About

Monday, November 1, 2010

Power နဲ့ ဆိုင်တဲ့ Button များကို နားလည်ကြည့်ခြင်း

ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။ ဒါကြောင့် ဒီ Button တွေကို နားလည်းစေချေင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။ သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။



Screensaver and Sleep

Screensaver နဲ့ Sleep တို့က အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။ ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7 မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့ အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

Sleep ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ် စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sleep က Ram ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာဆိုရင် Sleep လုပ်ထားခဲ့ရင် သူက Power(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်လိုက်တာ မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ် လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sleep လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sleep လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor , Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။

Hibernation & Shutdown

Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့ နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင် လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။

Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။

Vista မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။ ကျတော်တို့ Window Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

Switch User & Lock

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့ ကောင်လေးတွေပါ။
Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)


Logoff & Restart

Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့ နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)





McWiLL (Multi Carrier Wireless information Local Loop)

Yatanarpon Teleport Co., Ltd မှ McWiLL (Multi Carrier Wireless information Local Loop) ဆိုသည့် မိုဘိုင်းတယ်လီဖုန်းမျိုးဆက် 3.5 Generation (3.5G) ကြိုးမဲ့ Wireless တယ်လီဖုန်းစနစ်ကို အများပြည်သူတို့  အား ကျပ်ငွေ ငါးသိန်း (၅၀၀ ၀၀၀) ဖြင့် မကြာမီချထားပေးတော့မည်ဖြစ်သည်။ အဆိုပါစနစ်သည် Voice နှင့် Internet အား အဓိက၀န်ဆောင်မှုပေးမည့် မိုဘိုင်းတယ်လီဖုန်းစနစ် ဖြစ်ပြီး 400 MHz frequency ကို အသုံးပြုထားပြီး ITU – M1801 ရရှိထားသောစနစ်ဖြစ်ပါသည်။
အဆိုပါစနစ်တွင် Internet (Broadband Data), Voice, Fax, SMS, Radio Trunking (PTT), Voice (Video on Demend), Multimedia and Entermainment စသည်တို့ ကို ရရှိနိုင်မည်။ Voice, Internet, Video စသည့် Triple Play Services အသုံးပြုနိုင်သောကြောင့် e-Government, Remote education, Telemedicine, Emergency handling, e-Payment, Mobile Police, Video Surveillance, Military Applications စသည့် အထူးဝန်ဆောင်မှုများတွင်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
McWiLL Terminal (CPE) တစ်ခုကို သုံးပြီး Voice, Data, Fax, Internet, Video on Demand စသဖြင့် Multi Service များကို သုံးစွဲနိုင်ပါသည်။ RJ 11 port, USB port နှင့် LAN port များပါရှိပြီး RJ 11 port တွင် Phone, Fax များကို ချိတ်ဆက် အသုံးပြုနိုင်မည်။ Data နှင့် Internet Access အတွက် USB port နှင့် LAN port များတွင် USB cable (or) LAN cable ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။ Wireless Access အတွက် WiFi နှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် (၅၀)ကျပ် ဖြစ်ပြီး Data အသုံးပြုခြင်းအတွက် ၁ မိနစ် လျှင် (၃)ကျပ် ကျသင့်မည်ဖြစ်သည်။ ငွေကြေးကောက်ခံရာတွင် သီးခြား IN စနစ်မလိုဘဲ ၀န်ဆောင်မှုအားလုံးအတွက် Postpaid နှင့် Prepaid (Topup Card) Billing နှစ်မျိုးလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။

McWiLL ၏ အားသာချက်များ
• Internet Access မှာ Broadband ကြိုးမဲ့စနစ် 3.5G Soft Switch IP Base, NGN (Next Generation Network) ဖြစ်ခြင်း။
• Internet Access အတွက် Laptop, PC စသည်တို့ နှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်သည့် USB port, LAN port များပါရှိပြီးအချို့ Handset များတွင် Dual Mode သာမက Internet အား Handset ပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်ခြင်း။
• McWiLL Phone (or) Terminal တစ်လုံးရှိရုံဖြင့် Voice, Fax, Internet, Video, Multimedia စသည့် ၀န်ဆောင်မှုများကို အသုံးပြုနိုင်ခြင်း။
• SIM card သုံးရန်မလိုဘဲ UID card နှင့် Intelligent IP Password ကိုသုံးထားသောကြောင့် မိမိဖုန်းပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားပါက Handset အသစ်တွင် မိမိ UID နှင့် Password ကို ပြန်ရိုက်ထည့်ခြင်းဖြင့် မိမိဖုန်းအား ပြန်လည်ရယူနိုင်ခြင်း။ (ထိုသို့ အသစ်ပြန်ထည့်လျှင် ပြောင်းသုံး (သို့ မဟုတ်) ပျောက်ဆုံးသွားသော Handset ရှိ UID နှင့် Password အား အလိုလို ဖျက်သွားပါမည်။)






