အချက်အလက်ပိုင်းဆိုင်ရာအန္တရာယ်မရှိအောင်ပြုခြင်းဆိုသည်မှာ အချက်အလက်များ နှင့် ယင်းတို့ကို ထောက်ပံ့ပေးသော တည်ဆောက်မှု အစိတ်ပိုင်းငယ်များကို မည်သည့်ဖြစ်ရပ်မျိုး၊ မနှစ်မြို့ဖွယ် တိုက်ခိုက်ထိုးနှက်မှုမျိုးများမှု ကာကွယ်ခြင်းပင်ဖြစ်သည်။ ၄င်းတိုက်ခိုက်မှုများသည် အဓိကအချက်အလက်များ သာမက ယင်းတို့ကို ကိုင်တွယ်ထားသော၊ ယင်းတို့ကို အထောက်အပံ့ပြုသော အပိုင်းငယ်များကိုပါ ပျက်စီးစေသည်။ အချက်အလက်ပိုင်းဆိုင်ရာ လုံခြုံမှု စီမံချက်များသည် ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းစေရုံမက ယင်းထိုးနှက်မှုများကိုပါ ကြိုတင်ခန့်မှန်း ကာကွယ်နိုင်ခြင်းများကိုပါ ပြုလုပ်နိုင်ပေသည်။သတင်းအချက်အလက် လုံခြုံမှုကို ဘယ်အရာတွေက ခြိမ်းခြောက်နေသလဲ။အချက်အလက်များ ပျက်စီးဆုံးရှုံးမှုများကို ဖြစ်စေနိုင်သော လုပ်ရပ်များကို အပိုင်းအနည်းငယ် ခွဲခြားနိုင်ပါသည်။၁။ မိမိကိုယ်တိုင် အသုံးပြုမှုများကြောင့် ဖြစ်လာသော ဖြစ်ရပ်များယင်းတွင် အောက်ပါ အကြောင်းအရာများ ပါဝင်သည်။...