပါ……….

မြေဆီသြဇာ ကျွေးပြီးကာမှ
မာလာပန်းခတ် နွမ်းကြွေသက်အောင်

သြော်………..
ပန်းနှင့်လူသား နှစ်ဦးကြားဝယ်
ထူးခြားလွန်းတင် သံယောဇဉ်ကို
ဘ၀မှန်းဆ မြင်စမ်းကြလျှင်
ဘ၀ရေစက် ဆိုရခက်သည့်
ပန္နက်သစ္စာ ခိုင်မာအထု
သမုဒယနယ် ပန်းမြိုင်လယ်က
နှစ်သွယ်မေတ္တာ ချစ်ကမ္ဘာသည်
အတွယ်အတာ ပန်းလိပ်ပြာ………. ( အရှင်ဥတ္တရ)

Window 7 မှာ Linux တင်လို့မရတဲ့ ပြဿနာ

Window 7 မှာ Linux Ubuntu တင်လို့မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ ကျွန်တော် အရင်ကတော့ Windows XP မှာ တင်ပြီ သုံးနေတာပါ။ မေးတဲ့ သူက Window 7 ဆိုလို့ ကျွန်တော့ သူငယ်ချင်း စက်မှာ ပထမ တင်ကြည့်ပါတယ်။ ဒါပေမဲ့ တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ OS က 32 bit ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒါနဲ့ 64 bit မှာတင်ကြည့်တော့ အဆင်ပြေသွားပါတယ်။ ဒါနဲ့ ကျွန်တော်စက်မှာဘဲ 32 bit နဲ့ တင်လို့ရအောင် ကြိုစားကြည့်တာ အဆင်ပြေသွားတယ်။ ဒါကြောင့် window 7 32 bit (86 bit ) OS သုံးထားတဲ့ သူငယ်ချင်းများ Linux Ubuntu တင်လို့မရခဲ့ရင် အောက်ပါအတိုင်း Shrink Volume ဖန်းတီပြီ တင်ရအောင် လုပ်ဆောင်ရပါမည်.။

1. Start >> My computer ကို Right click ထောက်ပြီ Manage ကို Click လိုက်ပါ။
2. Storage အောက်က Disk Management ကို click လိုက်ပါ။ မိမိ Shrink Volume လုပ်မည့် Drive တစ်ခု ပေါ်မှာ Right click ထောက်ပြီ Shrink Volume ဆိုတာကို click လိုက်ပါ။



3. Shrink Box ကျလာပါမည်။ ဥပမာ- မိမိ မှုလ Hard Disk က 80 Gb ရှိတယ်ဆိုပါဆို မိမိက Linux တင်ဖို့ အတွက် 40 Gb ခွဲထုတ်မယ်ဆိုရင် 1024 * 40=40960 ရလာတဲ့ ဂဏန်းကို Enter The amount of space to shrink in MB မှာ ရိုက်ထည့်လိုက်ပါ။ပြီရင်တော့ Shrink ကို Click ပေးလိုက်ပါ။



4. Shrink ကိုနိုမ့်လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Right click ထောက်ပြီ New Simple Volume ကို click လိုက်ပါ။



5. Next ကို ထပ် click လိုက်ပါ။




6. မိမိတို့ ရိုက်ခဲ့တဲ့ ဂဏန်းကို တွေ့ရပါမည်။ Next ကိုဘဲ click လိုက်ပါ။



7. ဒီနေရာမှာ မိမိက Driver Letter ကို မိမိကြိုက်နှစ်သက်ရာ ထားချင်တယ်ဆိုရင် ရွေးချယ်လိုက်ပါ။ မထားချင်ဘူး ဆိုရင်လည် Next ကို နိုမ့်လိုက်ပါ။ နောက်မှ Drive Letter ကို ပြန်ပြောင်းလဲ ရပါတယ်။