Source : Myanmar IT Resource

Sunday, October 31, 2010

Window 7 မှာ Restore Point လုပ်နည်း

ကျတော်အခု တင်ပြမယ့် နည်းလေးကတော့ Window 7 မှာ System Restore Point လုပ်တဲ့ နည်းလေးပါ။ ကျတော်က အခုလောလောဆယ် Window 7 သုံးနေတာမို့ Window 7 နဲ့ ပက်သက်တဲ့ အကြောင်းတွေ အများစု လေ့လောပီး ဝေမျှပေးပါမယ်။ Restore Point လုပ်ထားတဲ့ အတွက် ရလာမယ့် အကျိုးအပြစ် တွေကိုတော့ ကျွှန်တော့်အကို ကိုမိုးထက်မြင့်က Window XP အပိုင်းမှာ Restore လုပ်ရင် Window ကျတတ်သလား ဆိုတဲ့အပိုင်းမှာ ရှင်းပြထားခဲ့လို့ ကျတော်ဒီနေရာမှာ ထပ်ပီးမရှင်း တော့ပါဘူး။ တကယ်လို့ သီအိုရီပါ လေးပါ ဗဟုသုတအဖြစ် လေ့လာချင်ရင်တော့ ကျတော် ခုနပြောခဲတဲ့ ပို့စ်လေးကို ပြန်ဖတ်ပေးကြပါ။ ကျတော်ကတော့ အခု Window 7 မှာ Restore Point လုပ်နည်းလေး ပဲတင်ပြပေးပါ့မယ်။
ကျတော်လုပ်လို့ ရတဲ့နည်းလေးတွေ ထဲက (၂)နည်းလောက်ဝေမျှ ပေးလိုက်ပါ့တယ်။ ကြိုက်နှစ်သက်တဲ့ နည်းနဲ့ အဆင်ပြေသလို ကြည့်လုပ်ကြပါ။

ပထမနည်း
1. My Computer ကို Right Click ထောက်ပီး Open နဲ့ ဖွင့်လိုက်ပါ။ ကျလာတဲ့ Box ကလေးကနေ System Protection အပိုင်းကို သွားလိုက်ပါ။


2.System Properties ဆိုတဲ့ အထဲက System Protection အပိုင်းကို သွားလိုက်ပါ။ Create a Restore Point ဆိုတဲ့ Box လေး ထပ်ကျလာပါ လိမ့်မည်။ ကျလာတဲ့ Box လေးထဲမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်တခုခု ရိုက်ထည့်ပေးပါ။



3.System Protection လုပ်နေတဲ့ Box လေး အခုလို ကျလာပါလိမ့်မည်။





4.နောက်ဆုံးမှာတော့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ Box လေး အခုလိုကျလာ ပါလိမ့်မည်။


ဒုတိယနည်း

ကျွှန်တော်ခုန တင်ပြခဲ့တဲ့နည်းက Window 7 မှာပါတဲ့ Tools လေးတွေကို အသုံးချခဲ့တဲ့ အပိုင်းပါ။ အခုဆက်ပီး Software လေးနဲ့ အလွယ်တကူ လုပ်ချင်သူများ အတွက် အဆင်ပြေအောင် Software နဲ့လုပ်နည်းလေးပါ တပါတည်း တင်ပြပေးလိုက် ပါတယ်။ လုပ်နည်းလေးက ရိုးစင်းလို့ ကျတော် ထပ်ပြီ မရှင်းတော့ပါဘူး။ Software နဲ့လုပ်ရင် တွေ့ရမယ့် ပုံလေးတွေကို ကျတော် အောက်မှာ ပြထားပေးပါတယ်။ အဆင်ပြေကြမှာပါ။



ဒီ Box လေးမှာ မိမိ ကြိုက်တဲ့ နာမည်လေး ရိုက်ပီး Create Restore Point ဆိုတာလေး လုပ်လိုက်တာနဲ့ အောက်မှာပြထားတဲ့ ပုံလေးလိုဘဲ အိုကေသွားပါပီ။





download

Saturday, October 30, 2010

USB မှ autorun.inf ကို ဘယ်လို ရှင်းမလဲ

ကျွန်တော်တို့ USB Drive မှ Autorun.inf virus အကိုက်ခံတဲ့ ဘယ်လို ရှင်းမလဲ ဆိုတာကို ပြီးကတဲ့ နေ့က မိတ်ဆွေတစ်ယောက် မေးတာကို ဖြေပေးခဲ့တာကို ဒီမှာ ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်က ဒီနည်းကို သင်ပြပေးခဲ့တာက ကျွန်တော် အကို ကိုရုပ်ဆိုးဖြစ်ပါတယ်။ ဒီနည်းကို ကျွန်တော် မိတ်ဆွေက မေးတော့ အတော်ဖြစ်သွားတာ ။ ဒါနဲ့ ဆိုဒ်မှာ တင်ပေးဖို့ပါ အကြံရလိုက်တယ်။ သူများ တင်ပေးပြီးသာဆိုလာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် သူငယ်ချင်းတွေ သတ်တဲ့ နည်းလေးကို ဆိုဒ်မှာ မရေးတင်ဘူးသေးလို့ တင်ပြပေးလိုက်တာ။ ပြောနေကျတယ်။ USB , CD, DVD တွေကနေ Autorun.inf virus ကိုက်ခဲ့လျင် အောက်ပါအတိုင်း သက်နိုင်ပါတယ်။ ဒါမျိုးတွေကို အတော်များများရေးပြီးကျပြီဆိုတာ သိတယ်။ သို့သော် ကျွန်တော် ဆိုဒ်မှာ လာလည်ကျတဲ့ သူတွေမှာ အခြေခံသမားတွေလည်ပါတယ်။ အတန်အသင့်သမားတွေလဲ ပါတယ်။ ကျွမ်းကျင်သမားတွေလည် ရောက်လာတက်တာရှိတယ်။ ဒါကြောင့် တင်လိုက်တယ်။ ဒါမျိုးမလုပ်ချင်လည် Software ပါ တင်ပေးလိုက်တယ်။

1. Safe mode ကို သွားဖို့ အတွက် မိမိ ကွန်ပျူတာကို Restart ချလိုက်ပါ။ Windows တက်နေတုန်းမှာ F8 key ကို နိုပ့်ပေးထားပါ ။ အောက်က ပုံကိုကြည့်ပါ။




2. Start >> Run >> cmd လို့ ရိုက်ပြီ command prompt ကို ဖွင့်လိုက်ပါ။

Cd X: ( x = မိမိ အသုံးပြုမည့် Drive Name ကို ရိုက်ပါ။ ) ရိုက်ပြီ Enter ခေါက်ရမှာဖြစ်ပါတယ်။ ( သို့မဟုတ်)
Cd\ ဆိုပြီ root directory ကို သွားရမှာဖြစ်ပါတယ်။

3. ပြီတာနဲ့ autorun file ရဲ့ attributes ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ အောက်မှာကြည့်ပါ။ cmd မှာ အောက်က attribute ကို အရင်ရိုက်ပါ။
Attrib –h –r –s autorun.inf


ရှင်းလင်းချက်

-h = remove Hidden property
-r= remove Read only property
-s=remove System files property

အဲ့ဒီလို ရိုက်ပြီးတာနဲ့ files ကို Delete ရမှာဖြစ်ပါတယ်။ cmd မှာအောက်က code ကို ထပ်ရိုက်ရမှာဖြစ်ပါတယ်။

Del –h –r –s autorun.inf

ပြီးတာနဲ့ မိမိ computer ကို Restart ချလိုက်တာနဲ့ မိမိ လုပ်ခဲ့တဲ့ Drive ကို open နိုင်ပါပြီ။


ှSoftware
Software သမားတွေအတွက် ကြိုတင်ကာကွယ်ပေးမည့် Panda USB Vaccine users လေးနဲ့ တင်ပြပေးလိုက်တယ်။ Software အကြောင်းအကြမ်းဖျင်းပြောပြမယ်။ သူ့မှာ အပိုင်းနှစ်ပိုင်း ပါဝင်တယ်။

Computer Vaccination

သူကတော့ ဘယ်လို CD/DVD Drive နဲ့ USB Drive တွေရဲ့ autorun ကိုမဆို Disable လုပ်ပေးတဲ့နေရာမှာ အသုံးပြုပေးတဲ့ Tool ဖြစ်တယ်။။ တကယ်အသုံးတဲ့ပါတယ်။

USB Drive Vaccination

သူ ကတော့ malware တွေရဲ့ auto ဖြန့်ဝေမှု့တွေကို ကာကွယ်ဖို့အတွက် USB Drive တွေကို Autorun.inf တွေကို Disable ပေးနိုင်ပါတယ်။ ဒါကြောင့်အသုံးတည့်လှပါတယ်။USB Drive ထဲမှာ autorun.inf ဖိုင်ကို Create, Read, Modifies, Delete လုပ်လို့မရအောင် ကာကွယ်ပေးပါတယ်။

ဒီဆော့ဝဲလ်ကို Install လုပ်စဉ်မှာ Automatically Vaccinate ကိုရွေးပေးခဲ့မယ်ဆိုရင် USB Drive ကို တပ်လိုက်တိုင်း Vaccination လုပ်ပေးမှာဖြစ်ပါတယ်။ ဒီလို Vaccination လုပ်ထားတဲ့ USB Drive ကို autorun တွေ အလုပ် လုံးဝ မလုပ်နိုင်တော့ပါဘူး။ အကျယ်တော့ ကိုယ်တိုင်သာလေ့လာပေးတော့။

Download

မှတ်စရာတွေများလို့ ခေါင်းရှူပ်နေပါသလား


ကျွန်တော်တို့ Folder တွေထဲမှာ မိမိတို့သိမ်းဆည်း ထားချင်တဲ့ Data တွေကို အများကြီးစုပီး သိမ်းထားတဲ့အခါ တခါတလေမှာ Data တွေကို ဘယ် Folder ထဲမှာ ထားမိမှန်း မသိဘဲ ရှာရတာကြာနေ တတ်ပါတယ်။ Folder မှာ Rename ပေးပြီ ထားလည်းရတာဘဲ လို့ပြောစရာရှိပါတယ်။ ဒါပေမယ့် Folder တွေထဲမှာ Folder တွေအများကြီး ထပ်ထည့်ပြီ ထားတဲ့အခါ Folder တွေ တခုချင်းလိုက် ဖွင့်နေရတော့ အချိန်ကြာတာပေါ့။ Note ကလေး ဖတ်လိုက်တာနဲ့ ဘယ် Folder ထဲမှာ ဘာတွေရှိသလဲ ဆိုတာ သိရရင် ဖွင့်ပြီရှာနေ စရာမလို တော့ဘူးပေါ့။ နောက်ထပ်လည်း မိမိတို့လိုတဲ့ နေရာမှာလိုသလို သုံးကြဖို့ ဝေမျှလိုက်ပါတယ်။ ဆော့ဝဲလေးက သေးသေးလေးပါ။ သုံးရတာ မခက်ပါဘူး။ ဆော့ဝဲရမ်းပီးရင် မိမိမှတ်ချင်တဲ့ Folder ကို Right Click ထောက်ပြီ Note ကနေ မိမိရေးမှတ် ချင်တာတွေကို မှတ်ထားလို့ ရပါပြီ။ လွယ်လွန်လို့ အသေးစိတ် မတင်ပြတော့ဘူးနော် ။ ကိုင်တိုင်သာ စမ်းသပ်ကျပေးတော့။ :D


Download

Friday, October 29, 2010

cmd ကနေ Folder တွေ hide ချင်လို့ပါ။

ကျွန်တော်ကို C-Box မှာ မေးသွားတဲ့ မေးခွန်ကို ဖြေပေးလိုက်တာပါ။ cmd (Command Prompt ) ကနေ Folder တွေကို ဘယ်လို Hidden လုပ်လို့ရလဲ ဆိုတဲ့ မေးခွန်းကို ဖြေပေးလိုက်ပါတယ်။ ကျွန်တော် Folder တွေ hide နည်း၊ ဖျောက်နည်း ၊ password ပေးနည်း ၊ Access Deny လုပ်နည်းတွေကို အတော်များများ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုလို command prompt ကနေ လုပ်တဲ့ နည်းလမ်းကိုတော့ တင်ပြမပေးခဲ့ပါဘူး။ ဒီနေ့တော့ အမေးရှိလို့ တင်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ cmd ကနေ folder တွေကို Hidden လုပ်မယ်ဆိုရင် အောက်က DOS command နှစ်ခုကို သိရပါမည်။

Folder ကို Hide သည့်အခါတွင် အသုံးပြုတဲ့ command

Attrib +a +s +h Folder name ( မိမိ hide မည့် Folder Name )

Folder ကို unhide လုပ်တဲ့ အခါတွင် အသုံးပြုတဲ့ command

Attrib –a –s –h Folder name ( မိမိ unhide လုပ်မည့် Folder name )

အထက်ပါ Code ကို သိပြီဆိုရင် အောက်မှာ ကျွန်တော် အသေးစိတ် ထပ်ရေးပါအုံးမယ်။
  1. Start >> Run >> cmd စတဲ့ အတိုင်း သွားလိုက်ပါ။
  2. Cmd box ကျလာတာနဲ့ မိမိ hide ချင်တဲ့ folder ရှိတဲ့ partition name ကို ရိုက်ပါ။ ဥပမာ- (D) ထဲမှာ ရှိတဲ့ book ဆိုတဲ့ folder ကို hide ချင်တဲ့ ဆိုပါစို့။ D: လို့ရိုက် ပြီ Enter ခေါက်လိုက်ပါ။ အောက်က ပုံကိုကြည့်ပါ။
ကျွန်တော်တို့ ဒီတဆင့်မှာတော့ ကျွန်တော် အပေါ်မှာ တင်ပြခဲ့တဲ့ command နှစ်ခုကို အသုံးပြုရမှာ ဖြစ်ပါတယ်။
  • A. hide မည်ဆိုပါက Attrib +a +s +h Folder name ဖြစ်ပါတယ်။ ( ကျွန်တော်က Folder name နေရာမှာ ကျွန်တော် hide ချင်တဲ့ Book လို့ ပြောင်းရေးထားပါတယ်။ စာဖတ်သူ အနေနဲ့ မိမိ hide မည့် Name ကို ရေးပါ။ ပြီးတာနဲ့ Enter ခေါက်လိုက်ပါ။)
  • B. Unhide လုပ်မည်ဆိုပါက attrib –a –s –h Folder name ဖြစ်ပါတယ်။ ( ကျွန်တော်ကတော့ Folder name နေရာမှာ မှုလက hide ခဲ့တဲ့ book ကို ပြောင်းရေးရမှာဖြစ်ပါတယ်။ အောက်မှာကြည့်ပါ။) ပြီးတာနဲ့ Enter ခေါက်လိုက်ပါ။
  • C. ဒါဆိုရင် အားလုံးပြီးပါပြီ။ Exit ရိုက်ပြီ ထွက်လိုက်ပါ။ hidden ဖိုင်တွေကို ကြည့်နည်းကို ကျွန်တော် ညီလေး အေကေသီ ရေးခဲ့ပြီး ဖြစ်လို့ ပေါင်းစပ် လေ့လာ ကြည့်လိုက်ပါ။ ဒါဆို အကောင်းဆုံး အသုံးချတက်ပါအုံးမယ်။

မိတ်ဆက်ပေးခြင်း


မိုးထက်မြင့် ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများကို ကျွန်တော်ဆိုဒ်ကို ၀ိုင်းကူပြီ နည်းပညာတွေကို ရေးပေးမည့် ညီလေး အောင်ကျော်ထွန်း (ခ) အေကေတီနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော် မအားတဲ့ အခါ ကျွန်တော် မရေးနိုင်တဲ့ အချိန်အခါတွေမှာ မိုးထက်မြင့်ဆိုဒ် Up to date ဖြစ်နေစေဖို့ တာဝန်ယူပေးမှာဖြစ်ပါတယ်။ ဒီထက်မက တော်တော် ဆရာကြီးလည် ကျပါတယ်။ ကျွန်တော်တောင် ဆရာ တင်ထားရပါတယ်။ ဒါကြောင့် ကျွန်တော်ဆိုဒ်ကို လာလည်ကျသော သူငယ်ချင်းများ နည်းပညာ အသစ် အသစ်တွေကို အမြဲ လာရောက် ဖတ်ရှု့ကျပါလို့ ဖိတ်ခေါ်အပ်ပါတယ်။ လာရောက် ဖတ်သူများနှင့် ဝေဖန် အကြံပေးကျသော သူငယ်ချင်းများကိုလည် မိမိတို့ တက်သိ နားလည်းထားသော ပြဿနာများ နှင့် နည်းလမ်း နည်းနာ များကို မေးလ်ပို့ပြီးသော် လည်ကောင် comments ပေးပြီသော်လည်ကောင်း ဝေမျှ အကြံပေးနိုင်ပါတယ်။ အားလုံးကို လေးစာ ချစ်ခင်လျှက် ။


မိုးထက်မြင့် ( နည်းပညာ)

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes