About

Thursday, January 27, 2011

Browser မရှိဘဲ Website ကြည့်မယ်

ကျတော်ဒီနေ့ browser software မသုံးပဲ ဆိုဒ်တွေကို windows မှာပါတဲ့ tools လေးတွေနဲ့ ကြည့်လို့ရစေမယ့်နည်းလမ်းလေးတစ်ခု ဝေမျှချင်ပါတယ်။ ဒါပေမယ့် သူက Browser Software မဟုတ်တဲ့အတွက် ကျတော်တို့ လက်ရှိအသုံးပြူနေတဲ့ Browser တွေမှာ ရရှိနေတဲ့ (တစ်နည်းပြောရရင်) လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်မှူတွေကိုတော့ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မေ့ထားလို့မရပါဘူး။ ဆိုလိုတာကတော့ pageတွေကိုအများကြီး open link at a new tab တို့နဲ့ဖွင့်လို့ မရနိုင်တာမျိုး၊ ဒေါင်းလုပ်ချဖို့အတွက်ကို မလွယ်ကူတာမျိုးတွေပါ။ ဒါပေမယ့် youtube ဖွင့်ပြီးတော့ အရုပ်ရောအသံပါ ခံစားနိုင်တဲ့အတွက် စိတ်ဝင်စားစရာတော့ ကောင်းတာအမှန်ပါ။ အဓိကရည်ရွယ်တာကတော့ Windows မှာပါတဲ့ Tools လေးတွေကို ဘယ်လိုသုံးလို့ရနိုင်တယ် ဆိုတာလေးတွေကို သိစေချင်တဲ့အတွက် တတ်နိုင်သလောက် ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ မိမိတို့အဆင်ပြေသလို...

Sunday, January 23, 2011

Facebook Shortcuts

ကျွန်တော်ဒီနေ့ Facebook သုံးနေတဲ့ သူငယ်ချင်းများအတွက် Shortcut လေးတွေ တင်ပြပေးချင်ပါတယ်။ သိပြီးသား သူငယ်ချင်းများ အတွက်တော့ မရည်ရွယ်ပါဘူး။ Mouse သုံးရမယ့်နေရာ တစ်ခါတစ်လေ Keyboard shortcut လေးတွေနဲ့ မိမိလုပ်ချင်တာတွေ လုပ်ချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အဆင်ပြေစေမှာပါ။ • ALT + 0 – Help Center • ALT + 1 – Your Homepage Facebook • ALT + 2 – Your Profile • ALT + 3 – Recent Friendship Requests • ALT + 4 – Recent Messages • ALT + 5 – Latest Notifications • ALT + 6 – Your Account Settings • ALT + 7 – Privacy • ALT + 8 – Official Fan Page • ALT + 9 – Facebook Terms/ Agreements• ALT + m_ Compose a new Message• ALT +? _ Search Boxတစ်ခုရှိတာက အသုံးပြူနေတဲ့ Browser ပေါ်မူတည်ပြီး နှိပ်ရမယ့် Key လေးတွေ နည်းနည်း ကွဲပါတယ်။Firefox မှာဆိုရင် Shift+Alt+0 လို့...

Tuesday, January 18, 2011

Windows 7 Short Tools

Windows 7 မှာပါတဲ့ ထူးကဲတဲ့ shortcut ways လေးတွေပါ။ သိပြီးသား သူများအတွက် ကျွန်တော်မရည်ရွယ်ပါဘူး။ မသိသေးတဲ့ သူငယ်ချင်းများ၊ လိုအပ်မယ်ထင်တဲ့ သူငယ်ချင်းများ လိုသလို အသုံးပြူနိုင်အောင်သာ ဝေမျှလိုက်ခြင်း ဖြစ်ပါတယ်။ လေ့လာကြည့်လိုက် ကြပါဦး။1. Drag to Desktopတစ်ခါတစ်လေ အင်တာနက်မှာ သွားရင်းလာရင်း ပုံလှလှတွေ တစ်ပုံတစ်အောကြီး တွေ့တဲ့အခါ မိမိစက်ထဲမှာ သိမ်းထားချင်တတ်ကြပါတယ်။ အဲဒီအခါ တစ်ပုံချင်းကို Right Click နဲ့ တစ်ပုံချင်းသိမ်းတဲ့အခါ ပုံနည်းရင်တော့ ပြဿနာမရှိဘူးပေါ့။ ပုံများလာရင် စိတ်ညစ်မှာပေါ့။ ဒီလိုအခါမျိုးမှာဆို မြန်မြန်သိမ်းလို့ရအောင် ပုံလေးကို Click လေးထောက်ပြီး Desktop ပေါ်ဆွဲတင်လိုက်တာနဲ့ Desktop မှာ Safe ပြီးသား ဖြစ်သွားမှာပါ။ ကဲ ဘယ်လောက်မြန်လဲ။2. Extend Option in Send toနောက်တစ်ခုက Extend Option ကိုချဲ့ထွင်တဲ့ နည်းလမ်းလေးပါ။ မိမိတို့ သိမ်းချင်တဲ့...

Monday, January 17, 2011

Broadband Wireless Local Loop Connection အကြောင်း

Broadband Wireless Local Loop Connection ကတော့ အရင်ကတော့ အသုံးများခဲ့တဲ့ Broadband Connection အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ ADSL Broadband Connection ကိုမြန်မာနိုင်ငံမှာ အသုံးမပြုခင်တုံးက ဒီအမျိုးအစား Connection ကို အသုံးပြုရတာဖြစ်ပါတယ်။ Internet & e-mail Dial Up Services Connection အစား အဲဒီနေရာမှာအစားထိုးဝင်ရောက်လာတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ ဖုန်းလိုင်းမရှိရင်လဲအသုံးပြုနိုင်တဲ့ Connection အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Dial Up Connection အမျိုးအစားထပ် အဆပေါင်းများစွာကွာခြားတဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Connection အမျိုးအစားဆိုတဲ့အတိုင်း high speed; high internet connection ကိုပေးခဲ့တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ Broadband Wireless Local Loop Connection အမျိုးအစားမှာ Outdoor Unit နဲ့ Indoor Unit တို့ကိုအသုံးပြုထားတာဖြစ်ပါတယ်။...

Bat Files သင်ခန်းစာ (၇)

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့ ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကို ညွန်းချင်ပေမဲ့လည် လက်ရှိ ဆိုဒ်လိပ်စာကလည် မတွေ့တော့တာကြောင့် စာရေးသားသူအနေနဲ့ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့ ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် မသိမနားလည်ရင်တော့ မေးမြန်းနိုင်ပါတယ်။ အကျွမ်းကျင်ဆုံး အဆင့် မဟုတ်ပေမဲ့ တက်နိုင်သမျှ ရှင်းပြပေးပါမည်။ မှုရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။ဒီနေ့တော့ If ကဲ့သို့ပင် Condition စစ်သော Choice Command အကြောင်းရှင်းပြပေးပါ့မယ်။ ဒီတစ်ခေါက် Choice Command အကြောင်းကတော့ ဘာသာပြန်ထားပြီးတော့ ကျနော့်ရေးပုံရေးနည်းဘက်ကို နည်းနည်း ပြန်ပြောင်းထားပါတယ်။ မူရင်းရေးသားသူကတော့...

Friday, January 14, 2011

Cyberwidows (ကွန်ပျူတာမုဆိုးမများ)

စိတ်ပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်တဲ့ Netaholic ဆိုတာ အင်တာနက်စွဲလမ်းသူ ၊ အင်တာနက်ကို အလွန်အကျွံ သုံးစွဲ သူလို့ အဓိပ္ပါယ် ရပါတယ် ။ Netaholic ဆိုတာ ဆေးစွဲ သူ အရက်စွဲ တဲ့လူတွေ လိုမျိုးရောဂါတစ်ခုပါ ။ ဒါပေမဲ့ သူက ဆေးစွဲတာ ၊ အရက်စွဲတာတွေထက် ပိုပီး အဖြတ်ရခက်သလို စိတ်နဲ့သက်ဆိုင်နေတာ ဖြစ်တဲ့အတွက် ပိုပြီးသိမ့်မွေ့ပါတယ် ။ Netaholic ဖြစ်လာနိုင်တဲ့ လူတစ်ယောက်ရဲ့ ပထမဆုံး လက္ခဏာ တွေကတော့ …၁ ။ ကွန်ပျူတာကိုအသုံးပြုပြီး နက်ဝေါ့ခ် ထဲဝင်နေရင် တခါထိုင်ရင် ၅ နာရီအနည်းဆုံးထိုင်မယ် ။၂ ။ စားတာသောက်တာကအစ ကွန်ပြူတာရှေ့မှာ စားမယ် ။၃ ။ ကိုယ်ပတ်ဝန်းကျင်ကလူမှုရေး ကိစ္စ တွေကိုလျစ်လျူရှုထားမယ် ။ ဥပမာ မိဘညီိကိုမောင်နှမတွေ ဘာတွေပဲပြောနေပါစေ ဂရုမစိုက်တဲ့ ပုံစံမျိုးပေါ့ ။၎ ။ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ဂရုမစိုက်တော့ပဲ ဖြစ်သလိုနေထိုင်လာမယ် ။၅။ ကိုယ့်မေးဘောက်စ်ထဲမှာ မေးလ်ဝင်မလာသေးသည့်တိုင်အောင်...

Thursday, January 13, 2011

iPSTAR Broadband Connection အကြောင်း!!!

ဒီ Connection အမျိုးအစားကတော့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုသုံးပြီးတော့ Internet Connection ကော၊ ဖုန်းလိုင်း ကော နှစ်မျိုးလုံးအသုံးပြုနိုင်တဲ့ Connection အမျိုးအစားဖြစ်ပါတယ်။ iPSTAR Connection ကလဲ မြန်မာနိုင်ငံတွင် အသုံးပြုနေသော အင်တာနက်ဝန်ဆောင်မှုများအနက်မှ Broadband Connection အမျိုးအစားတစ်မျိုးလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ ဆက်သွယ်ရေးခက်ခဲတဲ့ နေရာဒေသတွေမှာ ဖုန်းလိုင်းအသုံးပြုချင်လို့ iPSTAR Connection ကိုအသုံးများကြတာဖြစ်ပါတယ်။ အရင်တုံးကတော့ အထက်တန်းကျောင်းတွေမှာ e-Learing အတွက်အသုံးပြုကြတယ်။ ကျိုက်ထီးရိုးဘုရားတောင်ပေါ်မှာတောင် iPSTAR ဖုန်းဆိုပြီးတော့ ၀န်ဆောင်မှုပေးတာတွေလဲ အရင်နှစ်တွေတုံးကတော့ ရှိခဲ့ဘူးတယ်။ (၂၀၀၀ခုနှစ် ကျော်လောက်ကထင်တယ်။ ပိုးကောင်လေးတို့ သွားတုံးက သတိထားမိတာပါ။ iPSTAR phone ဆိုပြီးတော့ ဖုန်းဆက်သွယ်အသုံးပြုနေတာကိုတွေ့ဘူးတယ်။)...

Wednesday, January 12, 2011

မြန်မာနိုင်ငံတွင်အသုံးပြုနေသော Internet Connection များအကြောင်း

ဆိုဒ်ကိုလာလည်ကြတဲ့ သူငယ်ချင်းများအတွက် ရောက်ပြန်မဖြစ်ရလေအောင် စာဖတ်သူများ အကျိုးရှိစေမယ့် အကြောင်းအရာလေးတွေ ကြိုးစားဝေမျှပေးလိုက်ပါတယ်။ ဒီအကြောင်းအရာလေး ကတော့ လက်ရှိမြန်မာပြည်မှာ အသုံးပြူနေကြတဲ့ အင်တာနက်ကွန်နက်ရှင် များအကြောင်းပါ။ ဒီအကြောင်းကို မြန်မာမိသားစုဖိုရမ်မှ ကိုပိုးကောင်လေး ရေးသားထားတာပါ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းများအတွက် ဖတ်ရတာ အရသာမပျက်အောင် မူလအတိုင်းဝေမျှလိုက်ပါတယ်။အားလုံးအတွက် ဗဟုသုတရအောင် နဲ့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ Internet Connection တွေအကြောင်းကို တစ်စုတစ်စည်းတည်း ဖြစ်အောင် ရည်ရွယ်ချက်နဲ့ ဒီပို့စ်လေးကိုရေးဖြစ်တာပါ။ အားလုံးလဲ သိပြီးသား ဖြစ်ချင်လဲဖြစ်မှာပါ။ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ Internet Connection က ဘာအမျိုးအစားတွေရှိတယ်။ ဘယ်လိုမျိုးအသုံးပြုနိုင်တယ် ဆိုတဲ့ ဗဟုသုတလေး ဖြစ်ဖြစ်ရအောင်ပါ။...

Saturday, January 1, 2011

မိုက်ခရိုဆော့လ် ၂၀၁၀ Activated

ကျွန်တော် အရင်က မိုက်ခရိုဆော့လ် ၂၀၁၀ ဖူးဘာရှင်း ဆိုပြီတင်ပေးခဲ့တယ်။ အဲ့ဒီမှာ ကျွန်တော် crash ကျန်ခဲ့တာ မသိလိုက်ဘူး။ ဒီနေ့မှ လာပြောလို့ ကျွန်တော် တင်ပေးလိုက်ပါတယ်။ အခုလို ကျန်ခဲ့လို့လဲ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်ကို မေးထားသော မေးခွန်းများ အားလုံးကိုလည် တခါတည် ပေါင်းဖြေပေးပါအုံးမယ်။ ချက်ချင်မဖြေပေးနိုင်တာ ခွင့်လွတ်ပါ။ ကျွန်တော် စာအုပ်ကောင်းတစ်အုပ် ဝေမျှ ပေးဖို့လည် ကြိုးစားရေးသားနေပါတယ်။ မှုလ တင်ပေးခဲ့တဲ့ မိုက်ခရိုဆော့လ်ဖိုင်တွေကို ဒီနေရာက သွားဒေါင်းလိုက်ပါ။ အဲ့ဒီနေရာကနေ ဒေါင်းပြီးသာနဲ့ အောက်မှာ ပေးထားတဲ့ crash ကို Run လိုက်တာနဲ့ အဆင်ပြေပါမည်။ ကျေးဇူးတင်ပါတယ်။ဒေါင်းလုပ် လုပ်...

Page 1 of 13112345Next
Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Top WordPress Themes