8. Format This Volumes With the Following Setting မှာ File System မှာ NTFS ဖြစ်နေပါမည်။ မဖြစ်က ပြောင်းပေးလိုက်ပါ။ အခုနောက်ပိုင်းမှာ OS တွေမှာ NTFS ဘဲ သုံးပါသည်။ ( NTFS နဲ့ FAT အကြောင်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ) Allocation unit size မှာ Default ဖြစ်နေပါမည်။ ဒီတိုင် ထားလိုက်ပါ။ Volume Label မှာ Ubuntu လို့ရိုက်လိုက်ပါ။ မရိုက်လဲ ရပါသည်။ ကွဲပြားအောင် ရေးလိုက်တာပါ။ ပြီရင် Next ကို click လိုက်ပါ။



9. ပြီးရင်တော့ Finish ကို click လိုက်ပါ။ ဒါဆိုရင် မိမိ တည်ဆောက်ခဲ့တဲ့ Shrink volume ကို Format ရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင် Wubi ကို Run ပြီ Ubuntu ကို Install လုပ်လိုက်ပါ။ ဘာပြဿနာမှ မတက်ဘဲ Linux ကို တင်နိုင်ပါပြီ။ (မှတ်ချက်။ ၊။Wubi နဲ့ Ubuntu Install လုပ်နည်းကို နောက် Post နဲ့ တင်ပေးပါမည်။ )အောက်မှာ Format ရိုက်ပြီတာကိုကြည့်လိုက်ပါ။ )

Tuesday, November 2, 2010

Driver Icon တွေကို Software မသုံးဘဲ ချိန်းလို့ရလာခင်ဗျာ။

ကျတော်တို့ မိမိစက်ထဲမှာ ရှိတဲ့ Drive တွေကို မိမိကြိုက်တဲ့ Icon လေးတွေ ပြောင်းချင်သူများ အတွက် Software မသုံးဘဲ ပြောင်းလို့ရတဲ့ နည်းလေးကို ဝေမျှလိုက်ပါတယ်။ အခုလို နည်းလေးကို တင်ပြပေးရတာကလဲ မေးလာလို့ပါ။ နောင်တော် ညီတော်များရဲ့ ဆိုဒ်များမှ ရေးပြီးလောက်ပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကို လာမေးတဲ့ သူငယ်ချင်းလိုဘဲ မသိသေးတဲ့ သူငယ်ချင်းများ ကျွန်တော်ဆိုဒ်ကို ပုံမှန်အားပေးနေသော သူငယ်ချင်းများ မသိခဲ့ရင် Software မလိုဘဲ သုံးလို့ရအောင်ပါ။ ကျေးဇူးတင်ပါတယ်။ ( Windows XP, Vista , Windows 7 အားလုံး အလုပ်လုပ်သည်။)
လုပ်နည်း
1. Start >> Run >> Notepad လို့ရိုက်ပြီ Enter ခေါက်ပါ။
2. Notepad ထဲမှာ အောက်က စာကြောင်းလေး နှစ်ကြောင်းကို ရေးရပါမည်။ ကျွန်တော် အနီရောင်နဲ့ ပြထားတဲ့ နေရာမှာ မိမိကြိုက်နှစ်သက်ရာ icon ပုံရဲ့ Name ကိုပြောင်းလဲပေးရပါမည်။ ပြီးရင် Autorun.inf လို့ Save လိုက်ပါ။

[autorun]
ICON=D.ICO



3. ပြီရင် မိမိ Files Names ထည့်ခဲ့တဲ့ ပုံကို မိမိပြောင်းစေချင်တဲ့ Drives ထဲမှာ ထည့်ထားလိုက်ပါ။ တနည်းအားဖြင့် Notepad နဲ့ ဖန်းတီခဲ့တဲ့ ဖိုင်လေးရယ် မိမိပြောင်းချင်တဲ့ ပုံလေးရယ်ကို မိမိပြောင်းချင်တဲ့ Drives ထဲမှာ Saves လိုက်ပါ။



4. အားလုံးပြီးတာနဲ့ Restart ချလိုက်ပါ။ အောက်ပါအတိုင်း ပြောင်းသွားတာကို တွေ့ရပါမည်။

Monday, November 1, 2010

ရုပ်ဆိုးကျည်းတန် သူများအတွက် မက်(စ်) Os X Snow Leopard



ကျွှန်တော်တို့ Window 7 မှာ Window 7 အသွင်အပြင် သာမက နောက်ထပ် Window အသွင်အပြင်ပါ ထပ်သုံးချင်သူ များအတွက် မက်(စ်) Os X Snow Leopard လေးက မိတ်ဆွေတို့ကို ကူညီပါလိမ့်မယ်။ သူက Software ရမ်းလိုက်တာနဲ့ တခြား Window အသစ်တခု သုံးနေရတဲ့ ခံစားမှူမျိုး မိတ်ဆွေတို့ကို ပေးစွမ်းနိုင်ပါတယ်။ Window 7 ရဲ့ လုပ်ဆောင်ချက် လေးတွေအပြင် မက်(စ်)OX ရဲ့ အသွင်အပြင် ကိုပါခံစား လို့ရစေတာကြောင့် အလှအပ ကြိုက်နှစ်သက် သူများခံစား လို့ရစေဖို့ ဝေမျှပေးလိုက် ပါတယ်။ သူ့အတွက် Ico လှလှလေးတွေပါ တခါတည်း ဝေမျှလိုက်ပါတယ်။ လုပ်နည်းလေးက Software လေးရမ်း ရင် Click လေးနှစ်ချက် လောက်နှိပ်ပေး ရုံနဲ့ Restart ကျပီး ပြန်တက်လာတာနဲ့ Mac OX ရဲ့ အသွင်အပြင်လေးကို စတင် ခံစားနိုင်တာမို့ အသေးစိတ် မရှင်းပြတော့ပါဘူး။ ကိုယ်တိုင်လုပ်ပီး ခံစားကြည့်ကြပါ။

download

Monitor Off ကို Software နဲ့လုပ်ကြည့်ခြင်း


ကျွှန်တော်တို့ တခါတလေ ကွန်ပျူတာမှာ သီချင်းနားထောင်ရင်း အိပ်ချင်တာပဲ ဖြစ်ဖြစ် Download ဆွဲရင်း ပဲဖြစ်ဖြစ် ကိုယ်က Monitor ကို ပိတ်ထားချင် တဲ့အခါ PC မှာဆို သိပ်ပြဿနာ မရှိပါဘူး။ ဒါပေမယ့် တချို့ Toshibaလို Laptop တွေကျတော့ Monitor ပိတ်ဖို့ကို ခလုပ်က ပျောက်နေတဲ့ အခါမျိုးမှာ Window မှာပါတဲ့ Tools နဲ့လုပ်လို့ ရသလို အလွယ်တကူ လုပ်ချင်သူများ အတွက် Software လေးနဲ့ သုံးလို့ရတဲ့ အကြောင်း ဝေမျှလိုက်ပါတယ်။ လိုသလို အသုံးပြူကြပါ။ သူ့ကိုတော့ Monitor Off လို့ခေါ်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ ဘယ်နှစ်စက္ကန့် အတွင်း Monitor ကို ပိတ်ချင်သလဲ မိမိစိတ်တိုင်းကျ သတ်မှတ် ပေးလိုက်ပေါ့။ လုပ်နည်းကိုတော့ အသေးစိတ် မရှင်းပြတော့ဘူးနော် ကိုယ်တိုင်သာ ကလိကြည့်ကြပါ။ အားလုံးအဆင် ပြေကြမှာပါ။ ( Power option မှာ လုပ်ဆောင်နိုင်ပါတယ်။ အရင် Post များတွင် ရှာဖတ်ပါ။)
Download

Power နဲ့ ဆိုင်တဲ့ Button များကို နားလည်ကြည့်ခြင်း

ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။ ဒါကြောင့် ဒီ Button တွေကို နားလည်းစေချေင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။ သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။



Screensaver and Sleep

Screensaver နဲ့ Sleep တို့က အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။ ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7 မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့ အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

Sleep ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ် စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sleep က Ram ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာဆိုရင် Sleep လုပ်ထားခဲ့ရင် သူက Power(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်လိုက်တာ မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ် လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sleep လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sleep လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor , Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။

Hibernation & Shutdown

Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့ နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင် လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။

Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။

Vista မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။ ကျတော်တို့ Window Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

Switch User & Lock

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့ ကောင်လေးတွေပါ။
Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)


Logoff & Restart

Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့ နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)





McWiLL (Multi Carrier Wireless information Local Loop)

Yatanarpon Teleport Co., Ltd မှ McWiLL (Multi Carrier Wireless information Local Loop) ဆိုသည့် မိုဘိုင်းတယ်လီဖုန်းမျိုးဆက် 3.5 Generation (3.5G) ကြိုးမဲ့ Wireless တယ်လီဖုန်းစနစ်ကို အများပြည်သူတို့  အား ကျပ်ငွေ ငါးသိန်း (၅၀၀ ၀၀၀) ဖြင့် မကြာမီချထားပေးတော့မည်ဖြစ်သည်။ အဆိုပါစနစ်သည် Voice နှင့် Internet အား အဓိက၀န်ဆောင်မှုပေးမည့် မိုဘိုင်းတယ်လီဖုန်းစနစ် ဖြစ်ပြီး 400 MHz frequency ကို အသုံးပြုထားပြီး ITU – M1801 ရရှိထားသောစနစ်ဖြစ်ပါသည်။
အဆိုပါစနစ်တွင် Internet (Broadband Data), Voice, Fax, SMS, Radio Trunking (PTT), Voice (Video on Demend), Multimedia and Entermainment စသည်တို့ ကို ရရှိနိုင်မည်။ Voice, Internet, Video စသည့် Triple Play Services အသုံးပြုနိုင်သောကြောင့် e-Government, Remote education, Telemedicine, Emergency handling, e-Payment, Mobile Police, Video Surveillance, Military Applications စသည့် အထူးဝန်ဆောင်မှုများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
McWiLL Terminal (CPE) တစ်ခုကို သုံးပြီး Voice, Data, Fax, Internet, Video on Demand စသဖြင့် Multi Service များကို သုံးစွဲနိုင်ပါသည်။ RJ 11 port, USB port နှင့် LAN port များပါရှိပြီး RJ 11 port တွင် Phone, Fax များကို ချိတ်ဆက် အသုံးပြုနိုင်မည်။ Data နှင့် Internet Access အတွက် USB port နှင့် LAN port များတွင် USB cable (or) LAN cable ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Wireless Access အတွက် WiFi နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် (၅၀)ကျပ် ဖြစ်ပြီး Data အသုံးပြုခြင်းအတွက် ၁ မိနစ် လျှင် (၃)ကျပ် ကျသင့်မည်ဖြစ်သည်။ ငွေကြေးကောက်ခံရာတွင် သီးခြား IN စနစ်မလိုဘဲ ၀န်ဆောင်မှုအားလုံးအတွက် Postpaid နှင့် Prepaid (Topup Card) Billing နှစ်မျိုးလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။

McWiLL ၏ အားသာချက်များ
• Internet Access မှာ Broadband ကြိုးမဲ့စနစ် 3.5G Soft Switch IP Base, NGN (Next Generation Network) ဖြစ်ခြင်း။
• Internet Access အတွက် Laptop, PC စသည်တို့ နှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်သည့် USB port, LAN port များပါရှိပြီးအချို့ Handset များတွင် Dual Mode သာမက Internet အား Handset ပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်ခြင်း။
• McWiLL Phone (or) Terminal တစ်လုံးရှိရုံဖြင့် Voice, Fax, Internet, Video, Multimedia စသည့် ၀န်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း။
• SIM card သုံးရန်မလိုဘဲ UID card နှင့် Intelligent IP Password ကိုသုံးထားသောကြောင့် မိမိဖုန်းပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားပါက Handset အသစ်တွင် မိမိ UID နှင့် Password ကို ပြန်ရိုက်ထည့်ခြင်းဖြင့် မိမိဖုန်းအား ပြန်လည်ရယူနိုင်ခြင်း။ (ထိုသို့ အသစ်ပြန်ထည့်လျှင် ပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားသော Handset ရှိ UID နှင့် Password အား အလိုလို ဖျက်သွားပါမည်။)






Source : Myanmar IT Resource

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes